Entertainment

“CDM ကို သတ္တိရှိရှိ လုပ်ကြရအောင်”လို့ အဆိုတော် မီးနို ပြော

Want create site? Find Free WordPress Themes and plugins.

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်ဆောင်ကြတဲ့ CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ မပါဝင်လို့ ခြိမ်းခြောက်ခံရတာတွေ ရှိတယ်ဆိုတာ နားလည်တယ်လို့ အဆိုတော် မီးနိုက ပြောပါတယ်။

“CDM မှာ မပါဝင်လို့ ခြိမ်းခြောက်ခံရတာတွေ ရှိတယ်ဆိုတာလည်း နားလည်ပါတယ်။ အကြောက်တရားတွေလည်း ရှိတယ်ဆိုတာ မှန်ပါတယ်။ မီးနိုတို့လည်း ကြောက်တတ်တယ်။ အမေစု ပြောခဲ့တာ ရှိတယ်။ သတ္တိရှိတယ်ဆိုတာ မကြောက်တာ မဟုတ်ဘူး။ ကြောက်ကြောက်နဲ့ လုပ်ရဲတာ သတ္တိလို့ ခေါ်တယ်။ အတူတကွ သတ္တိရှိရှိ လုပ်ကြရအောင်ပါ”လို့ မီးနိုက ပြောပါတယ်။

ကြောက်ကြောက်နဲ့ လုပ်ရဲတာ သတ္တိလို့ ဆိုပြီး၊ CDM မှာ ပါဝင်ပေးကြပါလို့ မီးနိုက ဆိုပါတယ်။

“သတ္တိဆိုတာ ကြောက်ဖို့ မဟုတ်ဘူး။ ကြောက်ကြောက်နဲ့ လုပ်တာ သတ္တိပါလို့။ အတူတကွ ပါဝင်စေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိထားမယ်။ အချင်းချင်းလည်း သတိထားမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ရောက်မှာမို့ CDM ကို လုပ်ဆောင်စေချင်တယ်။ အားတင်းထားကြပါ။ CDM မှာ ပါဝင်ပေးကြပါ”လို့ မီးနိုက ပြောပါတယ်။

Generation Z လူငယ်တွေကိုလည်း တက်ညီလက်ညီနဲ့ မလျှော့သော ဇွဲတွေနဲ့ အားတင်းထားကြပါလို့ မီးနိုက ဆိုပါတယ်။

အဆိုတော် မီးနို (ဓာတ်ပုံ – Mee No’s Facebook)

“မီးနိုတို့က Generation Y ၊ နောက်တက်လာတဲ့ Generation Z က လူငယ်လေးတွေလည်း တက်ညီလက်ညီနဲ့ မလျှော့သော ဇွဲတွေနဲ့ အားတင်းထားကြပါလို့။ ဒီမိုကရေစီ ပြန်ရဖို့ကလည်း မီးနိုတို့ ပြည်သူတွေရဲ့ တာဝန်ဖြစ်တာကြောင့် နောင်လာမယ့် မျိုးဆက်သစ်လေးတွေအတွက် အတူတကွ ပြန်ရအောင် လုပ်ကြမယ်”လို့ မီးနိုက ပြောပါတယ်။

အဆိုတော် မီးနိုကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတပ်တအား ပါဝင်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂီတအနုပညာရှင်များနဲ့အတူ ပါဝင် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

You may also like these stories:

အလှမယ် ယွန်းဝင့်လွှာအောင်ကို ရွှေကြိုမောင်မယ်များ ရှုတ်ချ

ဆေးကျောင်းသူ အလှမယ် ထွန်းပုလဲရတနာ ပြန်လည် လွတ်မြောက်

“ပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားစေချင်တယ်”လို့ အနုပညာရှင်များ ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading