• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အွန်လိုင်းကနေ ပရိသတ်တွေကို ဝိုင်ရောင်းမယ့် ကျော်ကျော်ဗို

by ချစ်ပိုး
20 October 2020
in Entertainment
A A
သရုပ်ဆောင် ကျော်ကျော်ဗို  / Kyaw Kyaw Bo's Facebook

သရုပ်ဆောင် ကျော်ကျော်ဗို / Kyaw Kyaw Bo's Facebook

6.5k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ Stay home ကာလမှာ အနုပညာရှင်တွေ အွန်လိုင်းကနေ Live လွှင့်ပြီး ဈေးရောင်းကြတဲ့အပေါ် ဒီအလုပ်က ပျော်စရာကောင်းပြီး ပရိသတ်နဲ့ ပိုထိတွေ့ခွင့်ရတဲ့အလုပ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော့်ကို အွန်လိုင်းကနေ ဈေးရောင်းဖို့ ကမ်းလှမ်းတာတွေ ရှိတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်က အဲ့ကဏ္ဍကို ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ပေမယ့် Stay home ကာလမှာ ပရိသတ်နဲ့ ထိတွေ့ရတယ်။ သူများတွေ ရောင်းနေတာ ကြည့်တာတော့ ပျော်စရာလည်း ကောင်းတယ်။ ကျနော် အဲ့လောက်ထိတောင် ပျော်စရာကောင်းအောင် မလုပ်နိုင်လောက်ဘူးလို့ ထင်တယ်”

“ကျနော် လုပ်တော့လုပ်ဖြစ်လိမ့်မယ်။ ပရိသတ်နဲ့ နွေးနွေးထွေးထွေးလေး ထိတွေ့ရတဲ့ အကျိုးတရား တခု ရတယ်။ ရောင်းသူဝယ်သူ နှစ်ဦးကြား ချိတ်ဆက်ပေးလိုက်တော့ ဘာပဲပြောပြော Stay home ကာလမှာ ကျနော်တို့လည်း ပရိသတ်နဲ့ ထိတွေ့ဖြစ်တယ်။ ရောင်းသူကလည်း စီးပွားဖြစ်တယ်။ ဝယ်တဲ့ သူကလည်း ပိုင်ဆိုင်မှုလေးတခု ဖြစ်တယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ကျော်ကျော်ဗိုကတော့ သူကိုယ်တိုင် ဝိုင်ကြိုက်နှစ်သက်သူတဦး ဖြစ်တာကြောင့် မကြာခင်မှာ ပရိသတ်တွေကို ဝိုင်ရောင်းချဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော် ကိုယ်တိုင်က ဝိုင်ကြိုက်တယ်။ ဝိုင်ကို အေးအေးဆေးဆေး သောက်ရတဲ့ ခံစားမှုလေးကို ကြိုက်တော့ ဝိုင်ကို သောက်ဖြစ်တယ်။ ကြိုက်တော့ စုဆောင်းထားတဲ့ ဝိုင်တွေ ရှိတယ်။ ပြီးတော့ မိတ်ဆွေ သိမ်းထားတဲ့ ဝိုင် Store ရှိတယ်။ ကျနော်ကြိုက်တဲ့ အရာတခုကို ကျနော့် ပရိသတ်တွေကို Share လုပ်ပြီး ရောင်းတာပါပဲ။ ဗုဒ္ဓဟူးနေ့လောက် ရောင်းပေးမယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

ကိုဗစ်ကာလမှာ အနုပညာရှင်များစွာ အွန်လိုင်းကနေ ဈေးရောင်းလာကြတဲ့အပေါ်လည်း ကျော်ကျော်ဗိုက သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။

“တချို့ကလည်း လုပ်လို့ရတဲ့ အွန်လိုင်းကနေ ဈေးရောင်းတာကို လုပ်ကြတာပေါ့။ တချို့ကလည်း ပရိသတ်နဲ့ ဒီတိုင်း တောင်ပြောလိုက် မြောက်ပြောလိုက် ပြောတာထက်စာရင် ပရိသတ်လည်း ပါဝင်ပတ်သက်လို့ရတဲ့ ဒီဈေးရောင်းတာကို လုပ်ကြတာပေါ့”

“အခုလို အနုပညာရှင်တွေ ဈေးရောင်းတာကလည်း အခုလို ရောဂါတွေ ဖြစ်နေတာကြောင့် အလုပ် မရှိကြလို့ပါ။ အကုန်လုံး အရင်အခြေအနေ ပြန်ဖြစ်သွားရင်လည်း အကုန်လုံးက သူ့အလုပ်နဲ့သူ ပြန်လုပ်ကြမှာပါ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

Stay home နေရချိန်မှာ စာဖတ်ဖြစ်တယ်ဆိုတဲ့ ကျော်ကျော်ဗိုက ပရိသတ်တွေကိုလည်း အသိပညာ ဗဟုသုတ မျှဝေချင်တာကြောင့် စာဖတ်ပြဖြစ်နေတယ်လို့ ဆိုပါတယ်။

“အခု Stay home ကာလက တော်တော်လည်း ကြာပြီ။ မတ်လလောက်က Stay home နေရတာ ဒုတိယလှိုင်း မဖြစ်ခင်ကြားထဲမှာ နည်းနည်း အလုပ်လုပ်လိုက်သေးတယ်။ အခုတော့ Stay home နေတာပေါ့။ အိမ်မှာက ဘာမှလုပ်စရာ မရှိတော့ မိသားစုကို အချိန်ပေးဖြစ်တယ်။ ဘုရားတရား ပိုလုပ်ဖြစ်တယ်။ စာတွေ ပိုဖတ်ဖြစ်တယ်။ အွန်လိုင်းကနေ လုပ်လို့ရမယ့် ကြော်ငြာလေးတွေ လုပ်ဖြစ်တယ်”

“Stay home ကာလမှာ ကျနော် စာဖတ်ဖြစ်တယ်။ ဖတ်ရင်းနဲ့ ကျနော် တယောက်တည်း ဖတ်တော့ ဗဟုသုတ တခုကို ကျနော် တယောက်ပဲ သိနေရတော့ ကျနော့် ပရိသတ်ကိုလည်း မျှဝေချင်တဲ့ စိတ်လေး ဖြစ်လာတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆို ပုံပြောပြလို့ သိလာရတဲ့ သဘောမျိုးပေါ့”

“အကြောင်းကြောင်းကြောင့် စာပေ မလေ့လာဖြစ်တာတွေ၊ မဖတ်ဖြစ်တာတွေ ရှိကြတော့ ကျနော်လည်း စာပေကုသိုလ် ယူတာပေါ့ဗျာ။ ကျနော် အဲ့တော့ စာဖတ်ပြဖြစ်တယ်။ အသိဉာဏ်တွေ၊ ဗဟုသုတတွေ ပရိသတ်တွေ၊ မိတ်ဆွေတွေဆီ ကျန်ခဲ့ရင် ကုသိုလ်ရတယ်ဆိုတဲ့ အသိနဲ့ ဖတ်ဖြစ်တာပါ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

နှင်းဆီအဖွဲ့သား တဦးဖြစ်တဲ့ ကျော်ကျော်ဗိုကတော့ စက်တင်ဘာလအတွင်းကလည်း “မာလာမြိုင်နှင်းဆီ”ဆိုတဲ့ Unplugged Live Show အွန်လိုင်းဖျော်ဖြေမှာ သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ အဆိုတော် ရဲလေးတို့နဲ့အတူ ပါဝင် ဖျော်ဖြေခဲ့ပါသေးတယ်။

You may also like these stories:

ကိုဗစ်ကာလမှာ ပရိသတ်တွေရဲ့ ခံစားချက်ကို နားထောင်ပေးမယ့် ကျော်ကျော်ဗို

ဒီအချိန်အခြေခံလူတန်းစားများကို ဝိုင်းဝန်းကူညီဖို့ လိုအပ်ကြောင်း ကျော်ကျော်ဗိုပြော

အွန်လိုင်းမှာ Live လွှင့်ပြီး ရောင်းချတဲ့ ဈေးကွက်တခုကို ဦးဆောင်နေတဲ့ ထက်ထက်မိုးဦး
Your Thoughts …
Tags: ကျော်ကျော်ဗိုဝိုင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ကျော်ကျော်ဗို နဲ့  မယဉ်ယဉ်မင်း / Kyaw Kyaw Bo's Facebook

“အမျိုးသမီးက ပါရမီဖြည့်ဖက်ကောင်းတဦးဖြစ်တယ်” လို့ ဆိုလိုက်တဲ့ ကျော်ကျော်ဗို

by ချစ်ပိုး
14 November 2018
9k

''အိမ်ထောင်တခုသာယာဖို့ဆိုတာ အမျိုးသမီးတယောက်တည်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။ အမျိုးသား ကောင်းလို့လည်း ဒီလိုဖြစ်တာပါ။ နှစ်ယောက်စလုံး အပေးအယူ မျှမျှတတနဲ့ ရှေ့ဆက်သွားကြတာပါ။ အေးချမ်းပါတယ် စိတ်ချမ်းသာအောင် ထားတယ်။

"မဟူရာရုပ်ရှင်ရုံ" ဇာတ်ကား

နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ သွားရောက် ပြသခွင့်ရရှိထားတဲ့ “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကား

by ချစ်ပိုး
24 April 2019
7.5k

"မဟူရာ ရုပ်ရှင်ရုံ" ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ Riya Ray နဲ့ နန်းဆုဦးတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

သရုပ်ဆောင် ကျော်ကျော်ဗို  / Kyaw Kyaw Bo's Facebook

လမ်းဘေး လက်ဖက်ရည်ဆိုင်ကို လွမ်းလို့ ကော်ဖီ ထုတ်ဖြစ်ခဲ့တဲ့ ကျော်ကျော်ဗို

by ချစ်ပိုး
24 January 2021
13.9k

“ကျနော်ကြိုက်တဲ့ ကော်ဖီဆိုင် မဖွင့်ဖြစ်သေးရင်တောင် ကျနော်ကြိုက်တဲ့ ကော်ဖီ အရသာလေးကို ဖြန့်ဝေချင်တာနဲ့ ကော်ဖီ ထုတ်ဖြစ်တာပါ။ အခုတော့ အွန်လိုင်းကနေပဲ Deli နဲ့ ပို့ပေးနေပါတယ်”

သရုပ်ဆောင် ကျော်ကျော်ဗို / Lady Boy ရုပ်ရှင် Facebook Page

“Lady Boy” ရုပ်ရှင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမှာ ရင်ခုန်နေတဲ့ ကျော်ကျော်ဗို

by ချစ်ပိုး
4 June 2019
8.6k

“ဒီကာရိုက်တာကလည်း ကျနော့်ဘဝမှာ ပထမဦးဆုံး လုပ်ဖူးတဲ့ ကာရိုက်တာပဲ။ ကိုယ်တိုင် ပြန်ကြည့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်။ ဟာသဆိုပေမယ့် ရင်ခုန်ရတဲ့ ကာရိုက်တာပေါ့။

သရုပ်ဆောင် အကယ်ဒမီ ကျော်ကျော်ဗို  / ဝေဝေနှင်း / ဧရာဝတီ

အကယ်ဒမီ ရွှေကြယ်ကို မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဒါန်းမယ့် ကျော်ကျော်ဗို

by ယုဖြူဟန်
11 August 2019
9.5k

ကျော်ကျော်ဗိုကတော့ အကယ်ဒမီ ရရှိစဉ်က ချီးမြှင့်ခံထားရတဲ့ ရွှေပြားများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

"အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု" ရရှိခဲ့တဲ့ ကျော်ကျော်ဗို

“အကယ်ဒမီကို အားလုံးထိုက်တန်လို့ ရကြတယ်”လို့ မှတ်ယူတဲ့ ကျော်ကျော်ဗို

by ယုဖြူဟန်
25 March 2019
6.1k

နေတိုးကို သူကြိုးစားထားမှု အသိအမှတ်ပြု မခံရလို့ စိတ်မကောင်းဖြစ်သလို ရသွားတဲ့ သူထူးစံအတွက်လည်း သူယ်ချင်းတွေဆိုတော့ ဝမ်းသာရမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ လောကကြီးက ကျဉ်းကျဉ်းလေးပါ။

Next Post
ခရီးသွားလာတဲ့အခါ ၅ ယောက် တဖွဲ့စီနဲ့ သတ်မှတ်ထားတဲ့ Social distancing စည်းကမ်းချက်တွေကို လိုက်နာရဦးမယ်လို့ စင်ကာပူ ခရီးသွားဘုတ်အဖွဲ့က ဆိုပါတယ်။

စင်ကာပူမှာ အယောက် ၂၀ ထိ အဖွဲ့လိုက် လည်ပတ်ခွင့်ပြုတော့မည်

ရွေးကောက်ပွဲဝင်မယ့် လူငယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ ရင်ထဲကစကားများ

ရွေးကောက်ပွဲဝင်မယ့် လူငယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ ရင်ထဲကစကားများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved