[irrawaddy_gallery]
MRTV4 ကနေ ထုတ်လွှင့်ပြသတဲ့ The Sign Of Love ဇာတ်လမ်းတွဲထဲမှာ မြတ်နိုးခင်အဖြစ် အဓိကဇာတ်ကောင် ခပ်အေးအေးလေး နေရာမှာ သရုပ်ဆောင်ပြီး ပရိသတ်နဲ့ ထိတွေ့မှုရလာတဲ့အပြင်၊ ကြော်ငြာတွေပါ အရိုက်များလာပြီး စိုင်းစိုင်ခမ်းလှိုင်၊ သက်မွန်မြင့်၊ ဝင့်ယမုံလှိုင် (The Sign Of Love ဇာတ်လမ်းတွဲမှာ မာယာချိုအဖြစ် သရုပ်ဆောင်သူ) တို့နဲ့အတူ STEP အကျႌကြော်ငြာမှာ ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်ကို ဧရာဝတီရဲ့ ဖက်ရှင် ကဏ္ဍကနေ ဓာတ်ပုံ စီစဉ်ရိုက်ကူးပြီး သူ့ရဲ့ဖက်ရှင်၊ နေထိုင်မှုပုံစံ၊ ဖြစ်ချင်တဲ့ အကြောင်းအရာတွေ၊ စိတ်ထား၊ ပညာအရည်အချင်း စသည်ဖြင့် သူနဲ့ ပတ်သက်သမျှ မေးကြည့်ခဲ့ပါတယ်။
“ညီမက ဖက်ရှင်နဲ့ပတ်သက်ရင် ကိုယ်လက်လှမ်း မီသလောက် လေ့လာပါတယ်။ ဒီ ခေတ်ပေါ်ဖက်ရှင်တွေကို ကြိုက်ပေမယ့် အရမ်းတိုလွန်း ပေါ်လွန်းတာတွေကိုတော့ သိပ်မဝတ်ဖြစ်ပါဘူး။ မြန်မာ ဆန်ဆန်လေးတွေ ဝတ်ရတာကို ကြိုက်ပါတယ်” လို့ စိုးနန္ဒာကျော်က သူ့ဖက်ရှင်နဲ့ ပတ်သက်လို့ ပြောပါတယ်။
ဓာတ်ပုံရိုက်တာ၊ ဇာတ်လမ်းသဘောအရ လိုအပ်လို့ ဝတ်ရမယ်ဆိုရင်တော့ ဟော့ရှော့တွေ ဝတ်ဖြစ်တယ်၊ သွားရမယ့် နေရာ ဒေသနဲ့ လိုက်ဖက်အောင်တော့ ခပ်ဆန်းဆန်း ဖက်ရှင်တွေ ဝတ်ရတာ ရှိတယ်လို့ သူက ဆိုပါတယ်။
ရိုးရှင်းတဲ့ မိသားစုဘဝမှာ၊ မိဘတွေရဲ့ အုပ်ထိန်းမှု အောက်မှာပဲ အေးအေးချမ်းချမ်း နေတယ်ဆိုတဲ့ စိုးနန္ဒာကျော်က “စိတ်ချမ်းသာပြီး အေးချမ်းတဲ့ မိသားစုဘဝလေးကို ညီမ နှစ်သက်ပါတယ်” လို့ ဧရာဝတီကို ဟြေပါတယ်။
စိုးနန္ဒာလွင်ဟာ အနုပညာနဲ့ ပတ်သက်ရင် အလွန် ဝါသနာကြီးတဲ့ အကြောင်း၊ သူ့အနေနဲ့ “ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်မှာလည်း ဝင်ပြိုင်ဖူးတဲ့အကြောင်း သိရပါတယ်။
“ညီမရဲ့ မိဘတွေက အနုပညာ လုပ်ဖို့ကို သဘောမတူဘူးလေ၊ ညီမက အဲဒီ သရုပ်ဆောင်ပြိုင်ပွဲမှာ ဆုမရခဲ့ရင် လုံး၀ အနုပညာအလုပ်ကို မလုပ်တော့ပါဘူး ဆိုပြီး ကတိပြုပြီးတော့ လုပ်ခဲ့တာပါ။ ကံကောင်းချင်တော့ ညီမဆုရခဲ့တယ်၊ အဲဒါကြောင့် အနုပညာအလုပ်ကို မိဘတွေက သဘောတူပြီး ဆက်လုပ်ခွင့် ရခဲ့တာပါ” လို့ သူ ဖြစ်ချင်တဲ့ သရုပ်ဆောင် ဘဝကို ရောက်အောင် ကြိုးစားခဲ့ရပုံကို ဟြေပြပါတယ်။
မိဘတွေက စိတ်ကို အမြဲဖြူစင်အောင် ထားဖို့ ဆုံးမတယ် ဆိုတဲ့အကြောင်းလည်း စိုးနန္ဒာကျော်က ပြောပါသေးတယ်။
“ညီမ ကိုယ်တိုင်လည်း အေးအေးဆေးဆေးပဲ နေတတ်တယ်။ ညီမနဲ့ပေါင်းဖူး၊ ဆက်ဆံဖူးတဲ့ သူတွေတော့ သိမှာပါ။ အနုပညာရှင် အချင်းချင်းလည်း ခင်ခင်မင်မင် ပေါင်းပါတယ်။ ညီမရဲ့ မိဘတွေကလည်း ဆုံးမတာက လူ့အောက်ကျို့လို့ မသေပါဘူး တဲ့။ စာနယ်ဇင်းက ဆရာ၊ ဆရာမတွေ၊ အစ်ကို၊ အစ်မတွေ ကိုလည်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံ ဟြေဆို ပါတယ်။ ညီမက မာနလည်းမကြီးတတ်ပါဘူး၊ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ဖို့ ညီမ မိဘတွေက ဆုံးမထားပါတယ်” လို့ သူက ဆိုပါတယ်။
ပညာရေးနဲ့ ပတ်သက်လို့ သူ့အဟြေအရ တော့ ဆယ်တန်း မအောင်သေးဘူးလို့ သိရပါတယ်။ အနုပညာဘက်ကို ဝါသနာကြီးလွန်းတဲ့ အတွက် ပညာရေးကို ဦးစားမပေးဖြစ်တာပါ။
“ညီမ ဆယ်တန်း ပြန်ဖြေမှာပါ။ ဘယ်တော့လဲ ဆိုတာတော့ အတိအကျ မဟြေတတ်သေးပါဘူး။ အားလပ်တဲ့ အချိန်ရလာရင်တော့ ဆယ်တန်းပြန်ဖြေမှာပါ” လို့ သူက ပြောပါတယ်။
စိုးနန္ဒာကျော် အနေနဲ့ ငယ်ငယ်က ရည်ရွယ်ထားတာက ဆရာဝန်တဦး၊ ရှေ့နေ တဦး ဖြစ်ချင်ခဲ့တာလို့ သိရပါတယ်။
“အနုပညာ လောကထဲ ရောက်မလာဘဲ ပညာရေးနဲ့ အသက်မွေး ဝမ်းကျောင်း ပြုရမယ်ဆိုရင်တော့ ဆရာဝန်၊ ဒါမှမဟုတ် ရှေ့နေ ဖြစ်အောင် ကြိုးစားဖြစ်မှာပါ။ အခု လောလောဆယ် မှာတော့ အနုပညာဘက်ကို ပိုပြီး ဦးစားပေး ဖြစ်နေပါတယ်။ ညီမ ဘွဲ့တခုတော့ ရအောင်ကြိုးစားဦးမှာပါ။ အခု လောလောဆယ်တော့ အနုပညာ အလုပ်တွေ လုပ်ဖြစ်နေတဲ့အတွက် ပရိသတ်က ညီမကို ဝေဖန် အားပေးပါဦးလို့ ဟြေချင်ပါတယ်” ဆိုပြီး သရုပ်ဆောင်စိုးနန္ဒာကျော်က ဧရာဝတီကို ဟြေပြပါတယ်။
လတ်တလော မှာတော့ စိုးနန္ဒာကျော်ဟာ MRTV4 အတွက် ဇာတ်လမ်းတွဲ တတွဲမှာ ရိုက်ကူး သရုပ်ဆောင်နေပြီး ကြော်ငြာတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။