• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Marvel ကို ပြန်ရောက်လာခဲ့တဲ့ “Spider-Man” ရုပ်ရှင်

by မစ်ကီ
30 September 2019
in Entertainment
A A
“Spider-Man” ရုပ်ရှင်

“Spider-Man” ရုပ်ရှင်

9.1k
VIEWS
Share on FacebookShare on Twitter

လက်ရှိမှာ မင်းသား Tom Holland ပါဝင်သရုပ်ဆောင်နေတဲ့ ကမ္ဘာကျော် စူပါဟီးရိုးရုပ်ရှင် “Spider-Man” ဟာ လာမယ့် ၂၀၂၁ ခုနှစ်အရောက်မှာ ရုပ်ရှင်အသစ်တခုနဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

Sony Corp နဲ့ Walt Disney ကုမ္ပဏီတို့ရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သဘောတူညီချက်အရ အနာဂတ်မှာ ထွက်လာမယ့် Marvel စတူဒီယိုရဲ့အောက်ကနေ ထွက်လာမယ့် ရုပ်ရှင်အဖြစ် ပြန်မြင်ရတော့မှာလည်း ဖြစ်ပါတယ်။

MCU လို့ခေါ်တဲ့ Marvel Cinematic Universe ကနေ Spider-Man ရုပ်ရှင် ထွက်သွားရမှာကို စိုးရိမ်နေကြတဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေကတော့ အဲ့ဒီဟောလိဝုဒ် စတူဒီယိုနှစ်ခုကြား ရရှိခဲ့တဲ့ အဲ့ဒီသဘောတူညီချက်ကို ကြိုဆိုခဲ့ကြပါတယ်။

Marvel အကြီးအကဲ Feige က “MCU ထဲက ပင့်ကူလူသားရဲ့ ခရီးလမ်းကတော့ ဆက်ရှိနေမှာဖြစ်လို့ ကျနော် အရမ်းပျော်ရွှင်ရပါတယ်” လို့ ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကတော့ Disney ပိုင်ဆိုင်တဲ့ Marvel စတူဒီယိုနဲ့ Sony ရဲ့ Sony Pictures တို့ဟာ Spider-Man ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မရေမရာ မသေချာမှုတွေ ဖြစ်ခဲ့ကြတာပါ။

Sony ကုမ္ပဏီက ကာလရှည် သဘောတူညီချက် တခုအောက်မှာ Marvel ဇာတ်ကောင်ဖြစ်တဲ့ ပင့်ကူလူသားရဲ့ မူပိုင်ခွင့်ကို ရရှိထားပြီး Disney ကတော့ Iron Man, the Hulk, Captain Marvel နဲ့ Black Panther တို့လို ဇာတ်ကောင်တွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အခုလိုမျိုး ကမ္ဘာကျော်ဇာတ်ကောင် ပင့်ကူလူသားနဲ့ ကမ္ဘာကျော် စတူဒီယို Marvel တို့အကြား လမ်းခွဲတဲ့ သတင်းကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး Twitter ပေါ်မှာ ပင့်ကူလူသားကို ကယ်တင်ပေးရေးအတွက် “#SaveSpiderMan” နဲ့ “#SaveSpidey” တို့လိုမျိုး hashtags ကမ်ပိန်းတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

အခု သဘောတူညီချက်အသစ်အောက်မှာတော့ Marvel စတူဒီယိုနဲ့ ဥက္ကဌ Kevin Feige တို့ဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပြီး မင်းသား Holland ရဲ့ တတိယမြောက်သရုပ်ဆောင်မှုဖြစ်လာ မယ့် ရုပ်ရှင်ကို ထုတ်လုပ်မှာဖြစ်တယ်လို့ ကုမ္ပဏီကြေညာချက်ထဲမှာ တွေ့ရပါတယ်။ Amy Pascal က ထုတ်လုပ်သူ အဖြစ်ပါဝင်မှာလည်း ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ “Spider-Man: Far From Home” ရုပ်ရှင်ကို ဖန်တီးခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၁၁ ဘီလီယံရရှိခဲ့လို့ Sony Pictures ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Marvel ကနေ ထုတ်လုပ်မယ့် ရုပ်ရှင်တခုမှာလည်း Spider-Man ပြန်လည် ပါဝင်လာဦးမှာ ဖြစ်တယ်လို့ ကုမ္ပဏီတွေက ဆိုပါတယ်။

Ref. Reuters

You may also like these stories:

“Venom 3” ရုပ်ရှင်မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Spider-Man

နောက်ထွက်လာမယ့် ပင့်ကူလူသားရုပ်ရှင်မှာ သရုပ်ဆောင်ဦးမယ်လို့ Tom Holland ကတိပြု

နောက်ရိုက်မယ့် ရုပ်ရှင်အတွက် ဝိတ်ချနေတဲ့ မင်းသား Tom Holland

Tom Holland ကို Spider-Man အဖြစ် မြင်တွေ့ရဖို့ မသေချာတော့

Your Thoughts …
Tags: MarvelSpider-Man ရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Marvel မှ ဖန်တီးထားတဲ့ စူပါဟီးရိုး ဇာတ်ကောင်များ

စူပါဟီးရိုးတွေဆီကနေ သင်ယူနိုင်တဲ့ ဦးဆောင်ခြင်းဆိုင်ရာ သင်ခန်းစာများ

by ရေဗန်
2 December 2018
5.7k

ကိုယ့်နိုင်ငံသား မဟုတ်သူတွေကို မယုံကြည်ဖို့နဲ့ ကိုယ့်ကို ယုံကြည်နေတဲ့ ပြည်သူတွေရဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ မဖျက်ဖို့ Wakanda ဘုရင် Black Panther က ဆိုပါတယ်။

မင်းသား Chris Evans

Instagram မှာ ဝတ်လစ်စလစ်ပုံ မတော်တဆတင်မိခဲ့တဲ့ မင်းသား Chris Evans

by မစ်ကီ
14 September 2020
57k

ပရိသတ်တွေထောင်ထားတဲ့ အွန်လိုင်းစာမျက်နှာတွေက မင်းသားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို လေးစားကြဖို့နဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ ရှာဖွေခြင်း မပြုကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရုပ်ရှင်မင်းသမီး Michelle Yeoh

Marvel ရုပ်ရှင် “Shang-Chi” မှာ ပါဝင်လာနိုင်ချေရှိတဲ့ မင်းသမီး Michelle Yeoh

by မစ်ကီ
6 August 2020
3.6k

လွန်ခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကတော့ မင်းသမီး Michelle ဟာ COVID-19 အတွက် နှာခေါင်းတို့ဖတ်စယူ စစ်ဆေးနေတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။

Thanos အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Josh Brolin

မျက်နှာဖုံးတွေအောက်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ကြတဲ့ Marvel ဇာတ်ကောင်များ

by ဟယ်လ်သင်
6 June 2019
11.4k

Marvel ရဲ့ရုပ်ရှင်ဇာတ်ကားတွေ အောင်မြင်တာနဲ့အမျှ ဇာတ်ကားတွေမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အောင်မြင်မှုဟာလည်း အများအပြားပါ။ အခုတခါမှာတော့ ဇာတ်ကောင်စရိုက် ပီပြင်အောင် မျက်နှာဖုံးတွေအောက်ကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြတဲ့ Marvel ဇာတ်ကောင်တချို့ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ (၁) Thanos Marvel...

Doctor Strange ရုပ်ရှင်ရိုက်ကူးရေး

Doctor Strange နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်အသစ် မိတ်ဆက်မယ့် Marvel

by ဟယ်လ်သင်
30 December 2019
10.4k

Marvel ဟာ သူတို့ရဲ့ Cinematic Universe နဲ့ပတ်သက်တဲ့ ခြေလှမ်းအသစ်တွေကို အခု Doctor Strange ရုပ်ရှင်ကနေ ကျယ်ပြန့်တဲ့ အနေအထားတခုရောက်ရှိဖို့ အစီအစဉ်တချို့ရှိနေတာလည်း ဖြစ်ပါတယ်။

"Avengers: Endgame" ရုပ်ရှင်

ဇာတ်ဝင်ခန်း အသစ်တွေနဲ့ ရုံပြန်တင်မယ့် “Avengers: Endgame” ရုပ်ရှင်

by မစ်ကီ
20 June 2019
40.9k

“Endgame” ရုပ်ရှင်ဟာ မြောက်အမေရိကဒေသမှာ ဒေါ်လာ သန်း ၃၅၀ နဲ့ ပွဲဦးထွက်ခဲ့ပြီး “Infinity War” ကတော့ ဒေါ်လာ ၂၅၇ ဒဿမ ၆ သန်းနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

Next Post
အမေရိကန်ရဲ့ပထမဆုံး ဆေးခြောက်စားသောက်ဆိုင်

အမေရိကန်ရဲ့ပထမဆုံး ဆေးခြောက်စားသောက်ဆိုင်ကို LA မှာ ဖွင့်လှစ်

“Dancing Cat” လို့ နာမည်ကြီးနေတဲ့ ကြောင်လေး

ပုံစံအမျိုးမျိုးနဲ့ ကတတ်တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံက ကြောင်လေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved