• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“လွတ်လပ်ဖို့ စာဖတ်ကြစို့” ဟောပြောပွဲပြုလုပ်

by ထက်ဦးဝေ
26 April 2017
in Lifestyle
A A
ကမ္ဘာ့စာအုပ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲ  / ထက်ဦးဝေ / ဧရာဝတီ

ကမ္ဘာ့စာအုပ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲ / ထက်ဦးဝေ / ဧရာဝတီ

3.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့စာအုပ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ British Council မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအထိမ်းအမှတ်ပွဲမှာ စာရေးဆရာမ မသီတာ (စမ်းချောင်း)မှ “လွတ်လပ်ဖို့ စာဖတ်ကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

လူတွေဟာ သူများအကြိုက်တွေ လိုက်လုပ်နေရင်း မိမိရဲ့ လွတ်လပ်ခွင့်တွေကို ဆုံးရှုံးမှန်းမသိ ဆုံးရှုံးလိုက်ရတယ် ဆိုတဲ့အချက်ကိုလည်း မြင်သာအောင် အခု လူအများသုံးစွဲနေတဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက်နဲ့ ဥပမာပေး ပြောကြားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ကျမတို့ ဒီလိုတင်ရင် သူတို့ Ha Ha ဆိုပြီး ပေးကြမယ်။ ဟိုလိုတင်ရင် like လုပ်မယ်၊ ဟိုလိုတင်ရင်တော့ angry လုပ်မယ်ဆိုတာကို ကြောင့်ကျပြီးတော့ like များများရရေးတွေ လိုက်လုပ်နေကြတော့ ကျမတို့ လွတ်လပ်ခွင့်က ဘယ်မှာလဲ။ ဘာကြီးဖြစ်နေဖြစ်နေ၊ ဘယ်သူကပဲ ထောက်ခံသည်ဖြစ်စေ၊ ရှုံ့ချသည်ဖြစ်စေ ကိုယ်သတ်မှတ်ထားတဲ့ စံနဲ့ ကိုယ်သတ်မှတ်ထားတဲ့ တန်ဖိုး ကိုယ်သတ်မှတ်ထားတဲ့ ယုံကြည်ရာမှာ ဘယ်နည်းမှ ပြောင်းလဲစရာအကြောင်းမရှိဘူး။ အဲလိုမနေနိုင်သ၍ ကျမတို့ လွတ်လပ်တယ်လို့ မခေါ်နိုင်သေးဘူး” လို့ ဆရာမ မသီတာ (စမ်းချောင်း) က ပြောခဲ့ပါတယ်။

ဒီတော့ ဒီလိုတွေ မဖြစ်ရအောင် ကဗျာ၊ ဝတ္ထု၊ ဇာတ်လမ်း စတဲ့ စာရေးဆရာ ဖန်တီးထားတဲ့၊ တွေးထားတဲ့ ဘဝအတွေးအမြင်တွေကို ဖတ်ပြီးတဲ့အခါ အဲဒိအတိုင်း တသွေမတိမ်း လုပ်ဖို့မလိုတာက ရသစာပေဖြစ်တယ်။ ဒါကြောင့် ရသစာပေသည် လွတ်လပ်မှုကို ပေးစွမ်းနိုင်တယ်။ ရသစာပေဟာ ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့ စွမ်းရည်ကို တိုးတက်စေပြီး၊ လွတ်လပ်တဲ့ ဖန်တီးနိုင်မှုကို ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။

စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း စာရေးသူရော စာဖတ်သူပါ လွတ်လပ်တဲ့အတွေးအမြင် ရှိဖို့ လိုအပ်ကြောင်း၊ ဒီလိုဖြစ်လာဖို့လည်း စာများများ ဖတ်ဖို့လိုကြောင်း၊ ဒါမှသာ မိမိမသိတဲ့ ဘဝတွေရဲ့ အခြေအနေနဲ့ အကြောင်းအရာတွေကိုပါ သိမြင်ခံစားနိုင်မှာဖြစ်ကြောင်း၊ ဒီလိုမှသာ အကြောင်းသင့်အကျိုးသင့် စဉ်းစားတွေးခေါ်နိုင်မှာဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

“စာပေလွတ်လပ်ခွင့် အစစ်ဖြစ်လာဖို့ဆိုရင် မိမိကိုယ်တိုင်က ဖန်တီးစဉ်မှာဖြစ်စေ၊ ဖတ်ရှုစဉ်မှာဖြစ်စေ အဲဒီလွတ်လပ်မှုကို ထိန်းသိမ်းထားဖို့ လိုပါတယ်၊ အဲလိုမဟုတ်ပဲ ဖန်တီးစဉ်မှာလည်း ဒီလိုဆိုရင်တော့ ဈေးကွက်ဝင်မှာပဲ ဒါမျိုးများများရေးရမယ်၊ ဒါဆိုရင်တော့ မဖြစ်ဘူး၊ အဖမ်းခံရနိုင်တယ်၊ ရှောင်ရမယ်၊ ဒီလိုရေးရင်တော့ ဘယ်အုပ်စုက လာပြီး စစ်ဆေးလိမ့်မယ်၊ မရေးဘူး စသည်ဖြင့် ကျမတို့ ကိုယ်တိုင်က အဲဒီလို တွေးနေရင် ကျမတို့ရဲ့ စာပေလွတ်လပ်ခွင့်ဟာ ပျောက်ကွယ်သွားနိုင်တယ်” လို့ သူက ရှင်းပြါတယ်။

“ဖတ်ရှုသူများကလည်း ဟာ ဒါတော့ဖြင့် ဖတ်လို့ကောင်းတယ်၊ ငါနဲ့ တထပ်တည်းမို့လို့။ ဟိုတခုတော့ဖြင့် မဖတ်တော့ဘူး၊ သူပြောတာတွေ ငါမကြိုက်ဖူး၊ အဲဒီလို ဖြစ်နေတဲ့အချိန်တွေဟာဆိုရင် ကျမတို့ဟာ ကိုယ့်ကိုကိုယ် အင်မတန် ကျဉ်းမြောင်းတဲ့ ဘောင်လေးတခုထဲမှာ ရှင်သန်အောင်လို့ လုပ်နေတာနဲ့ အတူတူပဲ ဖြစ်တယ်။ ဒါကြောင့် စာကို အများကြီးဖတ်စေချင်တယ်။ အစုံဖတ်စေချင်တယ်” လို့ ဆက်ပြောခဲ့ပါတယ်။

ဧပြီ ၂၆ ရက်နေ့က British Council မှာပြုလုပ်တဲ့ ဟောပြောပွဲမှာ ဆရာမ မသီတာ (စမ်းချောင်း)ဟာ “လွတ်လပ်ဖို့ စာဖတ်ကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ တနာရီကြာ ဟောပြောသွားခဲ့ပါတယ်။ တကယ့်ကို တန်ဖိုးရှိပြီး နားထောင်လို့ကောင်းတဲ့ မှတ်သားသင့်၊ နာယူသင့်၊ လိုက်နာသင့်၊ ကျင့်ကြံသင့်တဲ့ အချက်အလက်၊ အမူအကျင့်ပေါင်း များစွာ ပါဝင်ပြီး မိမိရဲ့ လွတ်လပ်ခွင့်နဲ့ မျှော်လင့်တောင့်တနေကြတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တည်လာရေးဟာ မိမိတို့ တဦးချင်းစီမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Your Thoughts …
Tags: စာပေ
ထက်ဦးဝေ

ထက်ဦးဝေ

ဧရာဝတီ

Similar Picks:

သီပေါမင်းနှင့် စုဖုရားလတ်

သီပေါမင်းကို ရည်းစားစာရေးပေးရသူ

by ကိုရွှေအောင်
6 September 2022
9.8k

ရည်းစားစာပေး ဆိုတာကို ခုခေတ်ဆယ်ကျော်သက်ကလေးတွေ နားလည်မယ် မထင်။ "ငှက်ခါးလေးတွေ အခါခါနားလို့ ... သက်ထားလေးဆီ စာလွှာပါးရင်း” သီချင်းဆိုပြရင်လည်း ပိုပြီးနားဝေးသွားမယ်ထင်ပါ့။

ထင်းရှူးပင်ငယ် ပုံပမာ

ထင်းရှူးပင်ငယ် ပုံပမာ

by မောင်ဖေသန်း
20 April 2024
357

အကိုင်း အခက်ကလေးများသည် ဥယျာဉ်မှူးတို့ ဖြတ်ထားသည့် အတိုင်း မနေတော့ဘဲ ရှည်ထွက် လာကြသည့် အလျောက် လှသည်ဟူ၍ ဥယျာဉ်မှူးတို့ ဖန်တီးထားသည့် ပုံသဏ္ဌာန်များသည် ပီသခြင်း မရှိတော့ပါ။

မစ္စ အင်နာအဲလော့ နှင့် မြန်မာစကား၊ မြန်မာစာ

မစ္စ အင်နာအဲလော့ နှင့် မြန်မာစကား၊ မြန်မာစာ

by မောင်ခင်မင် (ဓနုဖြူ)
14 December 2025
337

ဆရာမသည် လန်ဒန် တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိက ပညာသင်ကျောင်း (SOAS) တွင် ဆရာကြီး ဒေါက်တာ လှဘေ ထံမှ မြန်မာစကား၊ မြန်မာစာ သင်ယူ ဆည်းပူးခဲ့သော တပည့်ရင်း…

မောင်လူအေး မဟုတ်သော မှတ်တမ်းဝင် ဇာတ်လမ်းစဉ်များ

သိပ္ပံမောင်ဝ၏ ဝတ္ထုမမည်သော ဇာတ်လမ်းစဉ်များ

by ကိုရွှေအောင်
21 September 2022
4.8k

ဝတ္ထုလည်းမမည်၊ ဆောင်းပါးလည်း မဟုတ်ပြန်ပေမယ့် သိပ္ပံမောင်ဝလေအတိုင်း စာလေးတွေက ဖတ်ကောင်းတယ်။

မစ္စစ် မီနာမီဒါ နှင့် မြန်မာစကား မြန်မာစာ

မစ္စစ် မီနာမီဒါ နှင့် မြန်မာစကား မြန်မာစာ

by မောင်ခင်မင် (ဓနုဖြူ)
16 November 2025
230

“စစ်အတွင်းက ဂျပန်တွေရဲ့ အပြုအမူကြောင့် မြန်မာ လူမျိုးများကို အားနာနေပါတယ်” ဟူသော ဆရာမ၏ စကားကလည်း မြန်မာ လူမျိုးအပေါ် ထားသော ဆရာမ၏ စေတနာကို ဖော်ပြလျက်…

ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။

ဒေါက်တာ အောင်ကြီးရဲ့ လူတွေ လူတွေ

by ကိုရွှေအောင်
29 August 2022
7.2k

ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။

Next Post
သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ မြေနေရာ / မျိုးမင်းစိုး / ဧရာဝတီ

ကျောင်းသား သမဂ္ဂ အဆောက်အအုံ အတွက် ကျပ် ၅.၂ ဘီလီယံ ခွင့်ပြု

Hottest Property Deals in Myanmar Expo ပြပွဲ၏ သတင်းစာရှင်းလင်းပွဲ  / ဧရာဝတီ

Hottest Property Deals in Myanmar Expo အိမ်ခြံမြေပြပွဲ ကျင်းပမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved