• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်းနှစ် ၂၀ ပြည့်ခဲ့တဲ့ နေတိုး

by ယုဖြူဟန်
13 October 2020
in Entertainment
A A
သရုပ်ဆောင် အကယ်ဒမီ နေတိုး  / Nay Toe's Facebook

သရုပ်ဆောင် အကယ်ဒမီ နေတိုး / Nay Toe's Facebook

7.1k
VIEWS
Share on FacebookShare on Twitter

၁၉၂၀ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ဒီလိုနှစ် ၁၀၀ ပြည့်နေ့မှာပဲ ပရိသတ်ချစ်ကြတဲ့ အကယ်ဒမီ မင်းသား နေတိုးဟာလည်း အနုပညာလောကထဲ ဝင်ရောက်လာတာ နှစ် ၂၀ ပြည့်သွားပြီလို့ သိရပါတယ်။

“အခုဆိုရင် မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ ပြည့်သွားခဲ့ပါပြီ။ နှစ် ၁၀၀ ပြည့်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ပြည့်တဲ့နေ့လည်း ဖြစ်နေပါတယ်။ အခုလို ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ မုဒိတာစကား ပြောခွင့်ရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းနှစ် ၂၀ ပြည့်နဲ့ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် မုဒိတာစကားကို သူ့ရဲ့ကိုယ်ပိုင် Youtube Channel မှာ တင်ပေးထားတာ ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ COVID-19 ကပ်ရောဂါကြောင့် ဖျော်ဖြေရေးများ၊ ပွဲလမ်းသဘင်များကို မလုပ်ပေးနိုင်တဲ့အတွက်လည်း တောင်းပန်ထားပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တဲ့အချိန်မှာ ပရိသတ်တွေအတွက် ကြီးမားတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေ ပွဲလမ်းတွေကို မလုပ်ပေးနိုင်တဲ့အတွက်လည်း အားလုံး ခွင့်လွှတ် နားလည်ပေးဖို့ တောင်းပန်ချင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

အခုအချိန်မှာ ရုပ်ရှင်ရိုက်ကူးရေးများကို ရပ်ဆိုင်းထားရပေမယ့် ပြန်လည် ရိုက်ခွင့်ရတဲ့အချိန်မှာ ရုပ်ရှင်များကို တိုးတက်အောင်မြင်အောင် အတိုးချ ကြိုးစားသွားဖို့အတွက် တိုက်တွန်းထားပါတယ်။

“နောက်တခုက ကျနော်တို့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခွင့်ရတဲ့အချိန်မှာ ကျနော်တို့ အနုပညာ ညီအစ်ကို မောင်နှမတွေ အားလုံးက ရုပ်ရှင်တိုးတက် အောင်မြင်ဖို့အတွက် အတိုးချပြီး ကြိုးစားဖို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ ကျနော်လည်း အခုရောက်ရှိနေတဲ့ နေရာလေးကနေ ရုပ်ရှင်နဲ့ပရိသတ်အတွက် အမြဲတမ်း ကြိုးစားသွားပါ့မယ်”လို့ နေတိုးက ပြောပါတယ်။

ပရိသတ်များအတွက်လည်း နေတိုးက အခုလို ဆုတောင်းပေးခဲ့ပါတယ်။

“ရုပ်ရှင်နှစ် ၁၀၀ မှသည် နောက်နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါစေလို့လည်း ဒီနေရာကနေ ဆုတောင်းချင်ပါတယ်။ မိဘပြည်သူ မောင်နှမတွေအားလုံး ကျန်းမာချမ်းသာပြီးတော့ ကပ်ဘေး အန္တရာယ်ဆိုးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ” လို့ နေတိုးက ပြောပါတယ်။

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဒီပွဲတော်မှာတော့ အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ခေတ်အဆက်ဆက် ရိုက်ကူး ပြသခဲ့ကြတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ အနုပညာစွမ်းပကားကို ပြန်လည် ခံစားသိမြင်စေရန်၊ မြန်မာ့ရုပ်ရှင်ကို နှစ်သက်သည့် ပြည်တွင်းပြည်ပ မှ ရုပ်ရှင်ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဇာတ်ကားများ ရွေးချယ် ကြည့်ရှုနိုင်စေရန်နှင့် ရုပ်ရှင်ချစ်ပရိသတ်များအား COVID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ မိမိတို့နေရာ အသီးသီးမှာ လုံခြုံကျန်းမာ ဘေးကင်းစွာ ကြည့်ရှုနိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။

You may also like these stories:

ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု ၃၉ စုစာအတွက် မွေးနေ့အလှူလုပ်ခဲ့တဲ့ နေတိုး

“ပိုသူလှူ လိုသူကူ” အွန်လိုင်းဈေးရောင်းပွဲတော်မှာ ၁၀ သိန်း လှူဒါန်းခဲ့တဲ့ နေတိုး

Your Thoughts …
Tags: နေတိုးနှစ် ၁၀၀ ပြည့်မြန်မာ့ရုပ်ရှင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု

ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု

by Matthew Sussex
13 November 2024
3k

ထရမ့်အစိုးရ ကမ္ဘာ့စင်မြင့်တွင် သွားနိုင်သည့်လမ်းကြောင်း သုံးခုရှိသည်။

မြောက်ကိုရီးယားတပ်များ ရုရှားတွင် ဖြန့်ကြက်ခြင်းကို တရုတ်က ကြိုသိသလား

မြောက်ကိုရီးယားတပ်များ ရုရှားတွင် ဖြန့်ကြက်ခြင်းကို တရုတ်က ကြိုသိသလား

by Martin Fornusek
6 November 2024
2k

မြောက်ကိုရီးယားတပ်များ လှုပ်ရှားမှုကို မသိကြောင်း တရုတ်အစိုးရက ပြောသော်လည်း တရုတ်အတွက် တစုံတရာ အကျိုးရှိစေသည်ဟု လေ့လာသူများက ယုံကြည်သည်။

ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ် ပူတင် မျက်စပစ်နေ

ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ် ပူတင် မျက်စပစ်နေ

by Guy Faulconbridge
23 November 2024
1.9k

ပူတင်သည် ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် မစ္စတာ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရန် တံခါးဖွင့်ထားသည်

စစ်ပွဲတွေ ဘယ်တော့ပြီးမှာလဲ

စစ်ပွဲတွေ ဘယ်တော့ပြီးမှာလဲ

by နွေနေ
1 December 2024
1.8k

စစ်ပွဲများက မပြီးဆုံးသေးပါ။ အယူအဆမတူ၊ ယုံကြည်ချက်ကွဲပြားသော အုပ်စုများက မိမိတို့အမှန်တရားအတွက် စစ်ပွဲများ ဆင်နွှဲနေကြသည်။

ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

ထရမ့် ဒေါသထွက်လည်း အမေရိကန်၏ ရန်သူများကို တရုတ် ပိုမိုဆွဲဆောင်လာ

by Stephen Collinson
8 September 2025
1.4k

သမ္မတ ထရမ့်၏ ဒုတိယရာထူးသက်တမ်း ပထမ ရှစ်လအတွင်း ရွေးချယ်မှုများက ကမ္ဘာ့အာဏာကို အရှေ့တိုင်းသို့ အရွေ့အား အရှိန်မြှင့်တင်ပေးနေသည်။

ပင်လယ်နှင့် စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှု ရပ်ရန် ရုရှားနှင့် ယူကရိန်းသဘောတူ

ပင်လယ်နှင့် စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှု ရပ်ရန် ရုရှားနှင့် ယူကရိန်းသဘောတူ

by ဧရာဝတီ
27 March 2025
909

ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ထရမ့်က သမ္မတ ဇယ်လန်စကီး၊ သမ္မတ ပူတင်တို့နှင့် သီးခြား ဖုန်းပြောဆိုပြီး ထိုသဘောတူညီချက်များ ရခြင်းဖြစ်သည်။

Next Post
ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားမှ တဆင့် မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းပို့ဆောင်မည့်ကားများ / ကျော်ခ / ဧရာဝတီ

ကိုဗစ် အကန့်အသတ်များကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခက်အခဲဖြစ်

Remdesivir ဆေးကို အိန္ဒိယနိုင်ငံက အလုံးရေ ၃,၀၀၀ လှူဒါန်းထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကလည်း အလုံးရေ ၁၅,၀၀၀ ဝယ်ယူထားကြောင်း သိရသည်။

ကိုဗစ်ပြင်းထန် လူနာများကို Remdesivir ဆေးဖြင့် ကုသနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved