ထိုင်းနိုင်ငံမှာ နေ့စဉ်ဆိုသလို COVID-19 ကူးစက်ခံနေသူပေါင်း ရာနဲ့ချီပြီးရှိလာနေပါတယ်။ လက်ရှိအချိန်အထိ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူစုစုပေါင်း ၁၇၇၁ယောက်ရှိပြီး သေဆုံးသူပေါင်း ၁၂ ယောက်အထိ ရှိသွားပြီလို့ သိရပါတယ်။
ဖေဖော်ဝါရီလအတွင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံ ရသူ ဆယ်ဂဏန်းလောက်သာရှိသေးပေမယ့် မတ်လအလယ်ပိုင်းလောက်မှာတော့ ကူးစက်ခံရသူ အရေအတွက်က ရုတ်တရက်မြင့်တက်သွားခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်ခံနေရသူ ၈၅၉၈၂၅ ရှိနေပြီး သေဆုံးသူပေါင်း ၄၂၃၄၁ ရှိသွားပါပြီ။ ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကို ကြည့်ရင် လက်ဝှေ့အားကစားရုံ ၊ ဖျော်ဖြေရေး လုပ်ငန်း နဲ့ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ဘာသာရေးအခမ်းအနားပွဲကို တက်ရောက်ခဲ့သူတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ နေ့စဉ်ဆိုသလိုပဲ COVID-19 ကူးစက်ခံနေရသူအရေအတွက်က ရာဂဏန်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီကနေ့ထုတ်ပြန်ထားတဲ့စာရင်းအရ ဧပြီ ၁ ရက်နေ့အတွင်းမှာပဲ ထိုင်းနိုင်ငံမှာ COVID – 19 ကူးစက်သူပေါင်း ၁၂၀ယောက်ရှိသွားပြီလို့ သိရပါတယ်။
အခုအချိန်မှာတော့ COVID-19 ပြဿနာဟာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့အန္တရာယ်တခုဖြစ်လာပါပြီ။ ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ COVID-19 ကို သတိကြီးကြီးထားပြီး ဆောင်ရွက်လာနေပါတယ်။
လက်ရှိအချိန်ထိတော့ ထိုင်းနိုင်ငံမှာ စိုးရိမ်ရတဲ့လူနာ ၂၃ ယောက်ရှိနေပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့သူ ၃၄၂ ယောက်ရှိသွားပြီလို့ သိရပါတယ်။ ဒီကနေ့ သေဆုံးခဲ့ကြသူတွေဟာ အသက် ၇၉ နှစ်အရွယ်ထိုင်းနိုင်ငံသားဖြစ်ပြီး မတ်လအစောပိုင်းလောက်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့သူဖြစ်ပါတယ်။ နောက်တဦး ကတော့ စီးပွားရေးသမားဖြစ် ပြီး မကြာသေးခင်အချိန်ကပဲ အင်္ဂလန်နိုင်ငံကပြန်လာခဲ့သူတယောက် ဖြစ်ပါတယ်။
COVID-19 ကြောင့် ထိုင်းနိုင်ငံရဲ့လူသေဆုံးမှုနှုန်းက မြင့်တက်လာနေပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံအနေနဲ့လည်း COVID-19 ကပ်ရောဂါကို အထူးဂရုစိုက်ဖို့ လိုအပ် ပါတယ်။
Ref:thethaiger,saltwire
You may also like these stories:
ကိုရိုနာကြောင့် သေဆုံးသူများတွင် အမျိုးသမီးထက် အမျိုးသားလူဦးရေပိုများ
COVID-19 ကြောင့် အမေရိကန်မှာ တရက်အတွင်း လူ ၇၀၀ သေဆုံး
COVID-19 ကူးစက်မှုများကြောင့် ကာစီနိုရုံတွေ ပိတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီး ညွှန်ကြား