Entertainment

သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ရန်ပုံငွေအဖွဲ့ကို စတင်လိုက်တဲ့ Robert Downey Jr

Want create site? Find Free WordPress Themes and plugins.

“Iron Man” သရုပ်ဆောင်၊ ဟောလိဝုဒ်မင်းသား Robert Downey Jr ဟာ ကမ္ဘာဂြိုဟ်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် မင်းသား Downey ဟာ သစ်တောပြုန်းတီးမှုနဲ့ မိုက်ခရို ပလတ်စတစ်လိုမျိုး အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ ခိုင်မာတဲ့ နည်းပညာရှာဖွေနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။

ကမ္ဘာမြေရဲ့အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အုပ်မြစ် ခိုင်မာစေမယ့် နည်းပညာတွေကို အရှိန်မြှင့်ဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေကြေးတခုကို စတင်ထူထောင်ထားပြီ ဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ မင်းသားရဲ့ “FootPrint Coalition” အဖွဲ့ထဲမှာ ကမ္ဘာမြေကြီးကို ပြန်လည် ထိန်းသိမ်းဖို့ နည်းပညာတွေ ရှာဖွေရေး ကတိပြုထားကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ အလှူရှင်တွေနဲ့ ဇာတ်လမ်း ပြောကြားသူတွေ ပါဝင်ကြပါတယ်။ အဲ့ဒီအဖွဲ့ကနေ အိမ်သာသုံး ဝါးစက္ကူ ဖန်တီးဖို့ Cloud Paper နဲ့ ပိုးတုံးလုံးတွေကို မွေးမြူမယ့် Ynsect လို ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။

မင်းသား Downey က “ကျနော်တို့ ရင်းနှီးမြှုပ်နှံမယ့် အခြေခံကျတဲ့ နည်းပညာတွေ ရှိနေပြီး အတန်းထဲမှာ အကောင်းဆုံး ရှာဖွေတွေ့ရှိတာကို ဖော်ထုတ်ဖို့ အရှိန်မြှင့်သွားမှာပါ” လို့ ပြောဆိုထားပါတယ်။ FootPrint Coalition Ventures အဖွဲ့မှာ ကနဦးနဲ့ နောက်ပိုင်းအဆင့် ရန်ပုံငွေအဖြစ် ခွဲခြားထားပြီး တနှစ် ပါဝင်မယ့်သူတွေအနေနဲ့ ဒေါ်လာ ၅၀၀၀ ထည့်ဝင်ရမှာ ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ အစားအစာ၊ လယ်ယာ စိုက်ပျိုးရေးနည်းပညာ၊ ကြာရှည်ခံမှုကို အလေးထားတဲ့ သုံးစွဲသူဆိုင်ရာ ထုတ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သံသတ္ထုပစ္စည်း၊ စက်မှုလုပ်ငန်းသုံးနည်းပညာ၊ ပညာရေး၊ မီဒီယာနဲ့ ခေတ်မီ ပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းနည်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အာတိတ်ဒေသအကြောင်း ဆွေးနွေးသူတဦးအဖြစ် ပါဝင်ခဲ့သူ မင်းသား Downey က Coalition အဖွဲ့ရဲ့နေရာမှာ သူ့ရဲ့ ဖန်တီးမှုဆိုင်ရာအဖွဲ့က ဖန်တီးထားတဲ့ ဗီဒီယိုအတိုလေးတွေအတွက် နောက်ခံစကားပြောသူအဖြစ် ပါဝင်ခဲ့ပြီး ငါးမွေးမြူရေးနဲ့ သစ်တောပြုန်းတီးမှုလို ကိစ္စရပ်တွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။

Ref: asiaone

You may also like these stories:

ရိုက်ကွင်းပြင်ပ တွေ့ဆုံမှု ရှိနေကြသေးတဲ့ Robert Downey Jr. နဲ့ Tom Holland

MCU ကို ပြန်လာဖို့ ဆွေးနွေးမှု မပြီးဆုံးနိုင်သေးတဲ့ Marvel နဲ့ Robert Downey Jr.

Did you find apk for android? You can find new Free Android Games and apps.
Loading