• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီတပတ် ဖတ်စရာ

by ဝေယံအောင်
2 January 2017
in Lifestyle
A A
ဒီတပတ် ဖတ်စရာ
26.5k
VIEWS
Share on FacebookShare on Twitter

“Modern Art ကို မသိတဲ့ နိုင်ငံရေးသမားဟာ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုမှ ဦးမဆောင်သင့်ဘူးလို့ ထင်တယ်။ သူတို့နဲ့ စကားပြောရတာ ခက်တယ်” လို့ ဆရာမောင်ဒီက ဆိုထားပါတယ်။ ကိုမျိုး ( I.R ) ရဲ့ Treasure Land မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးတွေကို တပေါင်းတည်း ထုတ်ဝေထားတာပါ။

စာအုပ်မှာ ဆရာ မောင်ဒီ၊ ဆရာ ခင်မောင်ညွန့် (မိုးကုတ်)၊ ဆရာ ဝင်းဖေမြင့်၊ ဆရာ မုတ်သုန်၊ ဆရာ ဖေညွန့်ဝေ၊ ဆရာစိုးနိုင် ၊ ဆရာ ငြိမ်းချမ်းဆုတို့ရဲ့ အနုပညာ ဘဝဖြတ်သန်းမှုတွေကို ဖတ်ရမှာ ဖြစ်သလို ဆရာများရဲ့ ပန်းချီ လက်ရာတွေကိုလည်း ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၄၀ဝ၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးဆရာ – ကိုမျိုး ( I.R )
စာအုပ်အမည်-  အရောင်များနှင့် စကားပြောခြင်း
အမျိုးအစား-  ပန်းချီအနုပညာဆိုင်ရာ အင်တာဗျူး

ဝိုင်အမ်ဘီအေ အသင်း၊ သူရိယ သတင်းစာတို့ကို စတင် တည်ထောင်တာကစလို့ ၂၁ ဦးအဖွဲ့၊ ခွဲရေးအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့၊ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့၊ ပြည်ချစ် မဟာမိတ်အဖွဲ့တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဘကြီး ဘဘေရဲ့အတ္ထုပ္ပတ္တိကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

အောင်မြတ်ဦး ရေးသားပြီး Quality အယ်ဒီတာအဖွဲ့က ဝိုင်းဝန်း တည်းဖြတ်ထားတာပါ။ ဘကြီးဘဘေ စာအုပ်မှာ အပိုင်း (၁) ငယ်ဘဝအစ (သို့မဟုတ်) မောင်ဘဘေဟု ခေါ်သည်၊ အပိုင်း (၂) ဦးဘဘေ (သို့မဟုတ်)  ရုန်း၍ကန်၍ ရင်ဆိုင်သူ၊ အပိုင်း (၃) ဦးဘဘေ (ဘကြီးဘဘေ) ၏ ဘဝရေဆန်ခရီးနှင့် နောက်ဆက်တွဲ သမိုင်းဖြစ်စဉ်များကို လေ့လာခြင်းတို့ ပါဝင်ပါတယ်။

ဒီနေ့ခေတ်မှာ စာအုပ်အထူကြီးတွေကို အချိန်ပေးဖတ်ရှုဖို့ ခက်တဲ့အတွက် စာမျက်နှာ၊ စာအုပ် အပြင်အဆင်၊ စာအုပ်ဆိုဒ်၊ စာအုပ်တန်ဖိုးကိုလည်း သင့်တင့်မျှတအောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Quality Publishing House က တန်ဖိုး ၂၅၀ဝ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
312

စာရေးဆရာ – အောင်မြတ်ဦး
စာအုပ်အမည် – ဘကြီးဘဘေ
အမျိုးအစား –  အတ္ထုပ္ပတ္တိ

“၂၁ ရာစုပင်လုံနှင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရက တဖက်သတ် ကြေညာလိုက်ပြီး (ဗိုလ်နေဝင်း ခေတ်ကလည်း ကြေညာခဲ့ဖူးပါသည်) ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ (ဝါ) ၂၁ ရာစုပင်လုံကို ကျင်းပပါက မည်မျှ ကောင်းလိမ့်မည်နည်းဟု တွေးတော သုံးသပ်ရပါတော့သည်” လို့ မောင်မောင်စိုးက ဆိုပါတယ်။

ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ သုံးသပ်ချက်စာအုပ်မှာ ခေါင်းစဉ်ကြီး ၂ ခုပါဝင်ပြီး ၂၁ ရာစုပင်လုံနဲ့ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပိုင်း ၇ ပိုင်း၊ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား သုံးသပ် ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပိုင်း ၁၁ ပိုင်းတို့ ပါဝင်ပါတယ်။

နောက်ဆက်တွဲအဖြစ် အတိုအကောက် စာလုံးများရဲ့ အနက်အဓိပ္ပာယ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြပေးထား ပါတယ်။ Ethnic Studies Center က တန်ဖိုး ၂၀ဝ၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။

စာရေးဆရာ –  မောင်မောင်စိုး
စာအုပ်အမည် –  ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ သုံးသပ်ချက်
အမျိုးအစား –  နိုင်ငံရေး

အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး တိုက်ပွဲအကြောင်းကို ရေးသားနိုင်ဖို့ မူရင်း စာရေးဆရာနှစ်ယောက်က စာအုပ်စာတမ်းပေါင်း များစွာကို လေ့လာခဲ့ပြီး လူပေါင်း ၃၀ဝ၀ လောက်ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သန်းခေါင်ယံ လွတ်လပ်ရေး စာအုပ်မှာ မဟာရာဇာတွေရဲ့စည်းစိမ်ယစ်မူးပုံ၊ အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေစပြီး နယ်ချဲ့ကျူး ကျော်ပုံကစလို့ မဟတ္တမဂန္ဒီ လုပ်ကြံခံရပြီး ဗြိတိသျှစစ်သားတွေ ပြည်တော်ပြန်တဲ့အထိ အခန်းပေါင်း ၂၀ နဲ့ ဇာတ်လမ်းဆင် ရေးသားထားပါတယ်။

စာအုပ်မှာ ဂန္ဒီကြီးထက် အိန္ဒိယဘုရင်ခံချုပ် မောင့်ဘက်တန်ကို အသားပေးတယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ ဂယက်ရိုက် ခဲ့ပေမယ့် အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကတော့ ဖတ်ဖြစ်အောင် ဖတ်သင့်တဲ့စာအုပ်လို့ လွှတ်တော်မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရာပြည့်စာအုပ်တိုက်က တန်ဖိုး ၆၀ဝ၀ နဲ့ ဖြန့်ချိထားပါတယ်။

စာရေးဆရာ-  မောင်ပေါ်ထွန်း (ဘာသာပြန်)
စာအုပ်အမည်-  သန်းခေါင်ယံ လွတ်လပ်ရေး
အမျိုးအစား-  ဘာသာပြန်   

Your Thoughts …
Tags: Book
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

၀တ္တု, ဗီဒီယို, လိင်, စာနယ်ဇင်း, လွတ်လပ်ခွင့်

အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား

by စည်သူအောင်မြင့်
20 June 2014
71.7k

သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်း ခေါ်တယ်။ အဲဒီ အခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံ တာဟာ အမှား ကျူးလွန်တာ မဟုတ်ဘူး ဆိုတာမျိုးလည်း အသေအချာ...

ဦးနေဝင်း, အာဏာရှင်ဟောင်း, ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ, အေးနေဝင်း, မြတ်ခိုင်, ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်

အေးနေဝင်း ပြောသော သူ့အဘိုး အကြောင်း

by ရန်ပိုင်
26 February 2014
26k

ဦးနေ၀င်း မိသားစုသည် မြန်မာ့သမိုင်း တကွေ့တွင် ထဲထဲဝင်ဝင် ပတ်သက် ခဲ့သူများ ဖြစ်လေရာ၊ ညောင်မြစ် တူး၍ ပုတ်သင် ဥများ ပေါ်လာလေ မည်လား ဆိုကာ မျှော်တလင့်လင့်နှင့် ဖတ်ဖြစ်၏

ဒေါက်တာဘမော်ရဲ့ သမီး၊ ဗိုလ်ရန်နိုင်ရဲ့ ဇနီး

ဒေါက်တာဘမော်ရဲ့ သမီး၊ ဗိုလ်ရန်နိုင်ရဲ့ ဇနီး

by နှင်းဝဿန်
2 July 2015
23.8k

ဒေါ်တင်ဇာမော်နိုင်က မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင် စစ်ကြောရေး စခန်းတွင်လည်း နှစ်နှင့်ချီ၍ လေးလအရွယ် သားကလေးနှင့် အတူနေခဲ့ရသည်

စွမ်းအားရှင

စွမ်းအားရှင်၊ စစ်ထောက်လှမ်းရေးနှင့် စရဖ

by မောင်ရိုး
14 August 2014
11.2k

သူဟာ ဘယ္လိုလူလဲ။ ကြံ့ခိုင်ရေး ထဲမှာရော၊ စစ်ထောက်လှမ်းရေး မှာရော၊ စရဖ အဖွဲ့ထဲမှာရော ထဲထဲဝင်ဝင် သိနိုင်တဲ့သူ ဖြစ်နိုင်တယ်။ သူ့ကိုလည်း ခပ်ရွံ့ရွံ့ ဖြစ်သွားမိပါတယ်။

ဘူးလက်လှဆွေ

သို့ … ဒိ (ပ) စမတ် ဘူးလက်လှဆွေ

by K ငြိမ်းချမ်း
28 May 2015
23.7k

အဲဒီလို တိုက်ခဲ့တာ တဘက်က ဘယ်သူတွေထင်လို့တုန်း၊ သိချင်မှာပေါ့။ ထိုင်းလား၊ တရုတ်တွေလား၊ အိန္ဒိယတွေလား … မဟုတ်ပါဘူး။ တနင်္သာရီတိုင်း KNU တပ်မဟာ ၄ မင်းသမီးစခန်း တိုက်ပွဲမှာတဲ့ခင်ဗျာ။ ပြည်ထောင်စုဖွားချင်း၊ နည်းတဲ့ သတ္တိလား

ကျော်ဟိန်း, အောင်သင်း, အင်တာဗျူး, စာပေစိစစ်ရေး

ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ

by တူးတူးသာ
20 December 2014
34.5k

ဆရာ ဦးအောင်သင်း မမေးခဲ့တာတော့ မဖြစ်နိုင်၊ ထိုခေတ်က စိစစ်ရေး ဓားချက်ထဲ ပါသွားခြင်း ဖြစ်မည်ဟု ကျမ ယူဆသည်။ တပ်ကိစ္စ၊ ထောင်ကိစ္စ ဆိုတာက ထိုစဉ် အချိန်က တကယ့် ဆတ်ဆတ်ထိ မခံ Issue...

Next Post
ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ဒေသခံဘင်္ဂါလီမွတ်စလင်များကို တွေ့ဆုံမေးမြန်းနေပုံ / နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဘင်္ဂါလီများကို ရိုက်နှက်ခဲ့သည့် ဗီဒီယိုဖိုင်ပါ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးစစ်ဆေးနေ

Samsung Mobile Application Training Roadshow / Samsung Myanmar

မြို့ကြီး ၄ မြို့မှာ ကျင်းပခဲ့တဲ့ Samsung Mobile Application Training Roadshow

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved