ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများတွင် ကိုဗစ်ကူးစက်ရောဂါ ဗီဇပြောင်းပိုး ရှိ/ မရှိကို စစ်ဆေးမှုများ လုပ်ဆောင်နေ ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
၎င်းက “နိုင်ငံခြားက ပြန်လာပြီးတော့ ပိုးတွေ့တဲ့လူတွေကိုလည်း သူတို့မှာ ဗီဇပြောင်းပိုး ရှိ/ မရှိကို စစ်ဆေးမှုတွေ ဆောင် ရွက်ဖို့အတွက် လုပ်ဆောင်နေတယ် ဆိုတာ ပြောပါရစေ” ဟု ဆိုသည်။
ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ အခြေ အနေအထိ ကိုဗစ်ရောဂါ ဗီဇပြောင်းပိုး မတွေ့ရသေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံက သိရသည်။
“ယူကေမှာဆိုရင် ဗီဇပြောင်းပိုး တွေ့ရတယ်။ ဒါ့ပြင် တောင်အာဖရိကမှာလည်း ဗီဇပြောင်းပိုးက ရှိနေတယ်။ ဒါ့ပြင် နိုင်ဂျီးရီးယားမှာ ဇန်နဝါရီလ ၃ ရက်မှာ ဗီဇမျိုးကွဲ အသစ်ကလည်း အထူးဂရုစိုက်ရမယ့် ဗီဇမျိုးကွဲသစ် ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အဲဒီ ဗီဇပြောင်းပိုး ၃ ခုကတော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားရှိတဲ့ အတွက် ကြောင့်မို့လို့ ပိုပြီးတော့ အထူး ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်”
ဆက်လက်၍ ဒေါက်တာ ခင်ခင်ကြီးက “ယူကေမှာဆိုရင် ဗီဇပြောင်းပိုး တွေ့ရတယ်။ ဒါ့ပြင် တောင်အာဖရိကမှာလည်း ဗီဇပြောင်းပိုးက ရှိနေတယ်။ ဒါ့ပြင် နိုင်ဂျီးရီးယားမှာ ဇန်နဝါရီလ ၃ ရက်မှာ ဗီဇမျိုးကွဲ အသစ်ကလည်း အထူးဂရုစိုက်ရမယ့် ဗီဇမျိုးကွဲသစ် ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အဲဒီ ဗီဇပြောင်းပိုး ၃ ခုကတော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားရှိတဲ့ အတွက် ကြောင့်မို့လို့ ပိုပြီးတော့ အထူး ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
ဂျော်ဒန်နိုင်ငံမှ ကယ်ဆယ်ရေး လေယာဉ်နှင့် ပြန်ရောက်လာသူ ၁၇၂ ဦးကို စစ်ဆေးရာ ၆၃ ဦးတွင် ကိုဗစ်ရောဂါ ပိုးတွေ့ ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများကို စစ်ဆေးရာတွင် ဂျော်ဒန်နိုင်ငံမှ ပြန်လာသူများတွင် အများဆုံး တွေ့ရှိရခြင်း ဖြစ်ပြီး အခြားနိုင်ငံများမှ ပြန်ရောက်လာသူများတွင် တဦး၊ နှစ်ဦးခန့်သာ တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်း မာရေးနှင့် ကုသရေး ဦးစီးဌာနက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုညွန်ကြားရေးမှူးချူပ် ဒေါက်တာ ထွန်းမြင့်က “ဂျော် ဒန်နိုင်ငံမှာလည်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလို အစုလိုက် တွေ့ခြင်းဟာ ဗီဇပြောင်း B.1.1.7 များ ဖြစ်နေမလား ဆိုပြီး ကျနော်တို့ စစ်ဆေးပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ တွေ့ရှိခြင်း မရှိသေးပါ ဘူး” ဟု ပြောသည်။
ဗီဇပြောင်းပိုး မြန်မာနိုင်ငံကို ရောက်ရှိ မလာရန်အတွက် ကာကွယ်တားဆီးမှုများ ပြုလုပ်နေပြီး အသွားအလာကန့် သတ် သည့် ကာလကိုလည်း တိုးမြှင့်ထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
ယခင်က ပြည်ပနိုင်ငံမှ မြန်မာနိုင်သို့ ပြန်လာသူများကို Hotel quarantine နှင့် Facilities quarantine ကို ၇ ရက် ထားရှိ ထားရာမှ ယခုတွင် ၁၄ ရက်သို့ ပြောင်းလိုက်ပြီး ထိုသူများသည် Home quarantine ၇ ရက် ထပ်မံနေရမည်လည်း ဖြစ် သည်။
ဒေါက်တာ ခင်ခင်ကြီးက “ဇန်နဝါရီလ ၁ ရက်က စပြီးတော့ ဗြိတိန်ရယ် မြောက်အိုင်ယာလန်က လာတဲ့လူတွေရယ်ကို ပြည် ဝင်ခွင့် ပိတ်ပါတယ်။ ဒါ့ပြင် တခြားနိုင်ငံသား ဖြစ်ပါစေ၊ အဲဒီနိုင်ငံတွေကို ခရီးသွား ရာဇဝင် ရှိခဲ့တယ်ဆိုရင် ပြည်ဝင်ခွင့် မပေး ၏ပါဘူး” ဟု ပြောသည်။
ယခင်က ပြည်ပနိုင်ငံမှ မြန်မာနိုင်သို့ ပြန်လာသူများကို Hotel quarantine နှင့် Facilities quarantine ကို ၇ ရက် ထားရှိ ထားရာမှ ယခုတွင် ၁၄ ရက်သို့ ပြောင်းလိုက်ပြီး ထိုသူများသည် Home quarantine ၇ ရက် ထပ်မံနေရမည်လည်း ဖြစ် သည်။
မြန်မာနိုင်ငံတွင် တွေ့ရှိထားသော အနည်းငယ် ပြောင်းလဲမှုရှိသည့် ကိုဗစ်ရောဂါပိုး ဗီဇ အမျိုးအစားသည် GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း) ဖြစ်ပြီး၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်ကာ ယခုတွေ့ရှိရသော ပြောင်းလဲမှု ဖြစ် စဉ်သည် ဗြိတိန်နိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံအချို့တွင် တွေ့ရသည့် ကူးစက်မြန် မျိုးဗီဇပြောင်းလဲမှု ရှိသော SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲသစ် VUI202012/01 (Lineage: B.1.1.7) နှင့် 501.V2 မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ထားသည်။
ဗြိတိန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် မျိုးဗီဇပြောင်းလဲမှု ရှိသည့် ဗိုင်းရပ်စ် မျိုးကွဲသစ် တွေ့ရှိရကြောင်း ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင်လည်း မန္တလေးမှ ကိုဗစ်အတည်ပြု ဓာတ်ခွဲနမူနာ ၁၁ ခု ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ မှ ၁၁ ခုကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
မတ်လ၂၃ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၀,၆၀၄ ဦး ရှိ နေပြီ ဖြစ်ကာ သေဆုံးသူ ၂,၈၄၆ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၁၄,၀၄၉ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ဂျပန်မှာ နောက်ထပ် မျိုးဗီဇကွဲအသစ် ကူးစက်မှု တွေ့ရှိ
သြစတြေးလျမှာ ဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်မှု တွေ့ပြီးနောက် ပြည်ဝင်ခွင့် တင်းကျပ်
ကိုဗစ်-၁၉ ကာကွယ်ဆေး ဖေဖော်ဝါရီ ရောက်မည်