• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အနုပညာ အလုပ်တွေ ပါးနေချိန်မှာ ဖက်ရှင်ဆိုင် ဖွင့်လှစ်ခဲ့တဲ့ နေယံ

by ချစ်ပိုး
19 August 2020
in Entertainment
A A
သရုပ်ဆောင် နေယံ / နေပိုင် / ဧရာဝတီ

သရုပ်ဆောင် နေယံ / နေပိုင် / ဧရာဝတီ

5k
VIEWS
Share on FacebookShare on Twitter

စီးပွားရေး လုပ်ငန်းအနေနဲ့ ယောကျ်ားလေး ဖက်ရှင်ဆိုင်တွေ ဖွင့်ထားတဲ့ နေယံက အနုပညာသမားမို့ ဖက်ရှင်နဲ့ မစိမ်းတာကြောင့် ဖက်ရှင်ဆိုင် ဖွင့်ဖြစ်ခဲ့တာလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်က ၃ ဆိုင်မြောက် ဖွင့်လှစ်ထားတယ်။ ဆိုင်မှာတော့ တခြား ဆိုင်နဲ့ သိပ်မတူတဲ့ ဒီဇိုင်းတွေ ဆိုင်မှာ တင်ပေးထားတယ်။ Export ဆိုလည်းး တခြားဆိုင်မှာ မရှိတာကို တင်ထားပေးတယ်။ အခု ၃ ဆိုင်မြောက်မှာတော့ Zara တို့ H&M တို့ တင်ထားပေးတယ်။ အရမ်းအားပေးကြတယ်”

“လေးလေးနက်နက်နဲ့ လာဝယ်ပေးကြလို့ ဆိုင်မှာ ပစ္စည်းတောင် ပြတ်နေပြီ။ လေးလေးနက်နက် လာဝယ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်”လို့ နေယံက ပြောပါတယ်။

နေယံကတော့ အဝတ်အထည် ရောင်းတဲ့အလုပ်ကို ၂၀၁၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အနုပညာအလုပ် ပါးနေချိန်မှာ စလုပ်ဖြစ်တာလို့ ဆိုပါတယ်။

“ကျနော် အထည်တွေ ရောင်းဖြစ်တာ ၂၀၁၄ ကတည်းက အနုပညာအလုပ် ပါးနေတာနဲ့ စလုပ်ဖြစ်တာ။ အရင်းအနှီးက အများကြီး မရှိတာလည်း ပါတယ်။ နောက်ကိုယ်က အနုပညာရှင်ဆိုတော့ ဖက်ရှင်ကသိပ်မစိမ်းဘူး။ ဖက်ရှင်က ကိုယ်နားလည် တတ်ကျွမ်းနေတာပေါ့။ အဲ့ဒါနဲ့ အထည်ဆိုင် ဖွင့်ခဲ့တာပေါ့။ အလုပ်တခု လုပ်ရင် နားလည် တတ်ကျွမ်းတဲ့ အလုပ်ကို လုပ်တာကောင်းတယ်။ အခက်အခဲတွေတော့ ကြုံခဲ့ရတာပေါ့။ ဒါပေမဲ့ ကျနော် စဖွင့်ကတည်းက အားပေးကြတယ်”လို့ နေယံက ပြောပါတယ်။

ကိုဗစ်ကာလမှာ လူအများစုက စီးပွားရေး ရိုက်ခတ်မှုတွေ ရှိပေမယ့် နေယံကတော့ အထည်ဆိုင် ရောင်းအား ကျမသွားဘူးလို့ ဆိုပါတယ်။

“ကိုဗစ်ကာလမှာ ဘုရားမတယ်လို့ပဲ ပြောရမယ်။ စက်ရုံမှာလည်း အော်ဒါကို နှစ်နဲ့ စာချုပ်ထားတာဆိုတော့ ကိုဗစ် ကာလမှာ စီးပွားရေးက သိပ်ပြီး ရိုက်ခတ် မသွားဘူး။ ကိုဗစ်ကာလမှာ ပိတ်ရတဲ့ အတိုင်းအတာလောက်ပဲ နည်းနည်း ခက်တာ။ ဆိုင်လည်း ပြန်ဖွင့်လို့ရတော့ ပြန်ဖွင့်ခိုင်းတဲ့ အချိန်မှာပဲ ရပ်မသွားဘူး။ အထည်တွေလည်း ဝယ်ကြတယ်။ ရောင်းအား မကျသွားဘူး။ ကျနော် live ကနေလည်း လွှင့်ပြီး ရောင်းဖို့လာလာပြောကြတာနဲ့ လွှင့်ပေးဖြစ်တယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“တော်တော် ရောင်းရတယ်။ စနေ (သို့မဟုတ်) တနင်္ဂနွေ တရက်မှာ ရောင်းပေးဖြစ်တယ်။ live လွှင့်ရောင်းရတာ ခက်တယ်။ သူတို့ကို ပြရတာရယ်၊ Comment ဖတ်ရတယ်။ နောက် Customer စိတ်ဆိုးမှာလည်း စိုးရတယ်။ အရမ်းအားပေးကြတာကိုတော့ ဝမ်းသာ ကျေနပ်ပါတယ်။ ကျနော့် ပရိသတ်တွေရော၊ ကျနော့် Customer တွေကိုရော အမြဲတမ်း မေတ္တာပို့ပေးပါတယ်”လို့ နေယံက ပြောပါတယ်။

အနုပညာသမားတွေအနေနဲ့ နောက်ထပ် စီးပွားရေး အလုပ်တခုကို မဖြစ်မနေ လုပ်သင့်တယ်လို့လည်း နေယံက ဆိုပါတယ်။

“နောက်ထပ်လည်း မြောက်ဒဂုံဘက်မှာ ထပ်ဖွင့်ဖို့ စဉ်းစားထားတယ်။ မိန်းကလေး အထည်တွေရော၊ ယောကျာ်းလေးတို့ အစုံတင်ပြီး ဖွင့်ချင်တာလေး ရှိတယ်။ စက်ရုံမှာလည်း ပိုက်ဆံက ထည့်ထားတယ်။ ကိုဗစ်လည်း ဖြစ်ထားတော့ ကိုယ့်မှာ ငွေမရှိဘဲ အလုပ်ထဲမှာ ငွေဝင်နေတာကြောင့် တဖြည်းဖြည်းတော့ လုပ်သွားမှာပါ။ ကျနော်က စီးပွားရေး လုပ်ရတာ ဝါသနာပါတယ်။ စီးပွားရေးက မဖြစ်မနေကို လုပ်သင့်တယ်”

“ငွေကြေး အများကြီး မရတဲ့ အနုပညာသမားတွေက ပိုဆိုးတယ်။ လူတွေကသာ သရုပ်ဆောင်တယောက်လို့သာ မြင်ကြတာ။ သူ့မှာ ရပ်တည်ရတဲ့ အခက်အခဲတွေက အများကြီးပဲ။ လူတွေကသာ သူ့ကို တီဗီမှာ မြင်နေရလို့ အဆင်ပြေတယ်လို့ ထင်တာ။ အခုခေတ်က ပိုဆိုးတယ်။ အလုပ်တခုတော့ လုပ်ကိုလုပ်ရမယ် ထင်တယ်”လို့ နေယံက ပြောပါတယ်။

သရုပ်ဆောင် နေယံကတော့ ယခင်က မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ သရုပ်ဆောင် အလုပ်ကို လုပ်ကိုင်မှု နည်းပါးသွားပေမယ့် ကိုယ်ပိုင် စီးပွားရေးအဖြစ် ဖက်ရှင်ဆိုင်ဖွင့်ကာ ပရိသတ် အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။

You may also like these stories:

“အရင်လို ပြန်မရပ်တည်နိုင်မှာကို အကြောက်ဆုံးပဲ”လို့ ယုန်လေး ပြော

Facebook Cele နေဆန်း အောင်မြင်နေတဲ့အပေါ် ဂုဏ်ယူတဲ့ သရုပ်ဆောင် နေဆန်း

ဘွဲ့ရပြီးရင် အနုပညာနဲ့တွဲပြီး အလုပ်လုပ်မယ့် ယွန်းဝတီလွင်မိုး

Your Thoughts …
Tags: ကိုဗစ်ကာလနေယံဖက်ရှင်ဆိုင်သရုပ်ဆောင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

by ဧရာဝတီ
6 April 2025
1.4k

တိုင်းပြည် ဘေးဒုက္ခကြုံရချိန်တိုင်းမှာ မယောင်ရာဆီလူး လုပ်နေတာကိုအမြဲလို တွေ့နေရတဲ့ အာဏာသိမ်း ခေါင်းဆောင်ဟာ ဒီတခေါက်မှာတော့ငလျင်ဒဏ်သင့် နေရာတွေထဲက နေပြည်တော်နဲ့ မန္တလေးကို ကွင်းဆင်းကြည့်ရှုမှုတွေ လုပ်ပြခဲ့ပါတယ်။

ဝါရင့် သရုပ်ဆောင် မင်းသားကြီး ကျော်ဟိန်း

မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း

by ဧရာဝတီ
11 July 2020
45.4k

၁၉၇၀ ခုနှစ်မှာ ကျော်ဟိန်း ပထမဆုံး ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “စိန် သို့မဟုတ် စိန်” ဇာတ်ကား ဖြစ်ပါတယ်။

ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးမှတ်တမ်း ရိုက်ကူးနေသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်  /  SSPP Info

သင်ဇာဝင့်ကျော် အပါအဝင် ၆ ဦးကိစ္စ SSPP တာဝန်ယူ ဖြေရှင်းနေဟုဆို

by ဧရာဝတီ
7 July 2022
19k

မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းရိုက်ကူးနေခြင်း ဖြစ်ကြောင်းကိုလည်း SSPP/...

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)

by ဧရာဝတီ
29 November 2025
250

ရုပ်ရှင်သရုပ်ဆောင်နေအောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့် မီဒီယာတခုနဲ့အင်တာဗျူးမှာ တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူအားလုံးကို သတ်ဖို့ ပြောသွားပါတယ်။ ဒါ့အပြင် စစ်တပ်သာမကာကွယ်ရင် လူတွေအားလုံး ဘဝပျက်နေပြီလို့လည်း ပြောသွားပါတယ်။

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

by ဧရာဝတီ
28 October 2025
161

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်လမ်းမှာပါဝင်တဲ့ သရုပ်ဆောင်အနုပညာရှင်တွေဟာ စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တဘက်လှည့်နဲ့ ထောက်ခံလိုက်တာ ဖြစ်တယ်လို့ တော်လှန်ရေး အနုပညာရှင်တွေက ဆိုလိုက်ပါတယ်။

Next Post
မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူ တရားလို ခင်မြတ်နိုး  / ဧရာဝတီ

“မိုးအောင်ရင် အမှုကို တရားရေးက မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ ယုံကြည်တယ်”

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်သွားခဲ့ပြီလို့ ထုတ်ပြန် ကြေညာထားပါတယ်။

ကိုဗစ်ကြောင့် အမေရိကန်မှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော် သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved