• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စက်ရုံ အလုပ်ရုံတွေကို ဘယ်လို ပိတ်မလဲ၊ လစာကို ဘယ်လိုပေးမလဲ

by သဇင်လှိုင်
1 April 2020
in အင်တာဗျူး
A A
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ဒေါ်ခိုင်ဇာအောင် / မျိုးမင်းစိုး / ဧရာဝတီ

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ဒေါ်ခိုင်ဇာအောင် / မျိုးမင်းစိုး / ဧရာဝတီ

15.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် မတ်လ ၃၁ ရက်အထိ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID – 19 ရောဂါပိုး တွေ့ရှိသူ ၁၅ ဦး ရှိပြီဖြစ်သည်။ အဆိုပါ ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် စက်ရုံ အလုပ်ရုံမှ အလုပ်သမားများမှာလည်း စိုးရိမ်စိတ်များ မြင့်တက်လျက် ရှိနေသည်။ ထို့ကြောင့်ပင် စက်ရုံ ပိတ်သိမ်းရန်အတွက် တောင်းဆိုသည့် ကမ်ပိန်းများလည်း ပြုလုပ်လျက် ရှိသည်။

ထိုကဲ့သို့ စက်ရုံပိတ်သိမ်းရာတွင် လစာရရှိမှု အခြေနေပေါ်တွင်လည်း အလုပ်သမားများက စိုးရိမ် ပူပန်လျက် ရှိနေသည်။ အဆိုပါ အခြေအနေမျာနှင့် ပတ်သက်ပြီး အလုပ်သမား အဖွဲ့အစည်းများက မတ် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးမှုများကို အသေးစိတ် သိရှိနိုင်ရန်အတွက် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ဝန်ကြီးချုပ်နဲ့ အမတို့ အဖွဲ့တွေ သွားတွေ့ကြတယ်လို့ သိရပါတယ်။ ဘာတွေ ဆွေးနွေးဖြစ်ကြလဲရှင့်။

ဖြေ။ ။ ဝန်ကြီးချုပ်က အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့သူတွေကို ခေါ်ယူတွေ့ဆုံတာ ဖြစ်ပါတယ်။ တွေ့ဆုံရတဲ့ အကြောင်းကတော့ လတ်တလောမှာ COVID-19 ရောဂါ ကူးစက်ခံရတဲ့သူက ရွှေ့ပြောင်း အလုပ်သမားတွေထဲကလည်း ပါလာတာ တွေ့ရတယ်။ ဝန်ကြီးအနေနဲ့က ကျန်းမာရေး ဝန်ကြီးဌာနနဲ့ နားလည်တဲ့ ပညာ ရှင်တွေနဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ ကိစ္စကို ပြန်ပြောတယ်။ လက်ရှိ စစ်နိုင်တဲ့ လူဦးရေနဲ့ ရောဂါပိုးတွေ့ရှိတဲ့ လူဦးရေ ကို ကြည့်မယ်ဆိုရင် ရာခိုင်နှုန်း များတယ်။ ဒါက အရမ်းကို အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်တယ်လို့ သိရတယ်။

ဒီလို အနေအထားကြောင့် ကူးစက်တဲ့နှုန်းတွေက အချိန်တိုအတွင်းမှာ မြင့်တက်သွားနိုင်တယ်ပေါ့။ ဒါကြောင့်မို့လို့ လူစု လူဝေး ဖြစ်နေတဲ့ အထည်ချုပ် လုပ်ငန်းတွေ၊ ဖိနပ်လုပ်ငန်းတွေမှာ စက်ရုံ ပိတ်ဖို့ လိုမယ်လို့ သူတို့ စဉ်းစားမိတယ်။ စက် ရုံပိတ်မယ်ဆိုရင် အလုပ်သမားတွေ အဖွဲ့အစည်းတွေရဲ့ သဘောထား တင်ပြချက် အသံတွေကိုလည်း နားထောင်ချင် တယ်ဆိုပြီး ခေါ်ဆွေးနွေးတာပါ။

မနေ့က တက်ရောက်သူတွေ အကုန်လုံးကတော့ ပိတ်စေချင်တယ်။ ပိတ်လိုက်ခြင်းအားဖြင့် ရောဂါပိုး ကူးစက်မှုကို ကာ ကွယ်ရာ ရောက်နိုင်တယ်။ ဒီကာလမှာ အလုပ်ရှင်တွေနဲ့ အနေနဲ့လည်း အလုပ် လည်ပတ်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး ဖြစ်အောင် ပြင်ဆင်ဖို့ လိုတယ်။ အဲဒီအတွက်ကို သူတို့ အချိန်ရသွားမယ်ပေါ့။ အလုပ်သမားတွေ အနေနဲ့ လည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်။ အလုပ်ကို အာရုံမစိုက်နိုင်ဘူး၊ သိပ်ကြောက်နေတဲ့ အခါမှာ ဒီလို မတည်ငြိမ်မှု ကိုလည်း ထိန်းနိုင်မယ်ပေါ့။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
108
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
61
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136

ကျန်းမာရေးအတွက် စက်ရုံတွေ ယာယီ ပိတ်သိမ်းဖို့ကို သဘောတူကြပါတယ်။ အဲဒီတော့ ပိတ်မယ်ဆိုရင် ဘယ်လို ပိတ် မှာလည်း ဆိုတာကို ဆွေးနွေးတာပေါ့။ လစာကို ဘယ်လို ပံ့ပိုးထားမလဲ။ ဧပြီလ တလလုံးကို အလုပ်သမားတွေ အတွက် အခြေခံလစာ အပြည့်ပေးဖို့ လိုတယ် ဆိုတာကို ဆွေးနွေးပါတယ်။ ဒီလိုမျိုး ဆွေးနွေးတဲ့အခါမှာ ဘယ်သူက ပေးမှာလဲပေါ့။ ဧပြီလသည် သင်္ကြန်ပိတ်ရက်နဲ့ ရုံးပိတ်ရက်တွေမှာ အလုပ်ရှင်က ဒီလိုမျိုး အခြေအနေတွေ မကြုံရင်တောင်မှ သူတို့ ပေးရ မယ်ဆိုတာ ရှိထားပြီးပြီ။

ဒါကြောင့်မို့လို့ အလုပ် မလုပ်နိုင်တဲ့ ရက်တွေ အတွက်ကို အစိုးရကနေပြီးတော့မှ လူမှုဖူလုံရေး ရန်ပုံငွေထဲကနေမှ ၆၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးပြီးတော့ အလုပ်ရှင်က ၄၀ ရာခိုင်နှုန်းပေးပါ။ အလုပ်သမားတွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်ပေး ပေး ပါဆိုတာကို ဆွေးနွေး တင်ပြခဲ့ပါတယ်။

မေး။ ။ ဒါဆို ဧပြီ ၁ လစာကိုပဲ ဆွေးနွေးရသေးတာပေါ့။

ဖြေ။ ။ ဒါပေမယ့် ကျမတို့က ဒီတလမှာတော့ ဒီလို လုပ်မယ်ပေါ့။ ဧပြီအလွန်မှာ တချို့စက်ရုံတွေက သူတို့ စက်ရုံတွေကို ယာယီ ပိတ်သိမ်းထားချင်တယ် ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လည်ပတ်မယ် ဆိုတဲ့ လူတွေလည်း ရှိနိုင် တယ်။ လည်ပတ်မယ် ဆိုရင် ကျန်မာရေးနဲ့ ညီညွတ်အောင် လက်ရှိလုပ်သားနဲ့တော့ ဘယ်လိုမှ လည်နိုင်မယ့် အနေ အထား မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့ တယောက် အကွာအဝေး ထားရမယ်ဆိုတဲ့ အခါမှာ ထမင်းစား ဆောင်တွေက ဒီလို အနေအထား မဖြစ်ဘူး။ ထမင်းစားဆောင်တွေကို အလှည့်ကျ လုပ်မယ် ဆိုရင်တောင် ဆင်းတဲ့ အချိန် မှာ တစုတဝေးတည်းနဲ့ အများကြီး ဖြစ်နေတဲ့ ကိစ္စက ဖြေရှင်းဖို့ လိုတယ်။

အဲဒါကြောင့်မို့လို့ ဒါကို စီမံခန့်ခွဲရမယ် ဆိုရင် တခြား နိုင်ငံတွေမှာလည်း လုပ်နေပါတယ်။ အလုပ်လုပ်တဲ့ လူဦးရေကို လျှော့ ချလိုက်တာပေါ့။ ဥပမာ ၆၀၀ လုပ်တယ်ဆိုရင် လူဦးရေ ၃၀၀ နဲ့ လုပ်မယ်။ အဲဒီမှာ လိုအပ်တဲ့ ကာကွယ်ရေးတွေကို ပြင်ဆင် ထားပေးမယ်ပေါ့။ ကျန်တဲ့ ၃၀၀ ကို အလုပ်ထုတ်ဖို့ ပြောတာ မဟုတ်ဘူး။ ဒီ ၃၀၀ က အလှည့်ကျစနစ်နဲ့ လည်ပတ်နေတာ မျိုး ဖြစ်နိုင်တယ်။ လစာကို ဘယ်လို ပေးမှာလဲ ဆိုတဲ့ မေးခွန်းတော့ ထွက်လာနိုင်တယ်ပေါ့။

အလုပ်ရှင်က လုပ်သား ၆၀၀ ရှိပေမယ့် ၃၀၀ နဲ့ လည်ပတ်ရတဲ့ အခါမှာ ၆၀၀ အကုန်လုံး အတွက် မပေးနိုင်ဘူးဆိုတဲ့ အခက်အခဲမျိုးလည်း ဖြစ်လာနိုင်တယ်။ အဲဒီအခါမှာ လုပ်သား အင်အားလည်း မလျှော့ဘဲနဲ့ လုပ်ငန်းကို မှေးပြီးတော့ အသက်ရှင်သန်အောင် လုပ်ရမယ့် လုပ်ငန်းကိုတော့ လုပ်ခလစာရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြစ်ဖြစ် အလုပ်ရှင်ကို လူမှုဖူလုံရေး ရန်ပုံငွေထဲက ပံ့ပိုးသင့်တယ်။

၅၀ ရာခိုင်နှုန်း မဟုတ်တောင် ရာခိုင်နှုန်း တခုပေါ့။ ပံ့ပိုးပေးခြင်းအားဖြင့် လုပ်သားတွေကိုလည်း မလျှော့ချဘဲနဲ့ အလုပ်ရှင် လည်း ဆက်လက် ရပ်တည်နိုင်တဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်လို့ တင်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ရင်တော့ ဆုံးဖြတ် ချက်တော့ မထွက်သေးဘူးပေါ့။ အကြမ်းဖျင်း သဘောထားတွေတော့ ဖလှယ်ခဲ့ကြပါတယ်။

မေး။ ။ သွားရောက် ဆွေးနွေးခဲ့တာက အမတို့ CTUM အပြင် တခြား ဘယ်အဖွဲ့တွေ ပါသေးလဲ။

ဖြေ။ ။ ကျမတို့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်တွေ MICS/AFFM/IWFM တို့ တခြား အလုပ်သမားအရေး လှုပ်ရှားတဲ့ သူတွေ အားလုံးနီးပါး ပါကြပါတယ်။ ၁၂ ဖွဲ့လား ၁၅ ဖွဲ့လား အဲဒီလောက် ရှိပါတယ်။

မေး။ ။ ဒီလိုဆို အစိုးရဘက်က ဆုံးဖြတ်ချက်ကို မသိရသေးဘူးပေါ့။ အခုက ဆွေးနွေးတာပဲ ရှိသေးတာဆိုတော့။

ဖြေ။ ။ ဝန်ကြီးချုပ်ကတော့ ဘာပြောလိုက်လဲ ဆိုရင် သူ့အနေနဲ့ကတော့ ဆုံးဖြတ်ချက် တခုကို ချရတော့မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အမြန်ဆုံး လုပ်ရမှာ ဖြစ်တယ်။ ပိတ်ပေးမယ် လစာတွေ ဒီလိုပေးမယ် ဆိုတာ အကြံဉာဏ်တွေလည်း ရပြီ ပေါ့။ ဒါကြောင့်မို့လို့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကို အလုပ်သမား ဝန်ကြီးဌာနနဲ့ အခြားသော တာဝန်ရှိ တဲ့သူတွေနဲ့ ညှိနှိုင်းပြီးတော့ အမြန်ဆုံး ဆောင်ရွက်မယ် ဆိုတာကိုတော့ သိရပါတယ်။

မေး။ ။ အထည်ချုပ် လုပ်ငန်းတွေက စက်ရုံမှာချုပ်မှ လုပ်ငန်းက လည်ပတ်နိုင်တာမျိုးဆိုတော့။ လူလျှော့ချလိုက်တာတွေ လုပ်ပြီး လစာတွေပေးရမယ့် အနေအထားက လုပ်ငန်း လည်ပတ်မှု နှောင့်နှေးတဲ့အတွက် လုပ်ငန်းရှင်တွေဘက်က သဘောမတူ တာမျိုးတွေ ဖြစ်လာနိုင်လား။

ဖြေ။ ။ သဘောမတူတာမျိုးတော့ ဖြစ်လာနိုင်တယ်။ ဘာကို သဘောမတူနိုင်တာလဲ ဆိုတာ သုံးသပ်ချက် တင်ပြခဲ့ပါတယ်။ သူတို့ သဘောမတူတာ အချက်၂ ခုရှိတယ်။ နံပါတ် တစ်က ပိတ်ထားပြီးရင် သူတို့က လုပ်ခလစာ ပေးရမှာ စိတ်ပူတယ်။ နံပါတ်၂ က သူတို့တွေ အချိန်နဲ့ ဘယ်ရက်မှာ ထွက်ရမယ် ဆိုတဲ့ အော်ဒါတွေက မထွက်နိုင်ဘူးဆိုရင် လျော်ရမှာ စိတ်ပူ တယ်။ ဧပြီလမှာက မည်သို့ပင် ဆိုစေကာမူ ပိတ်ရက်တွေအတွက် ပေးဖို့ ပြင်ဆင်ထားပြီးသား ဖြစ်တယ်။ ဧပြီလအတွက် ပေးသင့်တယ်။ ပိတ်လို့လည်း ရတယ်။

အော်ဒါကိစ္စနဲ့ ပတ်သက်ရင် အလုပ်ရှင် အလုပ်သမားသာ ညှိပြီး ပိတ်လို့ မရတာ။ ကိုယ့်ဘာသာကိုယ် ပိတ်ရင်က အော်ဒါ တွေ နောက်ကျလို့ လျော်ရမယ်။ ဒါပေမယ့် အစိုးရကနေ ပိတ်ပါလို့ ညွှန်ကြားချက် ထုတ်လိုက်တယ်ဆိုရင်တော့ အဲဒီလိုမျိုး လျော်ကြေးပေးရတာတွေကို အလုပ်ရှင်က ကျော်လွှားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အစိုးရကသာ ဒီ ဆုံးဖြတ်ချက် ချ လိုက်မယ် ဆိုရင် အလုပ်ရှင် အားလုံးက လိုက်ပါနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်လို့ တင်ပြခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

COVID – 19 ကြောင့် ပုသိမ်စက်မှုဇုန် အလုပ်သမား၂၉၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်စက်ရုံအလုပ်ရုံလုပ်ခလစာလူမှုဖူလုံကြေး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

by ဧရာဝတီ
21 July 2023
2.7k

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ ကျောက်ပြားစက်ရုံတွင် လုပ်ခလစာအပြည့်ပေးရန် တောင်းဆိုသဖြင့် မြန်မာ အလုပ်သမား ၄၄ ဦး ဇူလိုင်လ ၁၉ ရက်က အလုပ်ထုတ်ခံခဲ့ရသည်။

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

by ဧရာဝတီ
1 May 2025
1.5k

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းရှင်တွေက စက်ရုံတရုံပြီး တရုံ ဖွင့်နေတယ်။ ဒါဆိုရင် သူတို့တွေက စီးပွားကျတယ်ပြောပြီး ဘာလို့ဖွင့်လဲလို့ မေးခွန်းရှိတယ်။ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာက အလုပ်ထုတ်ပစ်လိုက်တာ၊ လူ ၅၀ ထုတ်လိုက်လို့ သူတို့စက်ရုံတွေက ရပ်တန့်မသွားဘူး။

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

by ဧရာဝတီ
10 January 2024
1.1k

အလုပ်သမားများကို အချိန်ပို မခေါ် ယူနိုင်တော့သလို တချို့သော စက်ရုံအလုပ်ရုံများသည် ပြီးခဲ့သည့် နိုဝင်ဘာက စတင်သော အခြေခံလုပ်ခလစာ အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုပင် မပေးတော့ကြောင်း

မန္တလေး – မိုးကုတ်လမ်းပိုင်း တိုက်ပွဲများ အရပ်သား ထိခိုက်သေဆုံးမှုရှိ

ထိုင်းရောက် MoU လုပ်သား ၁၀၀ကျော် လစာ မရ၍ စားဝတ်နေရေးခက်ခဲ

by ဧရာဝတီ
3 July 2024
870

တလစာအတွက် တဦးလျှင် ဘတ်ငွေ ၁သောင်း ၆ထောင်နှုန်းဖြင့် အလုပ်သမား ၁၃၀ အတွက် ဘတ်ငွေ သိန်း ၂၀ ကျော်ရရှိရမည်ဖြစ်ကြောင်း

ထိုင်းရောက် မြန်မာလုပ်သား ၅၀၀ ခန့် လစာမရ၍ တိုင်ကြား

ထိုင်းရောက် မြန်မာလုပ်သား ၅၀၀ ခန့် လစာမရ၍ တိုင်ကြား

by ဧရာဝတီ
9 March 2024
861

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ လယောင်မြို့ရှိ Italian Thai Development Public ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၅၀၀ ခန့် လုပ်အားခ တလစာ မရရှိသည့်အတွက် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ...

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

by ဧရာဝတီ
21 May 2025
338

ချန်းရိဖိနပ်စက်ရုံတွင် ထောင်နှင့်ချီသောအလုပ်သမားများက တရက်လျှင် လုပ်အားခ ကျပ် ၁၂,၀၀၀ ထိ တိုးမြှင့်ပေးရန် မေ ၁၄ ရက်မှစပြီး အလုပ်ရုံအတွင်း ဆန္ဒပြတောင်းဆိုခဲ့ရာ ယမန်နေ့ည၌ တောင်းဆိုညှိနှိုင်းမှု ပြေလည်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

Next Post
အခုအချိန်မှာတော့ COVID-19 ပြဿနာဟာ ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့အန္တရာယ်တခုဖြစ်လာပါပြီ

COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ လူ ၁၂ ဦးသေဆုံး

သရုပ်ဆောင် ကျော်ကျော်ဗို / ဝေဝေနှင်း / ဧရာဝတီ

ဒီအချိန်အခြေခံလူတန်းစားများကို ဝိုင်းဝန်းကူညီဖို့ လိုအပ်ကြောင်း ကျော်ကျော်ဗိုပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved