• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဧပြီလအတွင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ

by ချစ်ပိုး
3 January 2020
in Entertainment
A A
အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ  / ချစ်ပိုး / ဧရာဝတီ

အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ / ချစ်ပိုး / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

Snare အဖွဲ့မှ အဆိုတော် နေဝင်းက New Year ဖျော်ဖြေပွဲ စင်ပေါ်မှာ သူ့ရဲ့ ချစ်သူ Travel Blogger အိမ့်ချစ်ချောကို လက်ထပ်ခွင့် တောင်းခဲ့ပြီး လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

“ကျနော် လက်ထပ်ခွင့်တောင်းမယ်လို့ စိတ်ကူးတော့ ပိုက်ဆံလည်း အကုန်အကျ သက်သာရမယ်။ အကုန်လုံးလည်း သိရမယ်။ ကျနော်ခိုးပြီး စီစဉ်နေတာ၊ ဒီဇင်ဘာ ၂၅ ရက်က ကျနော်တို့ ၁၀ နှစ် ပြည့်တာ ကျနော်လက်ဆောင်လည်း ပေးထားတော့ သူက အဲ့ဒါလေးနဲ့ ကျေနပ်နေတာ။ အခုလို လုပ်မယ် မထင်ဘူး။ အာလုံး စဉ်းစားလိုက်တော့ ကျနော်ဆိုတဲ့ စင်ပေါ်မှာ ကျနော်ပွဲဆိုခါနီး ကျနော်က ရင်တွေ ခုန်နေတာ။ စိတ်မလှုပ်ရှားနဲ့ ဆိုပြီး သူက အားပေးနေတာ”

“သူ့ကို လက်ထပ်ခွင့်တောင်းတာ သူမသိဘူး။ သူငယ်ချင်းတွေကလည်း အကုန်လုံးဝိုင်း ကူညီပေးကြပါတယ်။ အခုခေတ်က Surprise လုပ်တာလည်း ခေတ်စားနေတယ်။ ကျနော်ကလည်း မလုပ်တတ်ဘူး။ ဒီလိုလက်ထပ်ခွင့်တောင်းက မိန်းကလေးတွေအတွက်လည်း အရေးကြီးတယ်လို့ ကျနော်လည်း ထင်တာပေါ့။ အဲ့ဒါကြောင့် လက်ထပ်ခွင့်ကို ထူးထူးခြားခြားလေး လုပ်ဖြစ်တာပါ”လို့ အဆိုတော် နေဝင်းက ပြောပါတယ်။

ဆက်လက်ပြီး နေဝင်းက မင်္ဂလာပွဲကိုတော့ ၂၀၂၀ ခုနှစ်ထဲမှာပဲ ၄ လပိုင်းလောက် လုပ်ဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ၂၀၂၀၊ ၄ လပိုင်းလောက်တော့ မင်္ဂလာပွဲလုပ်ဖြစ်ဖို့ ရှိပါတယ်။ ရက်တော့ မရွေးရသေးဘူး။ အတွဲတွေကို ပြောချင်တာက ယောက်ျားလေးကတော့ လျှော့ပေးလိုက်ပါ။ စိတ်တူဖို့ လိုတယ်။ နားလည်မှုတွေလိုတယ်။ မရနိုင်ဘူးဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။ ရနိုင်မယ်ထင်ရင်တော့ လျှော့ပေးလိုက်ပါ။ ရန်ဖြစ်ပြီဆိုရင်တော့ လူတိုင်းက စကားလုံးက ပြင်းထန်တာပေါ့။ အဲ့ဒါလေးတွေတော့ သည်းခံပေးဖို့လိုတယ်”လို့ နေဝင်းက ပြောပါတယ်။

အခုလို လက်ထပ်ခွင့်တောင်းခံရတဲ့အတွက် အရမ်းပျော်သလို၊ အမှတ်တရလည်း ဖြစ်တယ်လို့ နေဝင်းရဲ့ ချစ်သူ အိမ့်ချစ်ချောက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
98
သဇင်ပန်း

သဇင်ပန်း

10 January 2026
122
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

“ညီမ ထင်ထားဘူး။ “သူမနဲ့ အိပ်မက်”ကို ဆိုဖို့ ပရိသတ်ကို စကားပြောတယ် ထင်တာ။ နောက် စိုင်းစိုင်းက လာခေါ်တော့ မလိုက်ဘူးပြောတာ စိုင်းက အတင်းဆွဲခေါ်သွားတာ။ ရင်တွေ အရမ်းခုန်နေတယ်။ စင်ပေါ်မတက်ရဲဘူး။ ရင်ထဲမှာစို့နေတာ ငိုလို့ကို မရဘူး။ အရမ်းလည်း ပျော်ရတယ်။ အမှတ်တရလည်း ဖြစ်တယ်”

“ယုံကြည်မှုကတော့ ၁၀ နှစ် ဖြတ်သန်းပြီးသားဆိုတော့ ပြောစရာ မလိုဘူးပေါ့။ လက်ထပ်ခွင့်တောင်းမယ်တော့ မထင်ထားဘူး။ မင်္ဂလာဆောင်မှာတော့ တိုင်ပင်ထားတယ်။ အခုလိုတောင်းတော့ အရမ်းပျော်ရတယ်။ သူ့ကိုလည်း ကျေးဇူးတင်တယ်။ မိန်းကလေးတွေကလည်း အားကျတယ် ကံကောင်းတယ်ပြောကြတော့ ဝမ်းသာတယ်”လို့ အိမ့်ချစ်ချောက ပြောပါတယ်။

ဆက်လက်ပြီး အိမ့်ချစ်ချောက အခုလို လုပ်ပေးတဲ့အတွက် မိဘကလည်း ဝမ်းသာပေးသလို ချစ်သူ နေဝင်းအပေါ် နားလည် သည်းခံမှုတွေနဲ့ လက်တွဲခဲ့တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။


“အဖေနဲ့ အမေလည်း ဝမ်းသာတယ်။ သူတို့ သမီးလေးကို ဒီလိုလေးလုပ်ပေးတော့ ကံကောင်းတယ်လို့  ပြောရမယ်။ ကိုနေဝင်းက လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းကဆို အရမ်းဆိုးတယ်။ ဆေးလိပ်တွေလည်း အရမ်းသောက်တယ်။ အရက်တွေလည်း အရမ်းသောက်တယ်။ ညဆို အရက်ဆိုင် လိုက်ထိုင်ရတယ်။ အိမ်က အမေဆိုလည်းပြောတယ်။ အဖေဆိုလည်း ဆူတယ်။ အတိုက်အခံတွေကြားကနေ တဖြည်းဖြည်း သူ့ကို နားချရတယ်”

“သူလိမ္မာလာတော့ ချော ရွေးချယ်မှု မှန်ကန်ခဲ့တာပေါ့။ မိန်းကလေးတွေကို ပြောချင်တာက ကိုယ်တကယ်ချစ်ရင် ဆိုးတဲ့အချိန်မှာလည်း နားလည်ပေးရမယ်။ ဘာဖြစ်ဖြစ် လက်တွဲမယ်ဆိုရင်တော့ သည်းခံသင့်တာ သည်းခံ၊ အချိန်တခုကို စောင့်ပေးသင့်တာ စောင့်ပေးလို့ ပြောချင်ပါတယ်”လို့ အိမ့်ချစ်ချောက ပြောပါတယ်။

အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ၁၀ နှစ်ပြည့်ပြီးပြီ ဖြစ်ပါတယ်။ နေဝင်းကိုတော့ Snare အဖွဲ့ဝင် အဆိုတော် တယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ နေဝင်းက စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်နေသလို ချစ်သူ အိမ့်ချစ်ချောကလည်း Travel Blogger အနေနဲ့ လုပ်ကိုင်နေပါတယ်။

You may also like these stories:

နာမည်ကြီး Celebrity ၂၅ ဦးနဲ့ မိတ်ဆက်လိုက်တဲ့ iflix playlist လုပ်ဆောင်ချက်

Single Mother ပြည့်တန်ဆာတယောက်အနေနဲ့ မြင်တွေ့ရမယ့် နန်းဆုဦး

မကြာခင် Mini Album သီချင်းခွေ ထွက်ဖို့ရှိတဲ့ အဆိုတော် စည်သူလွင်

Your Thoughts …
Tags: နေဝင်းလက်ထပ်ခွင့်အိမ့်ချစ်ချော
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
7.6k

နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

by အောင်ဇော်
17 July 2024
6.7k

ဦးအောင်လှိုင်ဦးကို အမြတ်အစွန်း အများအပြားပေးပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

by မွန်မွန်မြတ်
26 July 2024
6.2k

အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

by ဉာဏ်သစ်
15 December 2024
5.1k

ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ယင်းတို့၏ အမိန့်အရ မည်သည့် အစိုးရ ဌာနမဆို ထောက်လှမ်းရေး လုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။

Next Post
၂၀၁၉ ခုနှစ်ဟာ လေကြောင်းသမိုင်းမှာ အန္တရာယ်အကင်းဆုံး တတိယနှစ် ဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ဟာ လေကြောင်းသမိုင်းမှာ လေယာဉ်ပျက်ကျမှု အနည်းဆုံး နှစ်တနှစ် ဖြစ်

မန္တလေးတိုင်း ဝန်ကြီးချုပ်က လူထုအား နှစ်ကူးဆုတောင်းစကားပြောကြားနေစဉ်  / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်း ဝန်ကြီးချုပ် အရေးပေါ် ဆေးကုသမှု ခံယူနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved