COVID-19 ဟာ လူစူလူဝေးကို ကြိုက်တဲ့ ရောဂါတမျိုးပါ။ ဒါကြောင့်လည်း လူစုလူဝေးကို ရှောင်ဖို့ လိုအပ်ပါတယ်။ ဂိမ်းဆိုင်တွေ၊ အားကစားရုံတွေနဲ့ ကာစီနိုရုံတွေကို မသွားသင့်တော့ပါဘူး။
ထိုင်းနိုင်ငံမှာ ဆိုရင်လည်း လက်ဝှေ့အားကစားရုံကနေ COVID-19 ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ခဲ့တာ တွေ့နိုင်ပါတယ်။ နေ့စဉ် ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေသူ ရာနဲ့ချီပြီး ရှိနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာလည်း COVID-19 ကူးစက်ခံနေသူ အရေအတွက် မြင့်တက်နေပါတယ်။ အခုဆိုရင် ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူတွေ ရာနဲ့ချီပြီး ရှိနေပါပြီ။ ဒါကြောင့်လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ Hun Sen က မတ်လ ၃၀ ရက်နေ့ကတည်းကပဲ ကာစီနိုရုံတွေကို ပိတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားအစိုးရအနေနဲ့လည်း ပြီးခဲ့တဲ့ အပတ်အတွင်း စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ပိတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ နိုင်ငံခြားသား ဝင်ရောက်မှုကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကာစီနိုရုံ အများဆုံး နိုင်ငံတွေထဲ ကမ္ဘောဒီးယားနိုင်ငံလည်း ပါဝင်ပါတယ်။ ၂၀၁၉ ၊ ဒီဇင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကာစီနိုရုံပေါင်း ၁၂၅ ရုံ ရှိနေပြီး အများစုကတော့ တရုတ်လူမျိုးတွေ ဖွင့်ထားကြတဲ့ ကာစီနိုရုံတွေပါ။
COVID-19 ကူးစက်ခံရသူ ရာဂဏန်းနဲ့ ချီပြီး ရှိလာတဲ့အတွက် ကမ္ဘောဒီးယားအစိုးရ အနေနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ ပြည်သူတွေကို နိုးဆော်ထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဘရူနိုင်းနိုင်ငံက COVID-19 ကူးစက်ခံနေရသူ ၁၂၉ ယောက် ရှိနေပြီး တယောက် သေဆုံးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှု မရှိသေးပေမယ့် ကူးစက်ခံနေရသူပေါင်း ၁၀၇ ယောက် ရှိသွားပါပြီ။
အင်ဒိုနီးရှားနိုင်ငံကတော့ အရှေ့တောင်အာရှမှာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်ပြီး ၁၃၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင်တဲ့ပညာရှင်တွေက အင်ဒိုနီးရှားကို စိုးရိမ်နေကြပါတယ်။ လက်ရှိအချိန်ထိတော့ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံနေရသူ ၁,၅၂၈ ယောက် ရှိတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ၂,၇၆၆ ယောက် COVID-19 ကူးစက်ခံနေရပြီး ၄၃ ယောက် သေဆုံးခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ မလေးရှားနိုင်ငံက COVID-19 ကူးစက်မှုနှုန်း အများဆုံးနိုင်ငံပါ။ မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံနေရသူ ၁၅ ယောက်ရှိနေပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။
Ref: can, aseanbriefing
You may also like these stories:
အချိန်နှောင်းမှ ကုသမှုခံယူသောကြောင့် COVID-19 ဖြင့် အများစုသေဆုံးရ