• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဖွေးဖွေးကို သီချင်း ရေးပေးတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် ထွန်းနောင်ဆင့်

by ယုဖြူဟန်
13 October 2020
in Entertainment
A A
အဆိုတော် ထွန်းနောင်ဆင့်  / Htun Naung Sint's Facebook

အဆိုတော် ထွန်းနောင်ဆင့် / Htun Naung Sint's Facebook

5.5k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့လပိုင်းက ဖွေးဖွေးကိုယ်တိုင် သီဆိုထားတဲ့ Music Video တပုဒ် ထွက်ရှိခဲ့ပြီး ပရိသတ် တော်တော်များများလည်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒီသီချင်းကိုတော့ အဆိုတော် ထွန်းနောင်ဆင့်က ဖန်တီးရေးသားထားတာဖြစ်ပြီး ရေးပေးဖြစ်တဲ့အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ဖွေးဖွေးက ကျနော့်ကို The X Factor ကမှန်း မသိဘူး။ ကျနော် ဂစ်တာတီးပြီးတော့ သီချင်းဆိုတာကိုကြားပြီး စကားလာပြောတာပေါ့။ အဲ့လိုမျိုးနဲ့ ခင်ပြီးတော့ နောက်ပိုင်း သီချင်းတွေဘာတွေ အတူတူ ဆိုဖြစ်တယ်။ တခါ ပြောဖူးတယ်။ သူသီချင်းဆို ချင်တယ်ဆိုပြီး၊ ကျနော်ကလည်း ရေးပေးမယ်လို့ ပြောပြီးဒီတိုင်းနေလိုက်တယ်။ သိပ်ပြီးတော့ ခေါင်းထဲမထည့်ထားဘူးပေါ့”

“တရက် ကျနော် သီချင်းရေးနေရင်းနဲ့ ဒီသီချင်းလေးက မဖွေးနဲ့ လိုက်လောက်တယ်ဆိုပြီး သူပြောဖူးတဲ့ အကြောင်းအရာလေးတွေ၊ သူဆိုချင်တယ် ပြောဖူးတာတွေကို ပုံဖော် အသက်သွင်းပြီးတော့မှ သူနဲ့ လိုက်လောက်တဲ့ စကားလုံးလေးတွေ ရွေးချယ်ရင်း ရေးပြီးသွားတယ်။ သူ့ကို ပို့ပေးတော့ သူကသဘောကျတယ်ဆိုပြီး လုပ်ဖြစ်သွားတယ်” လို့ ထွန်းနောင်ဆင့်က ဧရာဝတီကို ပြောပါတယ်။

သီချင်းကိုတော့ ထွန်းနောင်ဆင့် စိတ်ကြိုက် ဖန်တီးပေးထားပြီး ဖွေးဖွေးဆိုတဲ့ အချိန်မှာသာ Guideline ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျနော် ရေးထားတဲ့အတိုင်း အကုန်လုံးကို ဆိုဖြစ်သွားတယ်။ သီချင်းဆိုတဲ့အချိန်၊ သီချင်းတီးတဲ့အချိန်မှာတော့ ကိုယ်တိုင် လိုက်သွားပြီးတော့မှ သူ့အကြိုက် ကိုယ့်အကြိုက် သေချာလုပ်ကြတယ်။ သီချင်းကိုလည်း စိတ်ကြိုက် ဖန်တီးတယ်။ ပြီးတော့ သူဆိုတဲ့အချိန်မှာလည်း ဘေးနားကနေ ဘယ်လိုလေးဆို ဆိုပြီးတော့ ပြောပြပေးတယ်။ သီချင်းထွက်လာတဲ့အချိန်မှာလည်း အရမ်းကို ကျေနပ်ရပါတယ်” လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။

ကိုယ်တိုင်လည်း သီချင်းတွေရေးသလို သီချင်းတွေဆိုလျက်ရှိတဲ့ ထွန်းနောင်ဆင့်ဟာ ပြိုင်ပွဲမှာ ဆုရခဲ့ပြီးနောက်မှာတော့ သီချင်းတွေ ဆက်တိုက် မထွက်ဖြစ်ဘဲ Music School တက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“အဓိကကတော့ တကိုယ်တော်အခွေကို စပြီးတည်လာတာ ၃ နှစ်လောက် ရှိပြီပေါ့။ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်မလာနိုင်ဘူးပေါ့။ အခုပြန်စဉ်းစားကြည့်တော့ Physical Sale ကဘယ်သူမှ မလုပ်ကြတော့ဘူး။ ဘယ်သူမှလည်း အဲ့လောက်ထိ အားမပေးကြတော့ဘူး။ ကျနော်လည်းအခွေ မထုတ်ဘဲနဲ့ ခေါင်းစဉ်အောက်ကပဲ တလ တပုဒ်နှုန်းနဲ့ တင်သွားပေးဖို့ ရှိပါတယ်” လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။

ပြိုင်ပွဲမှာ ဆုရခဲ့ပေမယ့် အနုပညာရှင်တယောက်အနေနဲ့ ရပ်တည်ဖို့အတွက် ဝမ်းစာမပြည့်သေးဘူးလို့ ယူဆတာကြောင့် ကျောင်းတက်ခဲ့ပြီး အခုလက်ရှိ ပြုလုပ်နေတဲ့ Reaction Video တွေက သူ့ရဲ့ Comeback လို့ ပြောရင်ရတယ်လို့ ဆိုပါတယ်။

“ကျနော်က X factor ကို ၂၀၁၆ မှာ ဆုရတယ်။ ဆုရပြီးတော့ ချက်ချင်းကြီး ဝုန်းဒိုင်းကြီး မလုပ်လိုက်ဘူး။ လုပ်လို့ရတယ်။ အခွေတွေ ထုတ်လို့ရတယ်။ သီချင်းတွေ ထုတ်လို့ရတယ်။ ဒါပေမဲ့ ကျနော် မလုပ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဝမ်းစာ မပြည့်သေးဘူးထင်လို့။ မြန်မာနိုင်ငံရဲ့အနုပညာရှင်တယောက်အနေနဲ့ ရပ်တည်ဖို့အတွက် မွေးရာပါ ပါလာတဲ့ ပါရမီပဲ ရှိတယ်။ ဘာပညာရပ်မှ မတတ်သေးဘူးဆိုတော့ Music School အရင်တက်လိုက်တယ်။ အခု Reaction Video တွေက Comeback လို့ ပြောလို့ရတယ်” လို့ ထွန်းနောင်ဆင့်ကပြောပါတယ်။

၂၀၂၀ ဟာ သူ့နှစ်ဖြစ်ရမယ်လို့ တွေးထားခဲ့ပေမယ့် ကိုဗစ်ပေါ်လာတာကြောင့် ငြိမ်နေရတယ်လို့ ဆိုပါတယ်။

“ကျနော် ၂၀၁၉ ကတည်းကစပြီးတော့ ပြန်လုပ်တာပေါ့။ ၂၀၂၀ က ကျနော့်နှစ် ဖြစ်ရမယ် ဆိုပြီးတော့ ကျနော် တွေးလိုက်ပေမယ့် ကိုဗစ်ကြီးဝင်လာတော့ ပြန်ပြီးတော့ ငြိမ်နေရတာပေါ့။ အဲ့တော့ Reaction Video တွေ လုပ်ပြီးတော့မှ ဒီထဲကို မနည်းပြန်ဝင်ရတဲ့ သဘောပေါ့။ ကြားထဲမှာတော့ မလုပ်ဘူးလားဆိုတော့ လုပ်တယ်။ လေ့လာစရာရှိတာ လေ့လာတယ်။ သင်ယူစရာရှိတာ သင်ယူတယ်။ လေ့ကျင့်စရာရှိတာ လေ့ကျင့်တယ်။ ပြိုင်ပွဲတုန်းက ကြည့်ဖူးတဲ့သူဆို သိတယ်။ အခု ကျနော် ဘယ်လောက် ပြောင်းလဲသွားလဲဆိုတာကို”လို့ ထွန်းနောင်ဆင့်က ပြောပါတယ်။

လက်ရှိမှာတော့ ထွန်းနောင်ဆင့်က နိုင်ငံတကာမှာရှိတဲ့ တခါမှ မသိဖူး မမြင်ဖူးတဲ့ သူစိမ်းတွေကို Omegal မှတဆင့် သီချင်းများ ဆိုပြတာတွေ Reaction Video တခုအနေနဲ့ ပြန်လည် ရိုက်ကူးတင်ဆက်လျက် ရှိပါတယ်။

You may also like these stories:

“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”

“ရုပ်ရှင်လောကသားတွေကို စားနပ်ရိက္ခာ ထောက်ပံ့နိုင်အောင် ကြိုးစားနေရတယ်”

အမှားတခုကို ပုံကြီးမချဲ့ဘဲ သဘောထားကြီးပေးကြဖို့ Project K အဖွဲ့မှ တောင်းပန်

Your Thoughts …
Tags: ထွန်းနောင်ဆင့်ဖွေးဖွေးသီချင်းသစ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ဖွေးဖွေး / Phway Phway's Facebook

“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော

by ယုဖြူဟန်
1 July 2019
13.8k

“တရား မျှမျှတတနဲ့ အမှန်ကို အမှန် ပေါ်ပေါက်စေချင်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံရမှာပဲလေ။ မခံနိုင်ရင် အစကတည်းက မလုပ်နဲ့ပေါ့။ ရှင်းရှင်းလေးပဲ။

ရွေးကောက်ပွဲကို ဝါဒဖြန့် မပေးလို့ ဖွေးဖွေးခေါ်ယူစစ်ဆေးခံရ (ရုပ်/သံ)

ရွေးကောက်ပွဲကို ဝါဒဖြန့် မပေးလို့ ဖွေးဖွေးခေါ်ယူစစ်ဆေးခံရ (ရုပ်/သံ)

by ဧရာဝတီ
7 November 2025
197

ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးကို ရွေးကောက်ပွဲ ဝါဒဖြန့်ချီရေးကမ်ပိန်းဗီဒီယို မရိုက်ပေးတာကြောင့် စစ်ကော်မရှင်တပ်က ခေါ်ယူစစ်မေးခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် နေမင်းအိမ် ပါဝင်တဲ့ Velocity Band

Velocity Band နဲ့အတူ သီချင်းသစ်တွေ ထွက်မယ့် နေမင်းအိမ်

by ချစ်ပိုး
30 July 2020
2.8k

“ကျနော် Velocity member အနေနဲ့ စတင်ဖြစ်ခဲ့တဲ့ သီချင်း နှစ်ပုဒ်ပေါ့။ သီချင်းတွေကို အယ်လ်ဘမ် Project တွေလည်း ကျနော်တို့ ဖန်တီးနေတယ်။

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

အဆိုတော် အေးချမ်းမေ / Aye Chan May's Facebook

“Save Myanmar” သီချင်းနဲ့ စိတ်ခွန်အားပေးမယ့် အဆိုတော် အေးချမ်းမေ

by ဧရာဝတီ
2 August 2021
11.8k

စိတ်ခံစားချက် ပြင်းပြင်းနဲ့ သီဆိုခဲ့ပါတယ်။ သီချင်းကို နားဆင်တဲ့အခါမှာလည်း ခွန်အားရမယ်လို့ မျှော်လင့်ပါတယ်။

119 ဆိုင်ဖွင့်ပွဲမှာတွေ့ရတဲ့ ဖွေးဖွေး / မန်းသူ / ဧရာဝတီ

Model Boy ၁၀ ဦး ခြံရံကာ ဖွေးဖွေးကို Surprise နဲ့ ကြိုဆိုခဲ့တဲ့ 119 ဆိုင်ဖွင့်ပွဲ

by မန်းသူ
2 July 2018
16.3k

ဖွေးဖွေးကို အပေါ်ပိုင်းBody အလှပြထားတဲ့ Model Boy ၁၀ ဦးက ကြိုဆိုခဲ့ကြပြီး ဖွေးဖွေးက Model ၁၀ ဦးခြံရံ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Next Post
ဖောင်ကြီးယာယီဆေးရုံ အရေးပေါ်လူနာ ထားရှိရာအခန်းကို တည်ဆောက်ပြီးစီးခါစက တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ကိုဗစ်တိုက်ဖျက်ရေး ကန်ဒေါ်လာ သန်း ၃၀ ADB ချေးမည်

သရုပ်ဆောင် အကယ်ဒမီ နေတိုး  / Nay Toe's Facebook

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်းနှစ် ၂၀ ပြည့်ခဲ့တဲ့ နေတိုး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved