Entertainment

၂၀၂၀ ခုနှစ် အော်စကာဆုပေးပွဲအတွက် ခန့်မှန်းအမျိုးသားဇာတ်ပို့ဆုစာရင်း ထွက်ပေါ်

နှစ်တနှစ်ကုန်ခါနီးပြီဆိုတာနဲ့ တနှစ်တာလုံးထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေအပြင် ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေ အတွက်လည်း အော်စကာဆုပေးပွဲဟာ တဖြည်းဖြည်းနီးကပ်လို့ လာနေခဲ့ပြီ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ၂၀၂၀ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ပို့ဆုအတွက် ရေပန်းစားနေကြတဲ့ အမျိုးသားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

(၁) Brad Pitt

Once Upon A Time In Hollywood ရုပ်ရှင်မှာ မင်းသား နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အရင်က အောင်မြင်မှုရရှိခဲ့ဖူးတဲ့ 12 Years a Slave ရုပ်ရှင်ကိုလည်း Producer အနေနဲ့ တာဝန်ယူထုတ်လုပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။

(၂) Al Pacino

Godfather ရုပ်ရှင်နဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသားကြီး Al Pacino ဟာ သူ့ကိုချစ်မြတ်နိုးပြီး အားပေးကြတဲ့ ရုပ်ရှင်ပရိသတ်တွေနဲ့ ဟောလိဝုဒ်အသိုင်းအဝိုင်းမှာ အကောင်းဆုံး သရုပ်ဆောင်တဦးအဖြစ် သတ်မှတ်ခံထားရပြီးသား အနုပညာရှင်တဦးပဲ ဖြစ်ပြီး The Irishman ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုစာရင်းမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

(၃) Tom Hanks

A Beautiful Day In The Neighborhood ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုထင်ကြေးပေးခံရသူ နောက်တဦးကတော့ မင်းသားကြီး Tom Hanks ပဲ ဖြစ်ပါတယ်။ Philadelphia နဲ့ Forrest Gump ရုပ်ရှင်တို့မှာ အော်စကာဆု နှစ်ကြိမ်တိုင်တိုင် ပိုင်ဆိုင်ခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။

(၄) Athony Hopkins

The Two Popes ဆိုတဲ့ ရုပ်ရှင်မှာ မင်းသားကြီး Athony Hopkins ကို ဘုန်းတော်ကြီးတပါးအနေနဲ့ တွေ့မြင်ကြရမှာပါ။ Silence of the Lambs ရုပ်ရှင်မှာ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ရုပ်ရှင်ချစ်ပရိသတ်တွေ ကြည့်ရှုခဲ့ကြရမှာဖြစ်ပြီး အခုတခါမှာဆိုရင်လည်း ဇာတ်ပို့ဆုအတွက် ခန့်မှန်းစာရင်းထဲမှာ ပါဝင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref. www.screenrant.com

You may also like these stories:

၂၀၂၀ အော်စကာဆုပေးပွဲအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု စာရင်း ခန့်မှန်းထွက်ပေါ်

အော်စကာ ဆုပေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြုရုပ်ရှင်အဖြစ် “Parasite” ရွေးချယ်ခံရ

အမ်မီဆုပေးပွဲမှာ အကောင်းဆုံး ဒရာမာစီးရီးဆု ရရှိခဲ့တဲ့ “Game of Thrones”

Loading