မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့အပေါ် သရုပ်ဆောင် နန်းဆုရတီစိုးက စိတ်မကောင်းဖြစ်ရသလို၊ တော်တော်လေး ခံပြင်းတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းလိုက်တာ အရမ်းကြေကွဲရပါတယ်။ အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ တော်တော်လေး ခံပြင်းပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေအတွက် အနုပညာရှင်တွေရော၊ ပြည်သူတွေ အားလုံး လမ်းပေါ်ထွက်နေကြပါတယ်ရှင်။ အဲ့အတွက် အများကြီး ကြိုးစားနေကြပါတယ်။ ဒါက အနာဂတ် မျိုးဆက်တွေအတွက်ပါပဲ”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) က အရေးကြီးတာကြောင့် CDM လုပ်ပေးကြပါလို့ ဆိုပါတယ်။
“CDM ကလည်း ဒီအချိန်မှာ အရေးကြီးတာမို့လို့ နန်းဆုတို့ ကိုယ်တိုင်လည်း Support လုပ်ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ အဆုံးထိ Support လုပ်သွားပါမယ်။ ဝန်ထမ်းတွေ အားလုံးလည်း CDM လုပ်ပေးကြပါ”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
Generation Z လူငယ်တွေကို အများကြီးအားကိုးတယ်ဆိုတဲ့ နန်းဆုရတီစိုးက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်းနဲ့ ရှောင်စရာရှိတာ ရှောင်ကြပါလို့ ဆိုပါတယ်။
“Generation Z ကိုလည်း အများကြီး အားကိုးပါတယ်။ သူတို့တွေ အရမ်းတော်တယ်။ တခြားနိုင်ငံတွေက စိတ်ဝင်စားမှု ရအောင် ဖက်ရှင်နဲ့ လုပ်နေတာကိုလည်း အားပေးပါတယ်။ ပြည်သူတွေ အားလုံးကို အန္တရာယ် ကင်းစေချင်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်းနဲ့ ရှောင်စရာရှိတာ ရှောင်ပါ။ အချင်းချင်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပြီး ဆန္ဒထုတ်ဖော်ကြပါ”လို့ နန်းဆုရတီစိုးက ပြောပါတယ်။
သရုပ်ဆောင် နန်းဆုရတီစိုးကတော့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာလည်း ပြည်သူ့ဝန်ထမ်းများ ပါဝင်ကြဖို့ တိုက်တွန်း လျက်ရှိပါတယ်။
You may also like these stories:
“မကြည်ဖြူတဲ့ ထမင်းကို စားရတာ ရှက်စရာ ကောင်းတယ်”လို့ ဖိုးချစ် ပြော
ကျန်းမာရေး ဝန်ထမ်းတွေအတွက် လုပ်အားနဲ့ ဆေးဝါးဒါန ပြုပေးတဲ့ နီနီခင်ဇော်