• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်ဟောင်းများ၏ DNP ပါတီ ပါတီမှတ်ပုံတင်ဥပဒေ မလိုက်နာဟု UEC ကြေညာ

by ဇူးဇူး
9 December 2020
in သတင်း
A A
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပသော ပါတီ၏ မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲ  / ဧရာဝတီ

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပသော ပါတီ၏ မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲ / ဧရာဝတီ

45.9k
VIEWS
Share on FacebookShare on Twitter

အငြိမ်းစား ဗိုလ်ချုပ်များ ဦးဆောင်တည်ထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) သည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကို လေးစားလိုက်နာမှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် (UEC)က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

DNP ပါတီ၏ နိုဝင်ဘာ ၆ရက်နှင့် ၉ ရက် နေ့စွဲပါ ထုတ်ပြန်ချက်များတွင် UEC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေး/ကော်အဖွဲ့ ခွဲ တာဝန်ရှိသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေပါ တာဝန်များကို ပျက် ကွက်ကြောင်း၊ ဥပဒေနှင့် မညီညွတ်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ UEC က ထိုသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကော်မရှင်၏ အဆိုအရ DNP သည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများကို သက်ဆိုင်ရာ လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သော်လည်း သဘောထားထုတ်ပြန်ချက်ပါ ရေးသားဖော်ပြမှု များသည် ရွေးကောက်ပွဲ တာဝန်ရှိသူများကို ခြိမ်းခြောက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအပေါ် နှောင့်ယှက်စော် ကားခြင်းတို့ ပြုလုပ်ရာရောက်သည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီ တရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပေဒနှင့် တည်ဆဲဥပဒေများ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲဥပဒေများ၊ နည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကို လေးစားလိုက်နာမှု မရှိ သည်ကိုလည်း တွေ့ရှိရကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ အရ ပါတီတခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ ပြဋ္ဌာန်းချက် တရပ်ရပ် သို့မဟုတ် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက် တရပ် ရပ်ကို လိုက်နာခြင်းမရှိကြောင်း ကော်မရှင်ကတွေ့ရှိလျှင် ကော်မရှင်သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ၃ နှစ်အထိ ယာယီရပ်ဆိုင်းခြင်းမှသည် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းနိုင်သည် ဟု ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် ပဉ္စမမဏ္ဍိုင် (The Fifth Pillar) မှ Program Director ဦးနေဝင်းနိုင်က “အခုတော့ သတိပေးစာမျိုး ထုတ်လိုက်ပြီ။ နောက်ပိုင်းကျရင် တည်ဆဲဥပဒေကို မလိုက်နာဘူး။ ဒီရွေး ကောက်ပွဲရလဒ်ကို ကမောက်ကမဖြစ်အောင်၊ ထင်ယောင်ထင်မှားဖြစ်အောင် နှောင့်ယှက်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး ပါတီကနေရပ်ဖို့ ကိစ္စထိတောင် ဖြစ်သွားနိုင်တယ်။ အဲဒီလောက်ထိ အရေးယူသွားနိုင်တဲ့ အနေအထား ရှိတယ်” ဟု မှတ် ချက်ပြုသည်။

DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က UEC အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ တရားစွဲဆိုထားပြီး ယင်းအမှုကိုလည်း လက်ခံထားသည်ဟူသော ပြောဆိုချက်များ ကြားသိနေရကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဟန့်တားချင်၍လည်းကောင်း၊ နိုင်ငံရေးနည်းလမ်းအရ သော်လည်းကောင်း UEC က ယခုကဲ့သို့ တုန့်ပြန်ခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

တဖက်၌လည်း UEC အား တရားစွဲဆိုခြင်း၊ ယင်းစွဲဆိုမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံထားခြင်း ဆို သည်မှာ ဦးစိုးမောင်၏ အပြောမျှသာဖြစ်နေပြီး မည်သူမှ အတိအကျ မသိသေးကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ စာချွန်တော်မဟုတ်ဘဲ ဦးတိုက်လျှောက်ထားသည့် ကိစ္စမျိုးလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသည်ဟု မတွေ့မိကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီက DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကို ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

အမျိုးသားနိုင်ငံရေးဒီမိုရက်တစ်ပါတီသည် ပါတီအမှတ်စဉ် ၁၁၄ ဖြင့် ၂၀၁၉၊ မေလ ၁၇ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ကျခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် တနေရာမျှ အနိုင်မရရှိခဲ့သည့် ပါတီတခု ဖြစ်သည်။

DNP ပါတီတွင် အငြိမ်းစား ဗိုလ်ချုပ်များ ဖြစ်ကြသည့် ဦးစိုးမောင်နှင့် ဦးလွန်းမောင်တို့ ဦးဆောင်ပါဝင်ပြီး ဦးစိုးမောင်မှာ ဒု ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်ပြီး တပ်မတော်တွင် စစ်ဥပဒေချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ထို့အပြင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း သမ္မတရုံးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၌လည်း ဗဟိုဦးဆောင် ကော်မတီဝင် တဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ထို့အပြင် ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မရှင်တွင်လည်း စစ်ဥပဒေချုပ်တဦး အနေဖြင့် ပါဝင်ခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင်မှာ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသူ ဖြစ်သည်။

DNP ပါတီ၏ သဘောထား ထုတ်ပြန်ချက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ UEC က ရွေးကောက်ပွဲတာဝန်ရှိသူ အားလုံးတို့ သည် ရွေးကောက်ပွဲလုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများ၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများကို လေးစားလိုက်နာပြီး ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၈၆ ၌လည်း UEC နှင့် ရွေး/ကော်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့် တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း အသိပေးထားသည်။

You may also like these stories:

ရွေးကောက်ပွဲ စာရွက်စာတမ်းများ တပ်မတော် တောင်းဆိုချက် UEC ငြင်းပယ်

ရွေးကောက်ပွဲကော်မရှင်ကို စိတ်ပျက်တယ်ဆိုတဲ့ ဆာဆာကာဝါ

မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော

Your Thoughts …
Tags: DNPUECဦးစိုးမောင်ဦးလွန်းမောင်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

by ဧရာဝတီ
31 January 2024
3k

UEC ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်က ပြည်သူ့ပါတီတွင် ပါတီဝင် ၃,၂၉၄ ဦးနှင့် ရုံးခန်း ရှစ်ခုသာရှိသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်

by မောင်ကဝိ
26 March 2024
2.9k

အမျိုးသားဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ၊ အခု စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ ဦးခင်မောင်ဆွေက ၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ ပြောခဲ့တယ်။

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

နိုင်ငံရေးပါတီတွေ လုံခြုံရေးစိုးရိမ်မှုကြား ရွေးကောက်ပွဲအတွက် ပြင်နေ

နိုင်ငံရေးပါတီတွေ လုံခြုံရေးစိုးရိမ်မှုကြား ရွေးကောက်ပွဲအတွက် ပြင်နေ

by ဧရာဝတီ
23 July 2025
1.9k

ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်းမှာ အပိုင်းလိုက်ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပြီး လတ်တလော မှတ်တင်ထားတဲ့ပါတီအနေနဲ့ ပြည်ထောင်စုတဝန်းလုံးပြိုင်မယ့် ၉ ပါတီ အပါအဝင် ၅၅ ပါတီရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ စာရင်းအရ သိရပါတယ်။

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

by မောင်ကဝိ
25 August 2025
1.6k

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

ပါတီဖျက်သိမ်းခံရနိုင်သည့် ပြဋ္ဌာန်းချက် UEC ဖြေလျော့

ပါတီဖျက်သိမ်းခံရနိုင်သည့် ပြဋ္ဌာန်းချက် UEC ဖြေလျော့

by ဧရာဝတီ
22 September 2025
1.3k

လုံခြုံရေးအရ နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိရန် အခက်အခဲ ဖြစ်နေသည့် အခြေအနေတွင် ပါတီများ လွှတ်တော်ကိုယ်စားလှယ်လောင်း နောက်ဆုံးတင်သွင်းရမည့် သတ်မှတ်ရက် ဖြစ်သော စက်တင်ဘာ ၂၂ နေ့မတိုင်မီ တရက်အလို၌ စစ်ကော်မရှင်က ဖြေလျော့ပေးလိုက်ခြင်းလည်း ဖြစ်သည်။

Next Post

မန္တလေးမြို့ Stay at Home ကာလ မြို့နယ်၀င်ထွက်ခွင့်ကဒ် ထုတ်ပေးမှု အဆင်မပြေမှုများရှိနေ (ရုပ်/သံ)

ကိုဗစ်ကြောင့် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပိတ်ထားခဲ့ရာ ၅ လအတွင်း ပထမဆုံး ပြန်လည် ဆင်းသက်ခွင့်ရခဲ့တဲ့ ခရီးစဉ်ပါ။

သြစတြေးလျမှာ နိုင်ငံတကာ လေကြောင်းခရီးစဉ် ပြန်လည် ဆင်းသက်ခွင့်ပြု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved