Entertainment

အဆိုတော် ဖြိုးပြည့်စုံနဲ့ မိစန္ဒီရဲ့ “ဘက်စုံထူးချွန် ၂”

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ တွဲဖက် သီဆိုထားကြတဲ့ “ဘက်စုံထူးချွန်” ဆိုတဲ့ သီချင်း နံပါတ် (၂) ကိုတော့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထွက်ရှိတော့မယ်လို့ သိရပါတယ်။

“ဘက်စုံထူးချွန် ၂ ထွက်လာဖို့ ရှိပါတယ်။ အဲဒါကတော့ မကြာခင်မှာ ရောက်ရှိလာတော့မှာပါ။ Recording Day မှာတောင် အရမ်းထွက်ချင်နေပြီ။ ဘာတွေ ရေးထားလဲဆိုရင် ကိုဖြိုး(ဖြိုးပြည့်စုံ) က အရမ်းကို သနားစရာကောင်းတဲ့ ကောင်လေးအဖြစ် ရေးထားပါတယ်။ ကိုဖြိုးရဲ့အသံနဲ့ လိုက်ဖက်အောင် သူ့ရဲ့သီချင်းတွေကို သေချာ နားထောင်ပြီး သူလည်း သိပ်မဆိုဖူးတဲ့ ပုံစံမျိုး ရေးထားတယ်။ မိစန္ဒီ အရမ်းအားရတယ်။ ရေးပေးခွင့်ရတဲ့အတွက် အရမ်းအားရပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။

ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ရဲ့ ပထမဆုံး အချစ်သီချင်းဖြစ်တဲ့ “ဘက်စုံထူးချွန်” Music Video ကိုတော့ ဒီဇင်ဘာ ၂၂ ရက်နေ့က ထွက်ရှိထားပြီး “ဘက်စုံထူးချွန် ၂” ကိုလည်း ဆက်လက် ဖန်တီးနေတာ ဖြစ်ပါတယ်။

“Rap ကလည်း တော်တော်မိုက်တယ်။ ဘက်စုံထူးချွန် ၂ ထဲမှာဆို နည်းနည်းပဲပါတယ်။ ၁ မှာဆို အများကြီးပါတယ်။ ဒါပေမဲ့ ၂ မှာတော့ ကျစ်လျစ်စွာ ဖန်တီးထားတယ်။ ကျေးဇူးတင်ပါတယ်။ သံစဉ်ရော စာသားရော ကျနော် ဆိုနေကျပုံစံ မဟုတ်ဘူး။ အကောင်းဆုံး ကြိုးစား သီဆိုထားပါတယ်။ မကြာခင်မှာ ဘက်စုံထူးချွန် ၂ ကို Music Video နဲ့တကွ တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

အဆိုတော် မိစန္ဒီနဲ့ ဖြိုးပြည့်စုံ (ဓာတ်ပုံ – Mi Sandi’s Facebook)

“ဘက်စုံထူးချွန် ၂” ကိုလည်း မိစန္ဒီကပဲ ရေးသားထားတာဖြစ်ပြီး Recording နေ့မှာလည်း ငိုခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘက်စုံထူးချွန် ၁ တုန်းက တယောက်နဲ့တယောက် ကျောတွေ ခိုင်းတယ်။ နံရံတွေ ခြားတယ်။ ငိုတယ်။ လိုက်ကာတွေ၊ ကန့်လန့်ကာတွေ ခြားတယ်။ တယောက်နဲ့ တယောက်ဆိုတဲ့ ဆိုလိုရင်းတွေကလည်း သွားတူနေတယ်ဆိုတော့ ကျနော်တို့တောင် နားထောင်ကြည့်လိုက်တဲ့အခါမှာ ကြားခံနယ်တခု ပျောက်နေတယ်လို့ ခံစားရတယ်။ ဒါတွေကို ကြည့်ရှုအားပေးတဲ့သူတွေလည်း အဲ့လိုခံစားရမယ်လို့ ထင်တယ်။ ဒါတွေကို ဘက်စုံထူးချွန် ၂ မှာ ပြန်လည် ဖော်ထုတ်ပေးထားပါတယ်။ ကြည့်ပြီးသီချင်းလေးကို နားထောင်ဖြစ်အောင် နားထောင်ကြပါ”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

ဖြိုးပြည့်စုံနဲ့ မိစန္ဒီ ဘာလို့ငိုလဲ သိချင်ရင် “ဘက်စုံထူးချွန် ၂” ကို စောင့်မျှော်ကြည့်ရှု အားပေးကြပါလို့ ပြောထားပါတယ်။

ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ နှစ်ဦးကတော့ ကိုဗစ်ကာလအစမှာပဲ အားလုံး လက်ဆေးကြဖို့ ရည်ရွယ်တဲ့ “Go away Corona” သီချင်းနဲ့ ပြည်သူများကြား အကျိုးပြုခဲ့သလို မကြာသေးခင် လပိုင်းကလည်း “ဆေးတွေနဲ့ကမ္ဘာ” သီချင်းထွက်ရှိခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ “ဘက်စုံထူးချွန် ၁” ကို ထွက်ရှိခဲ့ပြီး ပရိသတ် အားပေးမှုများ ရရှိခဲ့တဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

You may also like these stories:

ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ရဲ့ ပထမဆုံး အချစ်သီချင်း “ဘက်စုံထူးချွန်”

“Go away Corona” လို အကျိုးပြုသီချင်းသစ် ထပ်ဆိုထားတဲ့ ဖြိုးပြည့်စုံနဲ့ မိစန္ဒီ

“Go Away Corona” သီချင်းအကြောင်း ပြောပြတဲ့ အဆိုတော် ဖြိုးပြည့်စုံ

Did you find apk for android? You can find new Free Android Games and apps.
Loading