• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Forbes Asia ရဲ့ Digital Stars အယောက် ၁၀၀ စာရင်းမှာ စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည် ပါဝင်

by မစ်ကီ
9 December 2020
in Entertainment
A A
Forbes Asia ထုတ်ပြန်လိုက်တဲ့ Digital Stars အနုပညာရှင်များ

Forbes Asia ထုတ်ပြန်လိုက်တဲ့ Digital Stars အနုပညာရှင်များ

37.1k
VIEWS
Share on FacebookShare on Twitter

Forbes Asia ကနေ ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲမှာ စွမ်းအားပြည့် လှုပ်ရှားခဲ့ကြတဲ့ အာရှပစိဖိတ်ဒေသ တခွင်မှ အဆိုတော်၊ အဖွဲ့၊ ရုပ်ရှင်နဲ့ ရုပ်သံစတား ၁၀၀ စာရင်းကို မကြာသေးခင်တုန်းက ထုတ်ပြန်လိုက်ပါတယ်။

သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တည်ရှိမှုကနေ သူတို့ရဲ့ သစ္စာရှိ Follower သန်းပေါင်းများစွာကို သက်ဆိုင်ရာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ပိုင်ဆိုင်ခဲ့ပြီး စင်မြင့်နဲ့ ဖန်သားပြင်ပေါ်မှာရော အွန်လိုင်းပေါ်မှာ နာမည်ကြီးစေခဲ့ပါတယ်။ အဆင့်သတ်မှတ်ချက်နဲ့ ထုတ်ပြန်တာ မဟုတ်တဲ့ အဲ့ဒီစာရင်းကတော့ ထင်မှတ်မထားတဲ့အချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ အဲ့ဒီအနုပညာရှင် အယောက် ၁၀၀ စာရင်းမှာ မြန်မာနိုင်ငံက အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အသက် ၄၁ နှစ်အရွယ် စိုင်းစိုင်းခမ်းလှိုင်အကြောင်း ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံအတွင်း Facebook ပေါ်မှာ Follower အများဆုံး အနုပညာရှင်ဖြစ်ပြီး Follower ၉ သန်းကျော်တောင် ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ COVID-19 လျော့ပါးသက်သာစေရေးနဲ့ ဒေသတွင်းရုပ်ရှင်၊ ဂီတလုပ်ငန်းကို ထောက်ပံ့ကူညီဖို့ သူဟာ ယူနိုက်တက် အမရာဘဏ်နဲ့ ပူးပေါင်းပြီး SaiSai Pay ဆိုတဲ့ App ကို စတင်ထူထောင်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
122
သဇင်ပန်း

သဇင်ပန်း

10 January 2026
133
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

အသက် ၃၂ နှစ်အရွယ် မင်းသမီး ဝတ်မှုံရွှေရည်ကတော့ ထပ်ဆင့်အကယ်ဒမီ ဆုရှင်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တဲ့ “လိပ်ပြာစံအိမ်” မှာ ပါဝင်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ထဲက ဇာတ်ရုပ်နဲ့ပဲ စင်ကာပူနိုင်ံရဲ့ အာရှအကယ်ဒမီ ဖန်တီးမှုဆိုင်ရာ ဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆုအတွက် လျာထားခံခဲ့ရပါတယ်။ သူဟာ မြန်မာနိုင်ငံအတွင်း Facebook မှာ Follower အများဆုံး အမျိုးသမီး အနုပညာရှင်ဖြစ်ပြီး Follower ၆ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

Forbes Asia ရဲ့ အနုပညာရှင်အယောက် ၁၀၀ စာရင်းထဲမှာ အများဆုံးပါဝင်နေတာကတော့ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအနုပညာရှင်တွေ ဖြစ်ကြပါတယ်။

ကိုရီးယားအနုပညာရှင်တွေထဲမှာတော့ EXO အဖွဲ့၊ BTS အဖွဲ့၊ TWICE အဖွဲ့၊ SEVENTEEN အဖွဲ့၊ Blackpink အဖွဲ့၊ Red Velvet အဖွဲ့၊ မင်းသား လီမင်းဟို၊ မင်းသား Nam Joo-hyuk ၊မင်းသား Ji Chang-wook၊ မင်းသား Lee Dong-wook၊ အဆိုတော် HyunA ၊ မင်းသမီး Lee Sung-kyung ၊ မင်းသမီး Krystal Jung၊ အဆိုတော် IU၊ မင်းသမီး Kim So-hyun ၊ အဆိုတော် Sunmi၊ မင်းသမီး Bae Suzy နဲ့ မင်းသမီး Park Shin-hye တို့ ပါဝင်တာကို တွေ့ရပါတယ်။

တရုတ် အနုပညာရှင်တွေထဲမှာတော့ EXO အဖွဲ့ဝင်ဟောင်းတွေ ဖြစ်ကြတဲ့ Kris Wu နဲ့ Luhan၊ အဆိုတော် Jackson Wang၊ အဆိုတော် မင်းသား Jackson Yee၊ မင်းသမီး Angelababy၊ မင်းသား Wang Yibo နဲ့ Donnie Yen တို့လို အထင်ကရ အနုပညာရှင်တွေ ပါဝင်ကြပါတယ်။

အိန္ဒိယ အနုပညာရှင်တွေထဲမှာတော့ မင်းသားကြီး အမီတာဘဂျမ်း၊ မင်းသားရှရွတ်ခန်၊ မင်းသား Akshay Kumar၊ မင်းသား Ranveer Singh၊ မင်းသား Hrithik Roshan နဲ့ မင်းသမီး Anushka Sharma စတဲ့ အနုပညာရှင်တွေ ပါဝင်လာပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မင်းသား Mario Maurer နဲ့ မင်းသမီး Davika Hoorne တို့ ပါဝင်ခဲ့တာကို ထူးထူးခြားခြား တွေ့ရှိရပါတယ်။

အခုလိုမျိုး ကပ်ရောဂါကာလမှာ ပရိသတ်အစုလိုက် ပါဝင်မယ့် ပွဲအခမ်းအနားတွေကို ဖျက်သိမ်းလိုက်ရပေမယ့် အဲ့ဒီစာရင်းမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ပရိသတ်တွေနဲ့ ဆက်သွယ်တာ၊ ကျန်းမာရေးအသိပေးမှုကို မြှင့်တင်တာနဲ့ အကောင်းမြင်စိတ်ကို လှုံ့ဆော်ပေးတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့ အများစုကတော့ သူတို့ရဲ့ လွှမ်းမိုးနိုင်မှုကို အသုံးပြုပြီး COVID-19 နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝေမျှခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Ref:Forbes

You may also like these stories:

Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ The Rock

၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေအများဆုံး ရရှိတဲ့ YouTuber စာရင်း Forbes မဂ္ဂဇင်း ထုတ်ပြန်

Your Thoughts …
Tags: Digital StarsForbes Asiaစိုင်းစိုင်းခမ်းလှိုင်ဝတ်မှုံရွှေရည်အာရှပစိဖိတ်ဒေသ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ

မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ

by ဟိန်းထူးဈာန်
6 March 2025
4.5k

တရုတ်လျှပ်စစ်ကား တံဆိပ်ဖြစ်သည့် BYD ဖြန့်ချိခွင့်ရသော မြန်မာမှ လုပ်ငန်း သုံးခုသည် လျှပ်စစ်ကားများကို မြန်မာတွင် တပ်ဆင်ရောင်းချရန် စီစဉ်နေသည်။

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်  / Amazing Grace

ဆယ်စုနှစ်ကျော် အောင်မြင်မှုနဲ့ ရပ်တည်နေဆဲ ဝတ်မှုံရွှေရည်

by ယုမွန်ကျော်
10 August 2018
9.3k

ဝတ်မှုံရွှေရည်က အနုပညာအစပိုင်းမှာတင် မဂ္ဂဇင်းအလှဓာတ်ပုံများ ၊ ကြော်ငြာအများကိုလည်း လက်ခံရိုက်ကူးခဲ့ရလို့ အလှဓာတ်ပုံ အများဆုံးရိုက်ကူးရတဲ့ မင်းသမီးတဦးဆိုရင်လည်း မမှားပါဘူး။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်  / Sai Sai Kham Leng's Facebook

စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်

by ဧရာဝတီ
8 March 2021
11.4k

Samsaung Myanmar ကတော့ ပြည်သူများရဲ့တောင်းဆိုမှုကို အလေးထား ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ဆက်လက် စောင့်ကြည့်ဖို့အတွက် မေတ္တာရပ်ခံထားပါတယ်။

“ ချစ်သူသာပန်းတပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ကန်တော့ပွဲပေးအခမ်းအနားတွင်တွေ့ရတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် / ယုမွန်ကျော်

အချစ်နဲ့ပတ်သက်လို့ ဦးနှောက်က အလုပ်မလုပ််သေးဘူးဆိုတဲ့ ဝတ်မှုံရွှေရည်

by ယုမွန်ကျော်
11 September 2016
6.7k

သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတွဲညီညီသရုပ်ဆောင်ပြီး ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်အတွက် ဒီဇာတ်ကားကြီးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး တကျော့ပြန် ပြန်လည်ရိုက်ကူးလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်းနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်  / ယုဖြူဟန် / ဧရာဝတီ

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”

by ယုဖြူဟန်
3 February 2019
10.3k

ဒီကားကြည့်ပြီးတော့ အမေနဲ့ သမီးကြားက ခံစားချက်ကို ခံစားလိုက်ရတာ ရင်ထဲကို ဆို့နင့်တယ်။ သူ သရုပ်ဆောင်သွားတာ အမေတယောက်ရဲ့မေတ္တာကို မြင်ရပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

Next Post
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပသော ပါတီ၏ မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲ  / ဧရာဝတီ

ဗိုလ်ချုပ်ဟောင်းများ၏ DNP ပါတီ ပါတီမှတ်ပုံတင်ဥပဒေ မလိုက်နာဟု UEC ကြေညာ

မန္တလေးမြို့ Stay at Home ကာလ မြို့နယ်၀င်ထွက်ခွင့်ကဒ် ထုတ်ပေးမှု အဆင်မပြေမှုများရှိနေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved