• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“ဗိုလ်ချုပ်မွေးနေ့” အတွက် မြန်မာနိုင်ငံက ကျောင်းသားသမဂ္ဂတွေ ဘာတွေလှုပ်ရှားဖို့ရှိလဲ

by ဖေသက်ထက်ခင်
13 February 2018
in Lifestyle
A A
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း / wikipedia

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း / wikipedia

3.9k
VIEWS
Share on FacebookShare on Twitter

ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်နေ့) မှာ ကျရောက်တဲ့ “ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ၊ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့၁၀၃ နှစ်မြောက်မွေးနေ့” အထိမ်းအမှတ်အဖြစ် လက်ရှိ မြန်မာနိုင်ငံက ကျောင်းသား သမဂ္ဂတွေက ဘာတွေ လှုပ်ရှားကြမလဲ။

တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေထဲက လက်လှမ်းမှီသလောက် ကျောင်းတွေကို စုစည်း ဖော်ပြထားခြင်း ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
115
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (နေပြည်တော် ၊ရေဆင်း)

နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်မှာ ရှိတဲ့ ရေဆင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂများ ကွန်ယက်(စိုက်ပျိုးရေး ၊သစ်တော ၊မွေးဆေး) အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းခဲ့တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်တဲ့ စကားဝိုင်း နဲ့ ကဗျာရွတ်ပွဲ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းခဲ့တဲ့ “ကိုအောင်ဆန်း ၊ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဦးအောင်ဆန်း” ဆိုတဲ့ ခေါင်းစဉ် ၃ ခုကို လက်ရှိ နိုင်ငံရေး အခြေအနေတွေ နဲ့ ချိန်ထိုးဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဇေယျာဝင်းထိုက်က ရှင်းပြပါတယ်။

ကိုဇေယျာဝင်းထိုက်က “ကိုအောင်ဆန်း ကျောင်းသား သမ္မဂ ဘဝနဲ့ လက်ရှိ ကျောင်းသားသမ္မဂတွေကို ချိန်ဆကြမယ်။ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးယူရတဲ့ ဘဝနဲ့လက်ရှိ ဗိုလ်ချုပ်တွေ၊ လက်ရှိတပ်မတော်ရဲ့ အခန်းကဏ္ဍတွေနဲ့ ချိန်ဆမယ်။ ဦးအောင်ဆန်း နိုင်ငံရေးကြိုးပမ်းမှုတွေနဲ့ လက်ရှိ ပါတီနိုင်ငံရေးသမားတွေနဲ့ ချိန်ဆပြီး ဆွေးနွေး အတုယူကြမယ်” ဆိုပြီး အစီအစဉ်ကို ရှင်းပြပါတယ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (ဓာတ်ပုံ – wikipedia)

ဒီစကားဝိုင်းနဲ့ ကဗျာရွတ်ပွဲမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ ကျောင်း ၃ ကျောင်းလုံးကို ဖိတ်ခေါ်ထားပြီး မနှစ်က စတင် ကာ အခုလို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

ဆေးတက္ကသိုလ် -၂ (ရန်ကုန်) ကျောင်းသားများသမဂ္ဂ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရှိတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေ အနေနဲ့ကတော့ မေဓာဝီ ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ လူနာရှင်တွေကို ပဲပြုတ်နဲ့ နံပြား ကျွေးပြီး စတုဒီသာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

လက်ရှိ ရန်ပုံငွေ အနေအထားအရ လူဦးရေ ၁၀၀ အတွက် ကျွေးမွေးဖို့ လျာထားတယ်လို့ အဲဒီသမဂ္ဂရဲ့ ဘဏ္ဍာရေးတာဝန်ခံက ပြောပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

“ဗိုလ်ချုပ်မွေးနေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဗိုလ်ချုပ်သီချင်း ဗိုလ်ချုပ်ရဲ့ကျောင်းသားဘဝ၊ ဗိုလ်ချုပ်ရဲ့လူသားဆန်မှု၊ ဗိုလ်ချုပ်ရဲ့ အိမ်ထောင်သည်ဘဝ၊ စစ်သားဘဝ၊ ဗိုလ်ချုပ် လုပ်ကြံခံရတဲ့ အခန်းတွေ ပါဝင်တဲ့ ဗိုလ်ချုပ်ပြဇာတ်” တို့ကို တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (ဓာတ်ပုံ – wikipedia)

ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတမေးခွန်းတွေကို မေးမြန်းပြီးအဖြေမှန်တဲ့ သူကို ဆုချီးမြှင့်တာမျိုး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့နဲ့အတူ ဒဂုံတက္ကသိုလ်လုံးဆိုင်ရာ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကိုပါ ပူးတွဲကျင်းပသွားမှာ ဖြစ်ပါတယ်။

မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အနေနဲ့ကတော့ တစုံတခုသော နိုင်ငံရေးပါတီတွေနဲ့ မဆက်နွယ်တဲ့ အဖွဲ့အစည်းများအားလုံးရဲ့ ဗိုလ်ချုပ်မွေးနေ့အတွက် လှုပ်ရှားမှုမှန်သမျှ ပူးပေါင်း ဆောင်ရွက်သွားဖို့ပြင်ဆင်ထားပါတယ်။ အရင်နှစ်တွေက ဗိုလ်ချုပ်သမိုင်းနဲ့ ပတ်သက်တဲ့ လက်ကမ်း စာစောင်တွေ၊ ကဗျာတွေ ဖြန့်ဝေတာမျိုး ဆောင်ရွက်ခဲ့တယ်လို့လည်း အဆိုကျောင်းသားသမဂ္ဂ ဥက္ကဌက ပြောပါတယ် ။

မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာ တက္ကသိုလ် (မိတ္ထီလာ) ကျောင်းသားများသမဂ္ဂ

ကျောင်းဝန်းထဲမှာ ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ပဲပြုတ်နံပြားကျွေးမွေးဖို့စီစဉ်ထားပြီး အခုလို ဆောင်ရွက်လာတာ ၆နှစ်ရှိပြီလို့လည်း သိရပါတယ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (ဓာတ်ပုံ – wikipedia)

ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ပြည်တက္ကသိုလ်ကတော့ ကျောင်းမှာ သီးသန့်ပွဲ ကျင်းပတာမျိုး မဟုတ်ဘဲ ပြည်မြို့မှာရှိတဲ့ ဗိုလ်ချုပ်ချစ်သူများ ဆောင်ရွက်မယ့် အစီအစဉ်တွေမှာ သွားရောက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

Your Thoughts …
Tags: ဗိုလ်ချုပ်အောင်ဆန်း
ဖေသက်ထက်ခင်

ဖေသက်ထက်ခင်

ဧရာဝတီ

Similar Picks:

၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀နာရီ ၃၇မိနစ်တွင် မသမာသူတို့၏ လုပ်ကြံခြင်းကို ခံရပြီး ကွယ်လွန်ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများ

မမေ့နိုင်တဲ့ ၁၉ ဇူလိုင်

by ဧရာဝတီ
19 July 2022
8.1k

၁၉၃၇ တို့ဗမာ အစည်းအရုံး အမှုဆောင်ဖြစ်လာပြီး သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ဝင်ရွေးခံ၍ ဥပဒေပြု လွှတ်တော်သို့ ဝင်ခဲ့သည်။ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ ရက် အတွင်းဝန်ရုံး ဝိုင်းသည့် သပိတ်တွင် ကျောင်းသား များ...

ဒီးဒုတ် ဦးဘချို နှင့် ဗိုလ်ချုပ် အောင်ဆန်း

ဗိုလ်ချုပ် ဆန္ဒ နှင့် ဆရာ့ဝါသနာ

by မင်းသုဝဏ်
18 July 2017
12k

ဗိုလ်ချုပ်အကြောင်းကို တွေးမိလိုက်လျှင် ရယ်လည်းရယ်ချင်မိသည်။ အားလည်း အားကိုးမိသည်၊ ကြည်လည်း ကြည်ညိုမိ သည်။ သူ့ကိုစ၍ သိရစဉ်အခါက သူ့မှာ ကျောင်းသား။ ကျနော်က နည်းပြဆရာပေါက်စ၊

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

ဗိုလ်ချုပ်အောင်ဆန်း

လွန်ခဲ့သည့် ၇၂နှစ်က ဆိုရန်တိုဗီလာ စီမံကိန်း

by ဝေယံအောင်
6 June 2019
10k

စီမံကိန်းရေးဆွဲမှုလုပ်ငန်းများမပြီးမီ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသဖြင့် ဆိုရန်တိုဗီလာ အစီအစဉ်များသည် အကောင်အထည်မပေါ်ခဲ့ချေ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မင်းအောင်လှိုင် ဘာကြောင့်ဖယ်ရှားသလဲ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို မင်းအောင်လှိုင် ဘာကြောင့်ဖယ်ရှားသလဲ (ရုပ်/သံ)

by ဧရာဝတီ
10 August 2025
510

ပဲခူးတိုင်း၊ ပဲခူးမြို့လယ် လမ်းဆုံမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင် အဖွဲ့က ဩဂုတ်လ ၇ ရက်နေ့ညသန်းခေါင်ယံအချိန်မှာ ဖြိုချဖယ်ရှားခဲ့တယ်လို့ ပဲခူးမြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။

ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့

ပင်လုံ စိတ်ဓာတ်သည်မှ ပင်လုံသစ္စာဆီသို့

by ဧရာဝတီ
12 February 2022
9.5k

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အကျပ်အတည်းများ၊ အတိဒုက္ခမျိုးစုံသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ထားသည့် ပင်လုံစာချုပ် ကတိသစ္စာအပေါ် သွေဖယ်ဆန့်ကျင်မှုကြောင့် ပင်လုံကျိန်စာသင့်နေခြင်းလောဟု စာရေးသူ ခွန်းမတ်ရ်ကိုဘန်က သူ့ရဲ့အမှာစာမှာ မေးခွန်းထုတ်ထားသည်။

Next Post
ရုပ်ရှင်မင်းသား Joaquin Phoenix / WENN

မူရင်း The Joker ရုပ်ရှင်မှာ မင်းသား Joaquin Phoenix ပါဝင်မည်ဟု သတင်းများထွက်ပေါ်

အဆိုတော် ရေဗက္ကာဝင်း  / ယုဖြူဟန် / ဧရာဝတီ

တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ရေဗက္ကာဝင်းရဲ့ ကချင်သီချင်းခွေ “Maka”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved