• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အနုပညာက နယ်ပယ်အားလုံးနဲ့ ဆက်စပ်နေတယ် ဆိုတဲ့ ပန်းချီမောင်ဒီ

by နိုင်စွမ်း
21 August 2015
in Lifestyle
A A
ပန်းချီမောင်ဒီ

ပန်းချီမောင်ဒီနှင့် သူ၏ ပန်းချီကား တခု (ဓာတ်ပုံ - ဧရာဝတီ)

3.2k
VIEWS
Share on FacebookShare on Twitter
ပန်းချီမောင်ဒီ
ပန်းချီမောင်ဒီ၏ ပန်းချီကား တခု (ဓာတ်ပုံ – ဧရာဝတီ)
ပန်းချီမောင်ဒီ
ပန်းချီမောင်ဒီနှင့် သူ၏ ပန်းချီကား တခု (ဓာတ်ပုံ – ဧရာဝတီ)
ပန်းချီမောင်ဒီ
ပန်းချီမောင်ဒီ၏ ပန်းချီကားများ (ဓာတ်ပုံ – ဧရာဝတီ)

ပန်းချီမောင်ဒီ
ပန်းချီမောင်ဒီ၏ ပန်းချီကား တခု (ဓာတ်ပုံ – ဧရာဝတီ)

ပန်းချီမောင်ဒီရဲ့ လက်ရာတွေကို မော်ဒန်အနုပညာ ဖန်တီးတင်ပြမှုတွေလို့ ဆိုနိုင်သလို ခေတ်ပြိုင် အနုပညာ ဖန်တီး တင်ပြမှုတွေ လို့လည်း သတ်မှတ်နိုင်ပါတယ်။

မော်ဒန် အနုပညာ ဖန်တီးတင်ပြမှုက အနုပညာရှင်ရဲ့ တကိုယ်ရေ ခံစားရမှုကို အခြေပြုပြီး ထပ်ဆင့် ပေါ်ထွက်လာတဲ့ ဖန်တီးမှု ရလဒ် ဖြစ်ပြီး ခေတ်ပြိုင်အနုပညာ ဖန်တီးတင်ပြမှုကတော့ ဗဟုသဘော ဆောင်တဲ့ အတွေး စိတ်ကူးကို အခြေပြုပြီး ထွက်ပေါ်လာတဲ့ ဖန်တီးမှု ဖြစ်ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ရဲ့ ရှင်းလင်း ပြောပြချက်တွေ ကလည်း ခေတ်ကာလရဲ့ ဆာလောင်မှု၊ လိုလားမှုနဲ့ အတွေးအမြင်ကို ထင်ဟပ်နေပါတယ်။ အဲဒီလို ထင်ဟပ်နေတာကိုက ခေတ်ပြိုင်အနုပညာရဲ့ ဝိသေသ လက္ခဏာတရပ် အဖြစ် ရှိနေပါတယ်။

အသက် ၇၄ နှစ် ရှိပြီ ဖြစ်တဲ့ ပန်းချီဆရာ မောင်ဒီရဲ့ ၇ ကြိမ်မြောက် အရှေ့ရွာ (East Village) တကိုယ်တော် အနုပညာ ပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းက Think Art Gallery မှာ သြဂုတ် ၇ ကနေ ၁၁ ရက်နေ့ အထိ ကျင်းပခဲ့ ပါတယ်။

ပန်းချီမောင်ဒီရဲ့ ရေးဆွဲတင်ပြပုံကို အစ်ဇင်တရပ်နဲ့ ကိုက်ညှိကြည့်မယ် ဆိုရင်တော့ သူ့လက်ရာ အများစုဟာ မော်ဒန် အနုပညာ ဖန်တီးမှုမှာ ထင်ရှားအရေးပါတဲ့ မီနီမယ်လစ်ဇင် (Minimalism) ပန်းချီကားတွေလို့ သတ်မှတ် နိုင်ပါတယ်။

ပန်းချီမောင်ဒီဟာ မြန်မာ့ မော်ဒန်ပန်းချီ ခေတ်ဦးကာလ ကတည်းက ပါဝင်လာတဲ့ ပန်းချီဆရာ တဦးပါ။ ဖခင် ဦးမြသီးနဲ့ မိခင် ဒေါ်အုန်းပြိုင် တို့က ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ဇာတိက ပခုက္ကူခရိုင် မြစ်ခြေအုပ်စု သရက်ကုန်းရွာ ဖြစ်ပါတယ်။ အမည်ရင်းက မျိုးညွန့်ဖြစ်ပြီး ငယ်စဉ် ကတည်းက ရုပ်ပုံတွေ ရေးဆွဲတာ ဝါသနာပါခဲ့တယ်လို့ သိရပါ တယ်။ သူဟာ ၁၉၅၉ ခုကနေ ၁၉၆၂ ခု အထိ မန္တလေး ဗဟိုစည် သတင်းစာမှာ ကာတွန်းဆရာ တဦးအဖြစ် လုပ်ကိုင် ခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

သူဟာ ၁၉၆၇ ကနေ ၁၉၇၀ အထိ ရန်ကုန် ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်ကတည်းက ပြပွဲတင်ဆက်မှုတွေ ရှိခဲ့သလို အမည်ရင်း မျိုးညွန့် အမည်အစား အနုပညာအမည် မောင်ဒီ လို့ ပြောင်းလဲခံယူပြီး ပန်းချီ ရေးဆွဲခြင်းနဲ့ စာပေရေးသားခြင်းတွေ ပြုလုပ်ခဲ့တဲ့ အပြင် မော်ဒန်ပန်းချီ အုပ်စုပြပွဲမှာလည်း ပါဝင်ပြသခဲ့ပါတယ်။ သူဟာ ကဗျာရေးသားခြင်း၊ မဂ္ဂဇင်း သရုပ်ဖော်ပုံများ ရေးဆွဲခြင်း၊ ဆောင်းပါးများ ရေးသားခြင်းကို ယနေ့တိုင် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲတွေကို ၁၉၇၉၊ ၁၉၉၈၊ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၂ ခုနှစ်တွေမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပန်းချီဆရာမောင်ဒီရဲ့ ပန်းချီကားတွေမှာ မရေးသလောက်နီးပါး လျှော့ရေးဆွဲ ဖန်တီးတာတွေ့ရတာကြောင့် ဘာကြောင့် လျှော့ပြီး ရေးဆွဲ ဖန်တီးတာလဲ လို့ မေးမြန်းဖြစ်တော့ သူက “ဟုတ်တယ်..၊ တော်တော် လျှော့ချထား တယ်။ ဒါကလည်း မီနီမယ်လစ်ဇင်ရဲ့ သဘောတရား လို့လည်း ပြောလို့ ရပါတယ်။ အဓိက ကတော့ ပန်းချီမှာရော တခြား နယ်ပယ်တွေ မှာရော ပင်ပင်ပန်းပန်း ရေးဆွဲမှ ပန်းချီ ဖြစ်တယ်လို့၊ ခက်ခက်ခဲခဲ လုပ်ကိုင်မှ အလုပ် ဖြစ်တယ်လို့ ယူဆ စွဲလမ်းနေတဲ့ ကျနော်တို့ဆီက အစွဲကြီးကို ကျော်လွန်တာပဲ။ အနုပညာနယ်မှာရော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွေ အားလုံးမှာ ဒီအစွဲက ကြီးနေဆဲ၊ ရှိနေဆဲပါ။ ဒါ မကောင်းဘူး။ ကျနော်ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာပဲ၊ ကိုယ်ယုံကြည်ရာကို တင်ပြတာပဲ။ ငွေအတွက် မဟုတ်ဘူး၊ ကျော်ကြားဖို့ အတွက်လည်း မဟုတ်ဘူး” လို့ ရှင်းပြတယ်။

ထင်ရှားမြင်သာတဲ့ ဥပမာ တခုအနေနဲ့ လက်ရှိ တွေ့ဆုံညှိနှိုင်းနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဆိုရင် ခက်ခက်ခဲခဲကြီး လုပ်ယူမှ ရမယ် လို့ အယူကြောင့် ဒီလောက် ကြာနေကြတာ ဖြစ်မယ်လို့ ထင်မြင်တဲ့အကြောင်း သူက ဆက်လက် ပြောပါတယ်။ ပြီးတော့ ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလန်ကို သွားရောက်ပြီး နိုင်ငံလွတ်လပ်ရေး အတွက် အရေးဆိုခဲ့ ရာမှာလည်း အလွန် ခက်ခက်ခဲခဲ စကားအသုံး အနှုန်းတွေနဲ့ ပြောဆိုတာ မဟုတ်ဘဲ အလွန်ရိုးရှင်းပြီး နက်ရှိုင်းစွာ နားလည်စေနိုင်တဲ့ စကားတွေသာ သုံးပြီး ပြောဆိုခဲ့တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။

“ဗိုလ်ချုပ် ပြောဆိုခဲ့တဲ့ စကားကို အတိအကျ အတိုင်းတော့ မမှတ်မိတော့ဘူး၊ ဒါပေမယ့် မြန်မာတို့ ဆိုရိုးစကားမှာ လာချင်ရင် အနီးလေး၊ မလာချင်ရင် ခရီးဝေး ဆိုတာ ရှိတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပေးချင်တဲ့ စိတ်ဆန္ဒရှိရင် အနီးလေး၊ စိတ်ဆန္ဒ မရှိရင် ခရီးဝေးနေမှာပါပဲ ဆိုပြီး အစချီ ပြောခဲ့တယ်။ အလွန်ထိရောက် ခံစား လွယ်စေတဲ့ ဒီစကားကြောင့် တနှစ်အတွင်း လွတ်လပ်ရေး ပေးဖို့ ဆိုပြီး ဖြစ်လာတယ် မဟုတ်လား။ ဒါကြောင့် ခက်ခက်ခဲခဲတွေကို ကျော်လွန်ပြီး နယ်ပယ်တိုင်းမှာ ရိုးရိုးရှင်းရှင်း ဖန်တီးဖို့ အရေးကြီးတယ် လို့ ယူဆတယ်”

အရင်ခေတ်များဆီက နိုင်ငံတခုရဲ့ ခေါင်းဆောင်တဦး တခြားနိုင်ငံကို အလည်အပတ် ခရီး သွားရောက်တဲ့ အခါ ခမ်းနားကြီးကျယ်စွာ ကြိုဆိုတာတွေ၊ ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အဲဒီလို ဇာချဲ့တာမျိုးတွေ လျှော့ပစ်ပြီး သင့်တင့်လျောက်ပတ်တဲ့ စားသောက်ဆိုင် တခုခု၊ နေရာတခုခုမှာ သာမန်လူတွေလိုပဲ တွေ့ဆုံ ဆွေးကြတယ် ဆိုတဲ့ အကြောင်းလည်း ပန်းချီမောင်ဒီက ဆက်လက် ပြောပြပါတယ်။

“အဲဒီလို ပြောဆိုရာမှာ ဖြောင့်မတ် ရိုးရှင်းမှု၊ တကယ့်ပင်ကိုယ် အစစ်အမှန် ဖြစ်မှု၊ လှပပြေပြစ်မှုနဲ့ အကြွင်းမဲ့ အမှန်တရား တွေလည်း အပြည့်ရှိနေတယ်၊ ရှိနေဖို့လည်း လိုတယ်။ ကျနော်က အဲဒီလို သမိုင်းကြောင်းတွေ၊ အဖြစ် အပျက်တွေ၊ သိပ္ပံပညာနဲ့ သိပ္ပံတွေ့ရှိချက်တွေကို စိတ်ဝင်စားတာ ဆိုတော့ ကျနော် စဉ်းစားတွေးခေါ်မိတာတွေ ခံစားမိတာ တွေလည်း ကျနော့်ရဲ့ ပန်းချီကားတွေထဲမှာ ဒီသဘောတရားတွေ ပါနေနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ပန်းချီမောင်ဒီက ဘယ်လို မြင်သလဲ ဆိုတော့ ပညာရေးက တခြား၊ အနုပညာက တခြား၊ နိုင်ငံရေးက တခြား၊ စီးပွားရေးက တခြား၊ လူမှုရေးက တခြား စသဖြင့် တခြားစီလို့ ထင်နေကြတယ်၊ အမှန် တကယ်က နယ်ပယ်တခုနဲ့ တခု ဆက်စပ်နေတယ် လို့ ပြောပါတယ်။

“ကျနော်တို့ နိုင်ငံမှာ မော်ဒန် အတွေးအမြင်၊ မော်ဒန် ခံစားမှု၊ မော်ဒန်ဘာသာစကားကို မတတ်ဘူး ဆိုရင် တိုးတက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ မော်ဒန်အတ် မထွန်းကားတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ ဆီမှာ မော်ဒန်အတ် အာရုံခံစားမှု မရှိဘူး ဆိုရင် ကျနော်တို့ နိုင်ငံဟာ အနာဂတ် မကောင်းဘူး”

သရုပ်ဖော်ပန်းချီ ရေးဆွဲတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့ကို မေးမြန်းဖြစ်ပါတယ်။

“ကျနော်က Illustration လုပ်တာက စားဝတ်နေရေးနဲ့ ဆက်စပ်တယ်လို့ ဆိုနိုင်ပေမယ့် အဲဒီ အပေါ် ကျေနပ်တာတွေ ရှိတယ်။ စာရေး ဆရာရဲ့ ရည်ရွယ်ချက်၊ မဂ္ဂဇင်းရဲ့ Trend နဲ့ ကိုက်ညှိ ရေးဆွဲရတာတွေလည်း ရှိပါတယ်။ ပုံနှိပ် ဖော်ပြ လိုက်တဲ့ အခါ နိုင်ငံတဝှမ်း စာဖတ်သူ အများစုဆီ ရောက်ရှိသွားတယ်၊ သိမြင်သွားစေတာ ကြောင့်လည်း ပါတာပေါ့” လို့ ပန်းချီမောင်ဒီက ပြောပါတယ်။

ပန်းချီမောင်ဒီဟာ အညာသားရုပ်သွင် ရှိပြီး စကားကို အားပါးတရ ပြောတတ်သူပါ။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ပြောပြတတ်ပါတယ်။ သူ့ရဲ့ လေညင်းလေး ဆိုတဲ့ ကဗျာကို သုမောင်က လည်းကောင်း၊ သိမ်းငှက်ပျိုတို့ရဲ့ ဘဝအစ ဆိုတဲ့ ကဗျာကို အဆိုတော် ခင်မောင်တိုး ကလည်းကောင်း သီချင်းအဖြစ် သီဆိုခဲ့ပါတယ်။

ပန်းချီမောင်ဒီရဲ့ ပြပွဲ ဖိတ်စာမှာလည်း “Painting for Eyes, not for Ears. Brain is a Memory Box. It is a Computer. It is not a Man. It has no heart. You can feel.” လို့ အတွေးဒဿနဲ့ ကဗျာအလှတချို့ ပေါင်းစပ် ဖော်ပြထားတာ တွေ့ရပါတယ်။

“ပန်းချီကားကို အမြင်ဘာသာစကားနဲ့ ကြည့်ဖို့ပါ၊ အကြားကို မရှာပါနဲ့။ ဦးနှောက်ဆိုတာ သိမှတ်စရာတွေ သိမ်းဆည်း ထားရာ သေတ္တာ တခု။ သိမ်းဆည်းသိုမှီးရုံ သက်သက်ဆို ကွန်ပျူတာ စက်တလုံးသာ ဖြစ်တယ်။ လူသား မဟုတ်၊ သိမြင် ခံစားတတ်တဲ့ နှလုံးသား လည်းမရှိ။ နှလုံးသား ရှိသူ၊ သိမြင် ခံစားနိုင်သူ သင် ခံစားနိုင်ဖို့” တဲ့။

Your Thoughts …
Tags: Entertainment
နိုင်စွမ်း

နိုင်စွမ်း

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.3k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.5k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10.1k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

Next Post
မောင်မောင်ဖောင်တိန်/ဧရာဝတီ

ဒီဘဝဒီမျှနဲ့သာ

လှေစီးပြေး ဒုက္ခသည် ၁၂၆ ဦး ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပေးမည်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved