• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခုခံနိုင်ခြင်း မရှိသူများကို လက်ထိပ်ခတ်ခြင်း၊ ရိုက်နှက်ခြင်းများ မပြုလုပ်ရ ဟုဆို

by လဲ့လဲ့
5 December 2019
in သတင်း
A A
မသင်္ကာ၍ ဖမ်းဆီးပါက မလိုအပ်ဘဲ လက်ထိပ်ခတ် အင်အားသုံးခြင်း လုပ်ဆောင်ခွင့်မရှိဟု လူ့အခွင့်အရေးဆောင် ရွက်နေသူ ဦးအောင်မျိုးမင်းက ထောက်ပြသည်။ / ဧရာဝတီ

မသင်္ကာ၍ ဖမ်းဆီးပါက မလိုအပ်ဘဲ လက်ထိပ်ခတ် အင်အားသုံးခြင်း လုပ်ဆောင်ခွင့်မရှိဟု လူ့အခွင့်အရေးဆောင် ရွက်နေသူ ဦးအောင်မျိုးမင်းက ထောက်ပြသည်။ / ဧရာဝတီ

26.2k
VIEWS
Share on FacebookShare on Twitter

ရဲတပ်ဖွဲ့ဝင်များသည် မသင်္ကာမှုဖြင့် ဖမ်းဆီးပါက မလိုအပ်ဘဲ လက်ထိပ်ခတ်ခြင်း၊ အင်အားသုံး အကြမ်းဖက်ခြင်းများ လုပ်ဆောင်ခွင့် မရှိကြောင်း လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ညီမျှခြင်း မြန်မာအဖွဲ့၏ အလုပ်အမှု ဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြ ပြောဆိုသည်။

၎င်းက “ဖြိုးပြည့်စုံတို့ အမှုတုန်းကလည်း မလိုလားအပ်ဘဲ အင်အားသုံးတဲ့ ကိစ္စမျိုး၊ နောက်တခါ လက်ထိပ်ခတ်တာ၊ ဒီ အချက်တွေနဲ့ သွားပြီးတော့ ငြိနေတာ တွေ့ရတယ်။ ဖမ်းဆီးခွင့်ဆိုတာ မသင်္ကာရင် ဖမ်းလို့ ရတယ်။ ဒါပေမယ့် ဥပမာ ထွက် ပြေးနိုင်လောက်တဲ့ လူမျိုး မဟုတ်တဲ့သူမျိုး၊ ဂုဏ်သိက္ခာ ရှိတဲ့သူ၊ အများသိတဲ့သူမျိုး မဟုတ်ရင် လက်ထိပ်ခတ်စရာ မလို ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာ ၇ ရက် ညနေက ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ အဆိုတော် ဖြိုးပြည့်စုံ၊ ငြိမ်းချမ်းကိုနှင့် ရော်နီစန်းလွင် တို့ ကို မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရာတွင် လက်ထိပ်ခတ်ပြီး ရိုက်နှက်ခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ အဆိုတော် ဖြိုးပြည့်စုံက “ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမှာတော့ ဖမ်းဆီးမှုမှာ ဥပဒေအရ လုပ်တဲ့လုပ်ရပ်တွေက စတာပေါ့။ လူမြင်ကွင်းမှာ လက်ထိပ်ခတ်တာက အစ ကျနော်တို့ကို ထိခိုက်မိတာ အပါအဝင်ပေါ့။ ပြီးတော့ ကျနော်တို့ရဲ့ ပုံရိပ်ပေါ့။ ကျနော်တို့ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ ပုံရိပ်ကို ထိခိုက်တယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် ၆ လခန့်က DVB သတင်းထောက်ဟောင်း၊ စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သည့် ကိုအောင်စိုးထိုက် ကိုလည်း အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းခိုးသွားသည့် လူနှင့်တူသည် ဟုဆိုကာ မှားယွင်း ဖမ်းဆီးခံရမှု ဖြစ်ပွားခဲ့ သည်။

ကိုအောင်စိုးထိုက်က “အထဲမှာ ကျနော့်ကို နှိပ်စက်တယ်၊ ထုတယ်။ ပုံစံ တနာရီခွဲ ထိုင်ခိုင်းတယ်။ ကျနော် ဘယ်လိုမှ ရှင်းပြလို့ မရဘူး။ ကျနော့်ကို ဆဲဆိုပြီးတော့ လူတယောက်ရဲ့ ဂုဏ်သိက္ခာ မရှိအောင် ဆက်ဆံတယ်။ ဒါပေမယ့် သေချာ တာတော့ တရားခံ မဟုတ်သေးတဲ့ တယောက်ကို ဒီလို ဆက်ဆံပိုင်ခွင့် မရှိဘူး။ ကျနော်က အဲဒီအချိန်မှာ ဘယ်မှာ ရှိ တယ်။ ဘာလုပ်နေတယ် ဆိုတာ စုံစမ်းနိုင်တယ်လို့ ရှင်းပြတယ်၊ မရဘူး။ အတင်း ဝန်ခံခိုင်းတယ်” ဟု ရှင်းပြသည်။

၎င်းအား ၆ နာရီကြာအောင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသည့်အချိန်တွင် ဖမ်းဆီး နှိပ်စက် ခဲ့သည့် ရဲ ၂ ဦးကို တောင်းပန်ခိုင်းရာတွင် ထို ရဲနှစ်ဦးကလည်း ပြန်လည်၍ တောင်းပန်ခဲ့ကြောင်း သိရသည်။

ကိုအောင်စိုးထိုက်က “ကျနော် လူ့အခွင့်အရေး ကော်မရှင်ကို တိုင်တယ်။ ဒါကို ကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးတယ်။ လူ့ အခွင့်အရေး ကော်မရှင်က ပြန်လာတဲ့စာမှာ စစ်ကြောရေး အခန်းထဲမှာ CCTV မရှိလို့ ဒီလူတွေကို အရေးယူလို့ မရဘူးလို့ ပြန်လာတယ်” ဟု ဆိုသည်။

ရာဇသတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၆ (၁) အရ မည်သည့်နေရာတွင် ဖမ်းဆီးခံရပါစေ ရဲတပ်ဖွဲ့ဝင်များက ကိုယ်ထိလက် ရောက် ချုပ်နှောင်ဖမ်းဆီးခြင်းမျိုး၊ အင်အားသုံး အကြမ်းဖက်ခြင်းများ လုပ်ခွင့်မရှိသလို မည်သည့် အခြေအနေမျိုးတွင် မဆို နှိပ်စက်ညှင်းပန်းခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်စေမည့် အပြုအမူမျိုးကို ရှောင်ကြည်ရမည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အတွင်းရှိ ရဲအရာရှိတဦးက “ဒါပေမယ့် လက်ထိပ် ခတ်တယ်၊ မခတ်ဘူးဆိုတာက အာမခံပေးရမယ့် ပုဒ်မ၊ အာမခံပေးလို့ မရတဲ့ ပုဒ်မတွေနဲ့တော့ ဆိုင်တယ်။ သူက လိုက်ဖြေရှင်းဖို့ ဆန္ဒလည်း ရှိတယ်။ အသာတကြည်လည်း လိုက်မယ်။ ပုဒ်မကလည်း အာမခံပေးလို့ ရမယ့် ပုဒ်မတွေ ဆိုရင်တော့ လက်ထိပ်ခတ်စရာ မလိုပါဘူး။ ဒါပေမယ့် မူးယစ် ဆေးဝါးအမှုတိုင်းတော့ ယောင်္ကျား ဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လက်ထိပ်ခတ်ရပါတယ်” ဟု ဆိုသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47
အောက်တိုဘာလအတွင်းက အဆိုတော် ဖြိုးပြည့်စုံနှင့် နှစ်ဦးကို မှားယွင်းဖမ်းဆီးစဉ်

ထိုသို့ မသင်္ကာမှု၊ မတရားဖမ်းဆီး ထောင်ချခြင်းများ ရှိပါက ဥပဒေဖြင့် မည်သို့ အကာအကွယ် ပြုနိုင်သည့် အကြောင်းပါ ဝင်သော“သင့်အခွင့်အရေးကို သင်သိပါ” စာအုပ်နှင့် ဥပဒေ အထောက်အကူပေးသူများ လမ်းညွှန်စာအုပ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဦးအောင်မျိုးမင်းကလည်း “တရားဥပဒေကို ဘောင်ကျော်ပြီး လုပ်ဆောင်သွားတဲ့ ကိစ္စမျိုးတွေ ဒါမျိုးကို ကျနော်တို့က လက် ခံလို့ ရှိရင် အစဉ်အလာအတိုင်း ဖြစ်နေတဲ့အရာတွေ ဖြစ်ခဲ့သလို ကျနော်တို့ ဒါတွေကို ကိုယ်ရဲ့အခွင့်အရေး အရ ရဲကလည်း မလုပ်သင့်ဘူး။ လုပ်လို့ရှိရင်လည်း အရေးယူနိုင်တဲ့ ပုံစံမျိုး ဖြစ်အောင် ကျနော်တို့ ဒီအထဲမှာ ရေးသားထားပါတယ်” ဟု ဆို သည်။

ထိုစာအုပ်များကို ညီမျှခြင်း မြန်မာ၊ ဖွံ့ဖြိုးရေး မဏ္ဍိုင်နှင့် DCA-NCA အဖွဲ့တို့မှ ဥရောပသမဂ္ဂ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်နေသော “အားလုံးအတွက် လူ့အခွင့်အရေး” စီမံကိန်းမှ ထုတ်ဝေခြင်း ဖြစ်သည်။

စာအုပ်ထုတ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးအောင်မျိုးမင်းက “တရားရေး ဆိုင်ရာ အခွင့်အရေး ဖြစ်တဲ့ မတရား လုပ်တာကို ဘယ်လို ကာကွယ်ပေးထားတယ် ဆိုတာ သိပ်ပြီးတော့ မသိကြဘူး။ တကယ်လို့ အကြောင်းတခုကြောင့် အဖမ်းခံထိတာ၊ စစ်ဆေးခံ ထိတာ ကိုယ်ရဲ့အခွင့်အရေးကို ကိုယ်သိရှိပြီးတော့ ဥပဒေတွေနဲ့ ပြန်လည်ကာကွယ်နိုင်ဖို့ အ တွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

“သင့်အခွင့်အရေးကို သင်သိပါ” စာအုပ်သည် တစုံတယောက်က အကြောင်းတခုခုကြောင့် တာဝန်ရှိသူများမှ ဖမ်းဆီး စစ်ဆေးခြင်း၊ နေအိမ်တွင် လာရောက် ဖမ်းဆီးခြင်း၊ အိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခြင်း၊ ထိန်းသိမ်း ချုပ်နှောင်ခံရခြင်းနှင့် တရားစီရင်သော နေရာများ၌ ရရှိရမည့် အခွင့်အရေးများ အပြင် ဖမ်းဆီးထိန်းသိမ်းခံထားစဉ် ရရှိရမည့် အခွင့်အရေးကိုပါ ဖော်ပြထားပါသည်။

ထို့ပြင် ကလေးသူငယ်များကို ပြစ်မှုဖြင့် ဖမ်းဆီးမည်ဆိုလျှင် တာဝန်ရှိသူများက လိုက်နာသင့်သည့် အချက်များလည်း ပါဝင် သည်။

“ဥပဒေအထောက်အကူပေးသူ လမ်းညွှန်” စာအုပ်တွင် ဥပဒေ အထောက်အကူပေးသူ ဆိုတာ ဘယ်သူတွေလဲ၊ ယင်းတို့၏ တာဝန်၊ အခန်းက ကျင့်ဝတ်၊ ဥပေဒ အထောက်အကူပေးနေစဉ်တွင် သတိပြု ရှောင်ကျဉ်ရမည့် အချက်များနှင့် ရှိရမည့် အရည်အချင်းများကို ဖော်ပြထားသည်။

ဥပဒေ အထောက်အကူပေးသူ တယောက်အနေဖြင့် သိထားရမည့် အကြောင်းအရာများ၊ ပြစ်မှုဆိုင်ရာ လျှောက်ထားမှု နမူ နာပုံစံများနှင့် မြန်မာနိုင်ငံရှိ ဥပဒေအထောက်အကူပေးသည့် အဖွဲ့အစည်းများသို့ ဆက်သွယ်ရန် အချက်အလက်များပါ ထည့်သွင်းထားကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်

“အမှုရင်ဆိုင်နေရတဲ့ ၃ ရက်ဟာ အိပ်မက်ဆိုးတခု ဖြစ်ခဲ့တယ်”လို့ ဖြိုးပြည့်စုံ ပြော

Your Thoughts …
Tags: ဖမ်းဆီးထိန်းသိမ်းဖြိုးပြည့်စုံမသင်္ကာမှုရဲတပ်ဖွဲ့လက်ထိပ်ခတ်လူ့အခွင့်အရေး
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6.2k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

Next Post
ချန်ပီယံ စင်ကာပူကို အနိုင်ယူခဲ့ ဖုန်းမြင့်ကျော်(အားတီ)နှင့် အောင်မိုးသူ

ချန်ပီယံ စင်ကာပူကို ရှုံးကြွေးဆပ်ကာ ဘိလိယက်တွင် မြန်မာ ရွှေရယူ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံ / ဧရာဝတီ

နွေရာသီ လျှပ်စစ်မီး မပြတ်ရေး မဂ္ဂါဝပ် ၁၁၀၀ ကျော် တိုးထုတ်မည်ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved