• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အနုပညာကြေး အများဆုံးရတဲ့ သရုပ်ဆောင်စာရင်းမှာ The Rock နဲ့ Scarlett Johansson ဦးဆောင်

by မစ်ကီ
13 February 2020
in Entertainment
A A
မင်းသမီး စကားလက်ဂျိုဟန်ဆန်နဲ့ မင်းသား The Rock

မင်းသမီး စကားလက်ဂျိုဟန်ဆန်နဲ့ မင်းသား The Rock

11.1k
VIEWS
Share on FacebookShare on Twitter

မင်းသား Dwayne ‘The Rock’ Johnson နဲ့ မင်းသား Scarlett Johansson တို့ဟာ အနုပညာကြေး အများဆုံးရတဲ့ မင်းသားနဲ့ မင်းသမီးအဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့အဆိုအရ အသက် ၄၇ နှစ်အရွယ် WWE ကမ္ဘာ့ချန်ပီယံဟောင်းမင်းသား ‘The Rock’ ဟာ အခွန်အခတွေ ထည့်မတွက်ရသေးတဲ့ ဒေါ်လာ ၈၉ ဒဿမ ၄ သန်းရရှိခဲ့ပြီး အသက် ၃၅ နှစ်အရွယ် Avengers မင်းသမီး Scarlett ကတော့ ဒေါ်လာ ၅၆ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဟောလိဝုဒ်မှာ ကျား၊ မ အနုပညာကြေး ကွာခြားမှုဟာ ထိပ်တန်းလူပြောများတဲ့ ကိစ္စရပ်တခုဖြစ်ခဲ့ပြီး မင်းသမီး Scarlett ရရှိတဲ့ဝင်ငွေဟာ အနုပညာကြေး အဋ္ဌမမြောက်အများဆုံးရတဲ့ မင်းသား Adam Sandler ရဲ့ ဝင်ငွေ ဒေါ်လာ ၅၇ သန်းနဲ့ ညီမျှ နေတာကိုလည်း မြင်တွေ့ရပါတယ်။

မင်းသား The Rock ရဲ့ အနောက်မှာ မင်းသား Chris Hemswoth က ဒေါ်လာ ၇၆ ဒဿမ ၄ သန်း ဝင်ငွေနဲ့ ဒုတိယ နေရမှာရှိနေပါတယ်။ သူ့ရဲ့အနောက်မှာတော့ Iron Man မင်းသား ရောဘတ်ဒေါင်းနင်း ဂျူနီယာက ဒေါ်လာ ၆၆ သန်းနဲ့ ရပ်တည်နေပါတယ်။ စတုတ္ထနေရာမှာ ရပ်တည်နေသူက ဒေါ်လာ ၆၅ သန်း ဝင်ငွေရတဲ့ ဘောလိဝုဒ်မင်းသား Akshay Kumar ဖြစ်ပါတယ်။ ပဉ္စမနေရာမှာကတော့ တရုတ်မင်းသား ဂျက်ကီချန်းက ဒေါ်လာ ၆၅ သန်းနဲ့ ရပ်တည်နေပါတယ်။

ထပ်ပြီး တွက်ကြည့်မယ်ဆိုရင် ထိပ်တန်း မင်းသား ၁၀ ဦးရဲ့ ဝင်ငွေဟာ မင်းသမီးတွေ အားလုံးရတဲ့ အနုပညာကြေး ဝင်ငွေထက် နှစ်ဆနီးပါး များနေတာကိုတွေ့ရပါတယ်။ မင်းသားတွေ အားလုံးပေါင်း အနုပညာကြေးဟာ ဒေါ်လာ သန်း ၆၀၀ ရှိပြီး မင်းသမီး ၁၀ ဦးလုံးရဲ့ အနုပညာကြေးဟာ စုစုပေါင်း ဒေါ်လာ ၃၁၅ သန်းသာ ရှိပါတယ်။

မင်းသမီး Scarlett ထက် အနုပညာကြေး ဒေါ်လာ ၁၂ သန်းလျော့ရပြီး ဒုတိယနေရာမှာ ရပ်တည်နေသူက Sofia Vergara ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မင်းသမီးတွေဖြစ်ကြတဲ့ Margot Robbie, Nicole Kidman နဲ့ Reese Witherspoon က အသီးသီး ရပ်တည်နေပါတယ်။

၂၀၁၉ ခုနှစ်အတွက်မှာ အနုပညာကြေးအများဆုံးရတဲ့ မင်းသမီး ၁၀ ဦးထဲက ၇ ဦးဟာ သူတို့ရဲ့ ရုပ်ရှင်တွေကို ကိုယ်တိုင် ထုတ်လုပ်ကြသူတွေဖြစ်တယ်လို့ Forbes မဂ္ဂဇင်းကဆိုပါတယ်။

ကျား၊ မ အနုပညာကြေး ကွာခြားမှုရှိနေတယ်လို့ဆိုတဲ့ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်ပေါင်း ၁၃၀၀ ကျော်မှာ ပါဝင်ထားတဲ့ သရုပ်ဆောင် ၂၅၀ ရဲ့ လုပ်အားခကို လေ့လာကြည့်တဲ့အခါ မင်းသမီးတဦးထက် မင်းသားတဦးက အနုပညာကြေး ၇ ဆလောက် ပိုရနေတယ်လို့ဆိုပါတယ်။ အဲ့ဒီပမာဏဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အတိုင်းပဲလို့လည်း ထောက်ပြကြပါတယ်။

၁၉၈၀ နဲ့ ၂၀၁၅ ခုနှစ်အတွင်း သရုပ်ဆောင် ၂၄၆ ဦးရဲ့ ဝင်ငွေကို လေ့လာထားတဲ့ စစ်တမ်းမှာဆိုရင် မင်းသမီးတွေဟာ မင်းသားတွေထက် ဒေါ်လာ ၁ ဒဿမ ၁ သန်း ဝင်ငွေ လျော့နည်းပြီး ရရှိကြတယ်လို့ ဆိုပါတယ်။

Ref: Asiaone, Daily mail

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
140
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

You may also like these stories:

WWE နပန်းပွဲတွေရဲ့ စင်မြင့်ပေါ်မှာ စတင်တွေ့ရတော့မယ့် The Rock ရဲ့ သမီး

အာလာဒင် နောက်ဆက်တွဲ ရုပ်ရှင် Disney စတင် ရိုက်ကူးနေပြီဖြစ်

ရည်းစားဟောင်း ဓာတ်ပုံပြရုံနဲ့ ဟမ်ဘာဂါ တလုံး အလကားစားရမယ့် အခွင့်အရေး

Your Thoughts …
Tags: Scarlett JohanssonThe Rockအနုပညာကြေး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

နပန်းသတ်ပြီး ဟောလီးဝုဒ် မင်းသား ဖြစ်လာသူ The Rock

နပန်းသတ်ပြီး ဟောလီးဝုဒ် မင်းသား ဖြစ်လာသူ The Rock

by ချစ်ဖေ (တောင်တွင်းမြေ)
19 April 2017
37.4k

ဘာကြောင့် The Rock ကို အောင်မြင်တယ် လို့ ပြောရတာလဲ ဆိုတော့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေ လက်ချိုး မရေနိုင်လောက်အောင် များလာသလို နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ကား များစွာလည်း ရှိနေလို့ပါပဲ

မင်းသား Dwayne Johnson အကြောင်း ရိုက်ထားတဲ့ “Young Rock" စီးရီး

Dwayne Johnson ရဲ့ဘဝအကြောင်း ရိုက်ထားတဲ့“Young Rock”စီးရီး မကြာမီ ပြမည်

by မစ်ကီ
27 January 2021
2.1k

“Fast & Furious” မင်းသား The Rock က “ကမ္ဘာကြီးကို ကျနော် မျှဝေချင်တဲ့အရာ တော်တော်များ များ ရှိနေပါတယ်” လို့ အစီအစဉ်ရဲ့ အစပိုင်းမှာ ပြောဆိုထားပါတယ်။

ဟောလီးဝုဒ်မှာ ဝင်ငွေအကောင်းဆုံး စံချိန်တင်လိုက်တဲ့ The Rock

ဟောလီးဝုဒ်မှာ ဝင်ငွေအကောင်းဆုံး စံချိန်တင်လိုက်တဲ့ The Rock

by ချစ်ဖေ (တောင်တွင်းမြေ)
17 March 2018
9.6k

အခုတော့ The Rock ဟာ နာမည်ကျော် မင်းသားတွေကို ကျော်တက်ပြီး ရုပ်ရှင်လောကမှာ ဇာတ်ကား တကားချင်း အလိုက် သရုပ်ဆောင်ခ အများဆုံး ရရှိတဲ့ မင်းသား အဖြစ် စံချိန်သစ် တခု တင်လာနိုင်တာ တွေ့ရပါတယ်။

မင်းသား Dwayne Johnson

“The Rock” ဖြစ်တည်လာပုံ ရိုက်ကူးမယ့် ဟာသစီးရီးမှာ မင်းသား Dwayne Johnson ပါဝင်မည်

by မစ်ကီ
14 January 2020
4.3k

မင်းသား Dwayne ကတော့ ရုပ်ရှင်စတားတယောက် ဖြစ်လာရတာဟာ တော်တော်လေးကို ခက်ခဲတာကို သိရှိခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ပြောဆိုခဲ့ပါတယ်။

မင်းသား Dwayne Johnson

မင်းသား Dwayne Johnson တို့ တမိသားစုလုံး COVID-19 ကူးစက်ခံခဲ့ရ

by မစ်ကီ
3 September 2020
6.1k

မင်းသားနဲ့ သူ့မိသားစုဟာ ဗိုင်းရပ်စ်ပိုး အရင်ဆုံး ကူးစက်ခံခဲ့ရတဲ့ သူတို့ရဲ့ မိတ်ဆွေတွေလိုပဲ ဗိုင်းရပ်စ်ကို ရှောင်ရှားဖို့ ဘေးကင်းလုံခြုံမှုရှိတဲ့ ဆောင်ရွက်ဖွယ်ရာတွေကို စည်းကမ်းတကျ လိုက်နာခဲ့တယ်လို့လည်း ဆိုပါတယ်။

မင်းသမီး Crystal Liu Yifei ပါဝင်ထားတဲ့အတွက် ဝေဖန်ကန့်ကွက်မှုတွေ ခံခဲ့ရပါတယ်။

“Mulan” ရုပ်ရှင်ကို အားပေးခဲ့တဲ့ The Rock နဲ့ Brie Larson ဝေဖန်ခံနေရ

by မစ်ကီ
10 March 2020
3.2k

Walt Disney ရဲ့ ဟောင်ကောင်ဌာနခွဲက မတ်လ ၂၆ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို နောက်ထပ် ကြေညာချက်တခုခု မထုတ်ပြန်ခင်အချိန်အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

Next Post
ရန်ကုန်သားများ မျက်နှာဖုံးတပ်ရန် အကြံပေးထားသည် / ဧရာဝတီ

မနက်တိုင်းနီးပါး ရန်ကုန်လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေ

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပုဒ်မ ၄(ဃ)အရ အိမ်ထောင်ရှင် အမျိုးသားအနေဖြင့် ဇနီးမယား ပိုင် ဝင်ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု အဖြစ် သတ်မှတ်ခံရမည်ဟု ဆိုသည်။

အိမ်ထောင်ဖက်အမျိုးသမီး၏ ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးအကြမ်းဖက်မှုမြောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved