• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ကျောကင်မရာ ၄ လုံး ပါ Vivo S6 5G စမတ်ဖုန်းကို တရုတ်မှာ မိတ်ဆက်

by Nigma
1 April 2020
in IT
A A
ကျောကင်မရာ ၄ လုံး ပါ Vivo S6 5G စမတ်ဖုန်း

ကျောကင်မရာ ၄ လုံး ပါ Vivo S6 5G စမတ်ဖုန်း

3.4k
VIEWS
Share on FacebookShare on Twitter

COVID 19- ကပ်ရောဂါဘေးကြောင့် ကမ္ဘာတဝန်း ဖုန်းရောင်းအား ကျဆင်းနေချိန်မှာ Vivo က “S6 5G” အမည်ရ ဖုန်းသစ်တလုံးကို တရုတ်နိုင်ငံမှာ အွန်လိုင်းကနေတဆင့် ယနေ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မြန်နှုန်းမြင့် 5G ကွန်ရက်သစ် အသုံးပြုနိုင်စွမ်း၊ အရည်အသွေးမြင့် 48MP ကျောကင်မရာ ၄ လုံး တို့အပြင် လူငယ်တွေအကြိုက် လုပ်ဆောင်ချက်များစွာ ပါဝင်ပါတယ်။ တန်ဖိုး ၃၈၀ ဒေါ်လာဈေးနဲ့ တရုတ်ပြည်တွင်းမှာ ဧပြီ ၃ ရက်နေ့ စတင် ရောင်းချသွားမှာပါ။

Vivo S6 5G ဖုန်းမှာ အရင်မော်ဒယ် S5 တုန်းက အသုံးပြုခဲ့တဲ့ စိန်ပွင့်ပုံစံ ကင်မရာဒီဇိုင်းကို ထပ်မံ အသုံးပြုထားခြင်းမရှိတာ တွေ့ရပါတယ်။ ကျောဘက်က စက်ဝိုင်းပုံစံ ကင်မရာအစိတ်အပိုင်းတွင်းမှာ 48MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Depth ဆန်ဆာ၊ ၄ စင်တီမီတာ အကွာအဝေးကနေ အနီးကပ် ရိုက်ကူးနိုင်တဲ့ 2MP Macro ကင်မရာ၊ စုစုပေါင်း ကျောကင်မရာ ၄ လုံးကို ရိုးရှင်းစွာ ထည့်သွင်းထားပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
232
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134

ကျောကင်မရာကနေ အမြင့်ဆုံး 4K ဗီဒီယိုတွေ အထိ ရိုက်ကူးနိုင်ပြီး၊ 1080P နဲ့ ရိုက်ကူးနေချိန်မှာ Beauty Mode တွေ တိုက်ရိုက် ထည့်သုံးနိုင်တယ်လို့ သိရပါတယ်။ ဖုန်းအလေးချိန်ကလည်း အရင်မော်ဒယ် S5 ထက် ပိုမိုပေါ့ပါးပြီး အလေးချိန် ၁၈၁ ဂရမ်သာ ရှိကြောင်း ကုမ္ပဏီက ပြောကြားပါတယ်။

မျိုးဆက်သစ် 5G ကွန်ရက်တွေ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Samsung ထုတ် Exynos 980 Chipset ကို Vivo S6 5G မှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ SA/NSA 5G စံနှုန်း ၂ မျိုးလုံး အသုံးပြုနိုင်ပြီး၊ SIM နှစ်ကတ် ထည့်သုံးနိုင်ပါတယ်။ မြန်နှုန်းမြင့် LPDDR4X RAM 8GB ၊ အမြင့်ဆုံး 256GB Storage တို့ ပါဝင်မှာပါ။ ဖုန်းစွမ်းဆောင်ရည်ကို ထပ်မံမြှင့်တင်ပေးနိုင်တဲ့ CUP Turbo ၊ AI Turbo ၊ Net Turbo ၊ Cooling Turbo ၊ GPU Turbo စတဲ့ Vivo ရဲ့ Multi-Turbo နည်းပညာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ အသုံးပြုထားတဲ့ အပူထုတ်စနစ်သစ်က အရင်စနစ်ဟောင်းထက် ဖုန်းအပူချိန်ကို ၁၀ ဒီဂရီ ဆဲလ်စီးယပ်ထိ ပိုမို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

Vivo S6 5G မှာ ရေစက်ပုံစံ Notch ဒီဇိုင်းသုံး Full HD အရည်အသွေးရှိ ၆.၄၄ လက်မအရွယ် AMOLED မျက်နှာပြင် ပါဝင်ပါတယ်။ မျက်နှာပြင်ကြီးမားတာကြောင့် ဘက်ထရီကိုလည်း 4500mAh ကြီးကြီး သုံးပေးထားသလို၊ 18W အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။

မျက်နှာပြင် Notch အတွင်းမှာတော့ 32MP ရှေ့ကင်မရာတလုံးကို တွေ့မြင်ရမှာပါ။ ရှေ့၊ နောက် ကင်မရာ ၂ ခုလုံးမှာ ဗီဒီယိုတုန်ခါမှုလျော့ချစနစ် (EIS) ပါဝင်တာက ဒီဖုန်းရဲ့ အဓိကထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ အလားတူ ညအချိန်မှာ ကြည်လင်ပြတ်သားတဲ့ Selfie ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် Super-Clear Night View Selfie Mode ၊ Beauty Mode ၊ Dual Video Mode စသဖြင့် လူငယ်လူရွယ်တွေ အကြိုက်တွေ့မယ့် ကင်မရာလုပ်ဆောင်ချက်များစွာလည်း ပါဝင်တယ်လို့ သိရပါတယ်။

Vivo S6 5G ကို 128GB နဲ့ 256GB Storage မော်ဒယ် ၂ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Storage အနိမ့်မော်ဒယ်ကို ၂၆၉၈ ယွမ် (၃၈၀ ဒေါ်လာခန့်) နဲ့ အမြင့်မော်ဒယ်ကို ၂၉၉၈ ယွမ် (၄၂၀ ဒေါ်လာခန့်) ကျသင့်မှာပါ။ တရုတ်နိုင်ငံတွင်းက Vivo အသိအမှတ်ပြု အရောင်းဆိုင်တိုင်းမှာ ဧပြီလ ၃ ရက်နေ့ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: Gizmochina, GSM Arena

Your Thoughts …
Tags: S6 5GVivoစမတ်ဖုန်း
Nigma

Nigma

Contributor

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
894

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

by ဧရာဝတီ
27 September 2025
415

နည်းပညာနဲ့ ထိတွေ့မှု လွန်ကဲခြင်းရဲ့ သက်ရောက်မှုတွေ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခြင်းက ဒီညွှန်ကြားချက်ကို ထွက်ပေါ်လာစေတာ ဖြစ်ပြီး ဂျပန်မှာ ပထမဆုံးအကြိမ် ဖြစ်မယ်လို့ ဆိုပါတယ်…

စမတ်ဖုန်းတွေကနေ ထွက်ရှိလာတဲ့ ရောင်ပြန်အလင်းတွေဟာ ကလေးငယ်တွေရဲ့ မျက်စိကို ထိခိုက်စေနိုင်ပါတယ်

ကလေးငယ်တွေကို စမတ်ဖုန်း ပေးမသုံးသင့်တဲ့ အကြောင်းအရင်း

by ဟယ်လ်သင်
11 March 2019
5.6k

ကလေးတွေအနေနဲ့ စမတ်ဖုန်းတွေကိုပဲ အသုံးပြုနေပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် ရေရှည်မှာ အဝလွန်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ

ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ

by Nigma
7 January 2020
8k

ဈေးပိုမို သက်သာသွားပေမယ့် မူလ Flagship ဖုန်းတွေက အမြင့်စားစွမ်းဆောင်ရည်တွေကို မပျက်မယွင်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မကြေညာရသေးပါဘူး။

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းများ

Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းအသစ်များ ထွက်ရှိ

by Nigma
13 February 2020
9k

Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ ကျောကင်မရာ ၄ လုံးတွဲ ပါဝင်တာချင်း တူညီသော်ငြား အသုံးပြုထားတဲ့ ကင်မရာတွေမှာတော့ ကွာခြားမှုရှိပါတယ်။

ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro စမတ်ဖုန်း

108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်

by Nigma
7 November 2019
6.8k

Mi CC9 Pro ဟာ အလွန်တရာ ပါးလျတဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာပါ ပထမဆုံးဖုန်း ဖြစ်တယ်လို့ Xiaomi က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။

Next Post
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ဒေါ်ခိုင်ဇာအောင် / မျိုးမင်းစိုး / ဧရာဝတီ

စက်ရုံ အလုပ်ရုံတွေကို ဘယ်လို ပိတ်မလဲ၊ လစာကို ဘယ်လိုပေးမလဲ

အခုအချိန်မှာတော့ COVID-19 ပြဿနာဟာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့အန္တရာယ်တခုဖြစ်လာပါပြီ

COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ လူ ၁၂ ဦးသေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved