Disney ရဲ့ Live-action ရုပ်ရှင်တွေဟာ တနှစ်ထက်တနှစ် ခပ်စိပ်စိပ် ထွက်ရှိလာခဲ့ပြီး The Lion King နဲ့ Aladdin ရုပ်ရှင်တွေဟာ ပရိသတ် အားပေးမှုအရရော Box Office မှာပါ မှတ်တမ်းတခုစီ ရေးထိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Disney ပရိသတ်တွေအနေနဲ့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အာလာဒင် Animation ရုပ်ရှင်ဟာ နောက်ဆက်တွဲ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ “The Return of Jafar” နဲ့ “Aladdin and the King of Thieves” ကို မှတ်မိကြဦးမယ်ထင်ပါတယ်။
အာလာဒင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်တွေကို Disney အနေနဲ့ Live-action အဖြစ် ပြန်လည် အသက်သွင်းဖို့ အနှေးနဲ့အမြန် ဆိုသလို ရှိနေခဲ့တာပါ။ လာမယ့်နှစ်မှာ နောက်ဆက်တွဲရုပ်ရှင် ထွက်လာဖို့ ရှိနေတဲ့အတွက် မနေ့ကပဲ ရိုက်ကူးရေး စတင်လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ပရောဂျက်စတင်ဖို့ စောတယ်လို့ ထင်ရပေမယ့် ဇာတ်ညွှန်း ရေးသားမှုပိုင်းမှာ မူရင်း ဇာတ်ညွှန်းအတိုင်းမဟုတ်ဘဲ ပြောင်းလဲ ပြင်ဆင်မှုတွေ ရှိတဲ့အပြင် အသစ်ထည့်သွင်းထားတဲ့ စိတ်ကူးတချို့ကြောင့် အခုလို စောစောစီးစီး စတင်ခဲ့တာဖြစ်ပါတယ်။
Disney ရဲ့ ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်ထားတဲ့ အာလာဒင် နောက်ဆက်တွဲရုပ်ရှင်ဟာ “Return of Jafar” ဖြစ်ကောင်းဖြစ်နိုင်ပြီး Disney ရဲ့ ကိုယ်ပိုင်ပုံစံတခု ထည့်သွင်းဖန်တီးဖို့ ရှိနေခဲ့တာပါ။
အခုအချိန်မှာတော့ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်း တည်ဆောက်မှုကို အတိအကျ မသိရသေးပေမယ့် ဒါရိုက်တာ Guy Ritchie ဆီက တုန့်ပြန်မှုအဖြေနဲ့ သတင်းအချက်အလက် တချို့ကို မီဒီယာတွေအနေနဲ့ စောင့်ဆိုင်းနေကြရတာပါ။
နောက်ဆက်တွဲရုပ်ရှင်အတွက် သရုပ်ဆောင်တွေအနေနဲ့ကတော့ Mena Massoud , Naomi Scott နဲ့ Will Smith တို့ပဲ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး နောက်နှစ် နွေရာသီနဲ့အတူ အာလာဒင်နောက်ဆက်တွဲရုပ်ရှင်ဟာ Disney ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ရည်းစားဟောင်း ဓာတ်ပုံပြရုံနဲ့ ဟမ်ဘာဂါ တလုံး အလကားစားရမယ့် အခွင့်အရေး
ကျန်းမာရေးကြောင့် ရုန်းကန်နေရတဲ့ မင်းသား Irrfan Khan အတွက် ဆုတောင်းပေးသူများရှိနေ
Greta Thunberg အကြောင်း မှတ်တမ်းစီးရီး BBC ဖန်တီးမည်