• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော

by ချစ်ပိုး
3 June 2019
in Entertainment
A A
စည်ပင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း  / ဧရာဝတီ

စည်ပင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း / ဧရာဝတီ

11.6k
VIEWS
Share on FacebookShare on Twitter

လတ်တလော ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ လမ်းဘေးခွေး ပြဿနာတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်က စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက လမ်းဘေးခွေးတွေကို အဆိပ်ကျွေး သတ်တာမျိုးကိုတော့ သဘောမတူဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ထက်ကို မဲမထည့်လို့ ခွေးကိုက်ခံရတယ်ဆိုတာမျိုးတွေ ရေးနေတာ တွေ့တယ်။ တွေ့တော့ ရယ်ချင်တယ်။ အမှန်တော့ ထက်မှ မဟုတ်ဘူး။ ဘယ်သူပဲ ဒီနေရာ ရောက်လာရောက်လာ ကြိုးစားကြတဲ့သူတွေချည်းပဲ။ တယောက်နဲ့ တယောက်ကတော့ ရည်ရွယ်ချက်ခြင်း မတူကြဘူးပေါ့။ ထက် ရွေးခံရတာ မရွေးခံရတာနဲ့ တော့ မဆိုင်ဘူး။ ဘယ်သူပဲ တက်လာ တက်လာ အကောင်းဆုံး ကြိုးစားကြမှာပဲ”

“ဘယ်အရာမဆို ပြောင်းလဲဖို့က အချိန်တခုတော့ ပေးရတာပေါ့။ သူတို့လည်း ဒီအပိုင်းလေးတွေ သေချာမလုပ်ဖြစ်သေးပဲ တခြားအပိုင်းလေးတွေ အရင်လုပ်နေလို့ ဖြစ်မှာပါ။ စောင့်ကြည့်ပေးကြပါ။ ထက်လည်း စောင့်ကြည့်နေပါတယ်။ ဘယ်လို လုပ်ကြမလဲပေါ့။ ရှင်းလင်းရေးကို အဆိပ်ပစ်ကျွေး သတ်တဲ့နည်းနဲ့ လုပ်တာတော့ ထက်က သဘောမတူဘူး။ ကိုယ်ချင်းစာ စိတ်နဲ့ပေါ့”လို့ ထက်ထက်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး ထက်ထက်ထွန်းက အခုလိုမျိုး လမ်းဘေးခွေးတွေကို အဆိပ်ကျွေး သတ်တာဟာ စာနာစိတ်အရ ကြည့်မယ်ဆိုရင် မတရားဘူးလို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ကိုယ့်အသားတောင် အနာ မခံနိုင်တာ။ သူတို့လည်း အသက် တချောင်းပဲ။ သူတို့လည်း သက်ရှိသတ္တဝါတွေ။ လွတ်လပ်ခွင့်အရ၊ ဒီမိုကရေစီအရ တွေးမယ်ဆိုရင် သူတို့လည်း သက်ရှိသတ္တဝါတွေ ဒီကမ္ဘာမြေပေါ်မှာ နေချင်တဲ့နေရာ နေခွင့် ရှိတယ်။ စာနာစိတ်အရ ကြည့်ရင်တော့ မတရားဘူး။ သက်ရှိ သတ္တဝါတိုင်းပေါ်မှာ တူညီတဲ့ မေတ္တာထားသူတိုင်းက ဒီလို အဆိပ်ကျွေးသတ်တာမျိုးကို မကြိုက်ဘူး”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

“ထက်ဆိုရင်တော့ စာနာစိတ်လေးတွေ ထည့်ပြီးတော့ နှစ်ဦးနှစ်ဖက် ကောင်းအောင် လုပ်သွားမယ်လို့ အာမခံတယ်။ သက်ရှိတိုင်း အသက်ရှင်ခွင့်ရှိတဲ့ ကမ္ဘာမြေမှာ ဦးနှောက်ရှိသူတွေက အုပ်စိုးပြီး နေရာ အရင် ဦးလိုက်တယ်။ ဦးနှောက် မရှိတဲ့ တိရိစ္ဆာန်တွေကို ရက်ရက်စက်စက် မောင်းထုတ်တာမျိုး၊ နှိပ်စက်တာမျိုး မလုပ်စေချင်ဘူး”

“အဘွားတယောက်က ခွေးတွေကို အစာကျွေးပေးတယ်။ သူ့ကိုတော့ ခွေးတွေအတွက် အလှူငွေလေးတွေ ပေးဖြစ်တယ်။ ဂေဟာလေး ဆောက်ပေးချင်တယ်။ ထက်ကိုယ်တိုင်တော့ မမွေးထားပါဘူး။ ကိုယ်တိုင်က မအားတာကြောင့် သူတို့ကို နှိပ်စက်သလို ဖြစ်မှာစိုးလို့ပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။

အလှမယ် ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ်တဦး ဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာလည်း ထက်ထက်ထွန်းဟာ မဲဆန္ဒနယ် အမှတ်(၃) ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

You may also like these stories:

ရွှေအိမ်စည်အကြောင်းပြောပြတဲ့ အလှမယ်မေမြတ်နိုး

“ထိုက်တန်လို့ပေးတဲ့ မဲမျိုးရဖို့အတွက် ကြိုးစားနေတယ်”လို့ ထက်ထက်ထွန်း ပြော

ရန်ကုန်မြို့ အပြောင်းအလဲကို မြင်တွေ့ရမည်ဟု ဒု မြို့တော်ဝန် ပြော

Your Thoughts …
Tags: စည်ပင်ထက်ထက်ထွန်းလမ်းဘေးခွေး ပြဿနာ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အလှမယ် ထက်ထက်ထွန်း  / ချစ်ပိုး / ဧရာဝတီ

“သက်ငယ်မုဒိမ်း ကျင့်တဲ့ မုဒိမ်းကောင်တွေကို အရမ်း ရွံရှာတယ်”လို့ ထက်ထက်ထွန်း ပြော

by ချစ်ပိုး
27 June 2019
17.2k

“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး မိန်းမသားချင်းလည်း ကိုယ်ချင်းစာတယ်။ လူသားချင်းလည်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ ဒေါသထွက်တာတွေလည်း ရှိတယ်။ လူသားချင်း ဘာလို့ ကိုယ်ချင်း မစာမနာ လုပ်ရတာလဲ။

ထက်ထက်ထွန်း နဲ့ ယွန်းဝင့်လွှာအောင်  / Nynn Lynnhtet

မိန်းကလေးတွေကိုလည်း ချစ်တတ်တဲ့ ထက်ထက်ထွန်း

by ချစ်ပိုး
20 September 2018
19.6k

" အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ ယောကျာ်းယူဖို့ အစီအစဉ်မရှိဘူး။ တချို့တော့အသက်ကြီး လာလေလေ ယောကျာ်းမရမှာကို ပိုပို စိုးရိမ်လာကြတယ်။ ထက်ကတော့ အသက်ကြီးလာလေလေ ယောကျာ်း ယူရမှာ ကြောက်လာ လေလေပဲ။

နေပြည်တော် စည်ပင် ဧည့်ရိပ်သာ  / ဧရာဝတီ

လွှတ်တော် အမတ်တဦး၏ ချွေးမ ရွှေထည်များခိုးမှုဖြင့် ဖမ်းဆီးခံရ

by ဧရာဝတီ
14 July 2019
23.7k

ဇမ္ဗူသီရိမြို့မရဲစခန်းမှ တာဝန်ရှိသူတဦး က “သက်သေခံပစ္စည်းနဲ့တကွ ဖမ်းထားပါတယ်” ဟု ပြောကြားသည်။

ရန်ကုန် မင်္ဂလာဒုံရှိ ခွေးဂေဟာတခုရှိ ကယ်ဆယ်ခံ လေလွင့်ခွေးများ / အောင်ကျော်ထက်

ခွေးလေခွေးလွင့်တွေက တကယ့်ပြဿနာ

by သွေး (စစ်ကိုင်း)
18 August 2018
19k

ဒီရက်ပိုင်းအတွင်း ပြည်သူတွေကြား ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းတပုဒ်ကတော့ ခွေးတွေ ဝိုင်းကိုက်လို့ ၄ နှစ်အရွယ် ကလေးတယောက်သေဆုံးခဲ့ရတယ် ဆိုတဲ့သတင်းပါ။

သံချေးတက်နေသော ဂျိုးဖြူ ရေပိုက်လိုင်းနေရာ အစားထိုး လဲလှယ်နေသည်ကို ၂၀၁၇ ခုနှစ် မေလ အတွင်းက တွေ့ရစဉ်  / moi

ဂျိုးဖြူ ရေပိုက်လိုင်း အနီး ကျူးကျော်များနှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ် လွှတ်တော်တွင် ဆွေးနွေး

by မိုးမိုး
19 July 2019
6.8k

ရန်ကုန်မြို့တွင်း သောက်သုံးရေ ဖြန့်ဝေနေသော ဂျိုးဖြူရေပိုက်လိုင်း အနီး၌ အခြေချ နေထိုင်နေသည့် ကျူးကျော်များ နှင့် အမှိုက်၊ အညစ်အကြေး စွန့်ပစ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးသည်။

မန္တလေးမြို့ မြင်ကွင်း  / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေး စည်ပင် နယ်နိမိတ် အတွင်း နေအိမ်အများစု ဂရန် မရှိ

by ဒီလှိုင်းဝင်း
9 February 2019
6.6k

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ် စာရင်းများကို ပြန်လည် ကောက်ယူခဲ့ရာ ဂရန် မရှိသည့် အိမ် အရေအတွက်သည် အများဆုံး ဖြစ်နေကြောင်း

Next Post
OPPO နဲ့ Xiaomi တို့ မိတ်ဆက်လိုက်တဲ့ မျက်နှာပြင်အောက် ရှေ့ကင်မရာ မြှုပ်ထားတဲ့ နည်းပညာသစ်

မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO နဲ့ Xiaomi တို့ ပြသ

မြစ်ကြီးနားမြို့ပေါ်တွင် KIO/KIA ကို ဆန္ဒပြနေကြသည့် မြင်ကွင်း  / ဧရာဝတီ

KIA ကို လီဆူတိုင်းရင်းသားများ ဆန္ဒပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved