• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အမေရိကန်သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ လေဒီဂါဂါနဲ့ ဂျန်နီဖာလိုပက်ဇ် ဖျော်ဖြေမည်

by မစ်ကီ
15 January 2021
in Entertainment
A A
ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ ဖျော်ဖြေမယ့် ဂျန်နီဖာလိုပက်ဇ်နဲ့ လေဒီဂါဂါ

ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ ဖျော်ဖြေမယ့် ဂျန်နီဖာလိုပက်ဇ်နဲ့ လေဒီဂါဂါ

4.7k
VIEWS
Share on FacebookShare on Twitter

လာမယ့် သီတင်းပတ်အတွင်း၊ အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပ ပြုလုပ်မယ့် သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားမှာ အဆိုတော် လေဒီဂါဂါနဲ့ ဂျန်နီဖာလိုပက်ဇ်တို့ ဖျော်ဖြေကြမယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် အဲ့ဒီအခမ်းအနားမှာ သူတို့နှစ်ဦးဟာ အသစ်တက်လာမယ့် ၄၆ ဦးမြောက် အမေရီကန်သမ္မတ အသစ်အတွက် ဖျော်ဖြေကြမှာဖြစ်ပြီး သူတို့နဲ့အတူ ဂျော်ဂျီယာပြည်နယ်မှ လူမည်း မီးသတ်သမားတဦး၊ လူငယ် ကဗျာပညာရှင်တဦး၊ ကက်သလစ်ကျောင်းတော် ဘုန်းတော်ကြီးတဦးတပါးနဲ့ ဘိုင်ဒန်ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ ဒလယ်ဝဲပြည်နယ်၊ ဝီလ်မင်တန်မြို့မှ ဘုန်းတော်ကြီးတပါးတို့ကလည်း အမှတ်တရ စကား ပြောကြားပေးကြမှာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318
 ဂျန်နီဖာလိုပက်ဇ်နဲ့ အဆိုတော် လေဒီဂါဂါ

အဆိုတော် လေဒီဂါဂါက နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး ဂျန်နီဖာလိုပက်ဇ်ကတော့ တေးသံစုံ တင်ဆက်မှုတခုနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သမ္မတရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့က “သူတို့တွေဟာ ကျနော်တို့ရဲ့ ထူးခြားတဲ့နိုင်ငံရဲ့ ထူးခြားတဲ့ မျိုးစုံကွဲပြားမှု ပုံရိပ်တခုကို ကိုယ်စားပြုကြမှာ ဖြစ်ပါတယ်” လို့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစီအစဉ် တင်ဆက်သူတွေဟာလည်း သမ္မတအသစ် ဂျိုးဘိုင်ဒန်နဲ့ ဒုတိယ သမ္မတအသစ် ကမ်မလာဟားရစ်တို့ရဲ့ အမေရိကန်နိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ နက်ရှိုင်းတဲ့ ကွဲပြားမှုတွေကို ကျော်လွန်နိုင်ဖို့၊ နိုင်ငံကို စုစည်းစေဖို့၊ နိုင်ငံရဲ့ အသက်ဝိညာဉ်ကို ပြန်လည် ထိန်းသိမ်းဖို့ ဆိုတဲ့ အမေရိကန်သမိုင်းမှာ ကဏ္ဍသစ် ရေးထိုးဖို့ မြဲမြံခိုင်မာတဲ့ အမြင်ကိုလည်း ဖော်ပြကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘိုင်ဒန်နဲ့ သမ္မတ ရွေးကောက်ပွဲ အနိုင်ရရှိမှုကို ဥပဒေပြုလွှတ်တော်အမတ်တွေ အတည်ပြုဖို့ ကိစ္စကို ဟန့်တား နှောင့်ယှက်ခဲ့တဲ့ ထရမ့်ကို ထောက်ခံသူ လူအုပ်ကြီးဟာ အမေရိကန် Capitol အဆောက်အအုံထဲကို စီးနင်းခဲ့ပြီးတဲ့နောက် လုံခြုံရေးရာ စိုးရိမ်မှုများ မြင့်တက်နေချိန်၊ COVID-19 ကပ်ရောဂါကာလကြား ရီပါဘလစ်ကန် သမ္မတ ထရမ့်အစား အိမ်ဖြူတော်မှာ ဒီမိုကရက်တို့ ပြန်လည် အုပ်စိုးရမယ့်အချိန်အခါ သမယကိုလည်း ပုံဖော်ကြမှာ ဖြစ်ပါတယ်။

အများပြည်သူတွေကတော့ Capitol အဆောက်အအုံ အနောက်ဘက်ဝန်းအရှေ့မှာ ပြုလုပ်မယ့် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အခုတခါတော့ လက်တကမ်း အကွာကနေ ကြည့်ရှုနိုင်တော့မှာ မဟုတ်ဘဲ ထောင်ပေါင်များစွာသော အမျိုးသားအစောင့် တပ်ဖွဲ့တွေ၊ ခြံစည်းရိုးနဲ့ အကာအရံတွေကို ကျော်လွန်ပြီးသာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အဆိုတော် လေဒီဂါဂါနဲ့ မင်းသမီး ဂျန်နီဖာလိုပက်ဇ်

အခုလိုမျိုး နာမည်ကျော် အနုပညာရှင် နှစ်ဦးကို ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဖျော်ဖြေသူတွေအဖြစ် ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ လေဒီဂါဂါရဲ့ LGBTQ အခွင့်အရေးလှုပ်ရှားမှုအပေါ် ဦးဆောင် ဦးရွက်ပြုမှု၊ ဂျန်နီဖာလိုပက်ဇ်ရဲ့ လက်တင်နိုင်ငံသားတွေအပေါ် ကပ်ရောဂါရဲ့ ရိုက်ခတ်မှုအကြောင့် အသိပညာမြှင့်တင်မှု လုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Reuters

You may also like these stories:

အမေရိကန် ကွန်ဂရက်လွှတ်တော် စီးနင်းခံရမှုကို နာဇီတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အာနိုး

Mask မတပ်လို့ ဆေးဆိုင်ထဲကနေ နှင်ထုတ်ခံခဲ့ရတဲ့ မင်းသား Bruce Willis
Your Thoughts …
Tags: ကျမ်းသစ္စာ ကျိန်ဆိုပွဲဂျန်နီဖာလိုပက်ဇ်လေဒီဂါဂါအမေရိကန်သမ္မတ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

အမေရိကန် ရွေးကောက်ပွဲစစ်တမ်းများတွင် ထရမ့်နှင့် ဟဲရစ် မည်သူ အသာရနေသနည်း

အမေရိကန် ရွေးကောက်ပွဲစစ်တမ်းများတွင် ထရမ့်နှင့် ဟဲရစ် မည်သူ အသာရနေသနည်း

by ဧရာဝတီ
23 October 2024
3.4k

ယခုအခါ ကြီးမားသောမေးခွန်းမှာ အမေရိကန် ပြည်ထောင်စုသည် ပထမဆုံး အမျိုးသမီးသမ္မတ တက်မည်လား သို့မဟုတ် ထရမ့်၏ ဒုတိယ ရာထူးသက်တမ်း ဖြစ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။

ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို တရားမဝင် ယူဆောင်သွားခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည့် သမ္မတ‌ဟောင်း ဒေါ်နယ် ထရမ့် / AFP

လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် ယူဆောင်မှု ထရမ့် ကာကွယ်ရန် ခက်ခဲနိုင်

by ဧရာဝတီ
17 June 2023
2.4k

ထရမ့်အတွက် အကြီးမားဆုံးအန္တရာယ်မှာ တရားရေး စွပ်စွဲချက်များကို နှောင့်ယှက်ရန် ကြံစည်မှုဖြစ်ပြီး ထိုအမှုသည် ထောင် ၂၀ နှစ်အထိ အများဆုံး ချမှတ်နိုင်သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ခေါင်းဆောင်များနှင့် ဝါရှင်တန်တွင် နှစ်ရက်ကြာ အထူး ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်

အထူးသံတမန်ခန့်အပ်ခြင်းဖြင့် အာဆီယံကို အလေးထားကြောင်း ဘိုင်ဒင်ပြသ

by ဧရာဝတီ
20 May 2022
6.1k

သူ၏ ထိပ်တန်း အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးကြီးပုဂ္ဂိုလ်များအနက် တဦးဖြစ်သူကို အရှေ့တောင်အာရှ နိုင်ငံများအသင်း ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာသည်။

အမေရိကန် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ ဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါ  / AP

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ

by မစ်ကီ
21 January 2021
6.1k

လုံခြုံရေး တင်းကျပ်စွာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီကျမ်းကျိန်ပွဲမှာ တက်ရောက်သူ အချို့သာရှိခဲ့ပြီး အများပြည်သူများ ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်

ဆန္ဒပြသူတွေကို စစ်တပ်နှင့်ရဲ သတ်ဖြတ်မှု အမေရိကန်သမ္မတနှင့် EU တို့ ပြစ်တင် ရှုတ်ချ

by ဧရာဝတီ
29 March 2021
15.4k

ဥရောပသမဂ္ဂ နိုင်ငံခြား‌ရေး မူဝါဒအကြီးအကဲ ဂျိုးစက် ဘော်ရယ်လ်ကလည်း တပ်မတော်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင် အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရမှုကို လက်မခံနိုင် ကြောင်း မတ်လ၂၈ ရက် ရက်စွဲဖြင့်...

Next Post
Pfizer-BioNTech ကာကွယ်ဆေး

ဖိလစ်ပိုင်မှာ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး

ဘောက်ဆင် သရုပ်ပြပွဲမှာ ပါဝင်မယ့် အနုပညာရှင်များ

ကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေအတွက် အနုပညာရှင်များ ပါဝင်မယ့် ဘောက်ဆင် သရုပ်ပြပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved