• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကူညီမယ့် “Support Local Business” ကမ်ပိန်း

by ဧရာဝတီ
26 March 2021
in Entertainment
A A
အဆိုတော် Ah Boy နဲ့ ဇနီး မြတ်ရတနာကျော်  / Our Travel Diaries Page

အဆိုတော် Ah Boy နဲ့ ဇနီး မြတ်ရတနာကျော် / Our Travel Diaries Page

9k
VIEWS
Share on FacebookShare on Twitter

အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ “Our Travel Diaries” Page ကနေ ယခုလို ခက်ခဲနေတဲ့အချိန်မျိုးမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအတွက် “Support Local Business” ဆိုတဲ့ ကမ်ပိန်းကို အခကြေးငွေ မယူဘဲ ကူညီသွားမယ်လို့ ဆိုပါတယ်။

“အချင်းချင်းကလွဲပြီး ဘာမှမရှိတဲ့ ကျနော်တို့အတွက် ကျနော် ဒီအချိန်မှာ Support Local Business ကမ်ပိန်းလေးတခု လုပ်ပေးချင်ပါတယ်။ အခုလို အခြေအနေမှာ အကုန်လုံး စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲနေချိန် ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်သလောက် အားလေးနဲ့ ပြည်တွင်း စီးပွားရေး ပြန်လည် ထူထောင်လာနိုင်အောင် ထောက်ပံ့ ပေးချင်ပါတယ်”လို့ အဆိုတော် Ah Boy က ပြောပါတယ်။

အဆိုပါ “Our Travel Diaries” ပေ့ချ်ကတဆင့် “Support Local Business” ဆိုပြီး Episode ၁၀ ခုနဲ့ ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပြီး ကြော်ငြာခ မယူဘဲ အခမဲ့ Honest Review ပေးသွာမယ်လို့ ဆိုပါတယ်။

အဆိုတော် Ah Boy တို့ မိသားစုရဲ့ “Our Travel Diaries” Page

“ကျနော်တို့ “Our Travel Diaries” ပေ့ချ်ကနေ “Support Local Business” ဆိုပြီး အပိုင်း ၁၀ ခု ရိုက်ပြပေးသွားဖို့ စီစဉ်ထားပါတယ်။ ကြော်ငြာခ တပြားတကျပ်မှ မယူဘဲ ကုန်ပစ္စည်းပဲဖြစ်စေ၊ စားသောက်ကုန်ပဲဖြစ်စေ၊ စားသောက်ကုန်ဆိုရင်တော့ အခုချိန် ရန်ကုန်တွင်းပဲ အဆင်ပြေတာမို့ ရန်ကုန် တခုပဲ သတ်မှတ်ထားပါတယ်။ အခမဲ့နဲ့ Honest Review ကို ပေးသွားမှာပါ”လို့ Ah Boy က ဆိုပါတယ်။

“Our Travel Diaries” ရဲ့ ကမ်ပိန်းမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အဆိုပါ ပို့စ်အောက်မှာ သွားရောက် ဆက်သွယ်ရမှာဖြစ်ပြီး၊ အဲဒီ ကမ်ပိန်းကို ဧပြီ ၁၂ ရက်နေ့မှာ ပိတ်မယ်လို့ သိရပါတယ်။

ကမ်ပိန်း ပိတ်ပြီးတာနဲ့ သင်္ကြန်တွင်းမှာ Ah Boy တို့ရဲ့ Team က စိစစ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်း ၁၀ ခုကို နှစ်ဆန်း နှစ်ရက်နေ့မှာ ရွေးချယ်ပြီး ဆက်သွယ်ပေးမယ်လို့ ဆိုပါတယ်။

“ပြီးရင်တော့ ကျနော်တို့ ရိုက်ကူးရေး စတင်ပြီး Support လုပ်ပေးသွားပါ့မယ်ဗျာ။ အခုချိန်မှာ မြတ်က ကိုယ်ဝန်ကြီးနဲ့ သိပ်နေမကောင်းတော့ Episode တိုင်းမှာ မပါဝင်ပေးနိုင်တာကိုတော့ ကြိုတင်မေတ္တာ ရပ်ခံအပ်ပါတယ်။ Business တွေက ပြည်တွင်းဖြစ် တကယ်ဟုတ်၊ မဟုတ် Boycott List ထဲ ပါ၊ မပါဆိုတာလေးကို ပရိသတ်တွေလည်း ဝိုင်းစိစစ်ပေးဖို့ တောင်းဆိုချင်ပါတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318
အဆိုတော် Ah Boy နဲ့ ဇနီး မြတ်ရတနာကျော် (ဓာတ်ပုံ – Our Travel Diaries Page)

“ကျနော်တို့အားလုံး အတူတူ တိုက်ပွဲဝင်ကြမယ်ဗျာ။ အားလုံး စည်းစည်းလုံးလုံးနဲ့ တယောက်ကိုတယောက် ဖေးမ ကူညီကြရအောင်။ အခုလိုချိန်မှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်းလုပ်ငန်းများကို ဒီ Support Local Business ကမ်ပိန်းဖြင့် ကျနော့်အနေနဲ့ အုတ်တချပ် သဲတပွင့် မိမိ တတ်စွမ်းသလောက် ကူညီပေးပါရစေ”လို့ Ah Boy က ပြောထားပါတယ်။

မြတ်ရတနာကျော်ကလည်း “အခုလို အားလုံးခက်ခဲနေတဲ့အချိန်မှာ မြတ်တို့ တတ်နိုင်တဲ့ ဘက်က ပြည်တွင်းလုပ်ငန်းလေးတွေလည်ပတ်ပြီး အားလုံးအဆင်ပြေအောင် Our Travel Diaries ကနေ ပြည်တွင်း ထုတ်ကုန်တွေကို အခမဲ့ ကြော်ငြာ Vlog တွေ ရိုက်ပြီး Support ပေးသွားပါမယ်ရှင့်”လို့ ပြောထားပါတယ်။

You may also like these sotries:

တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ အလှူငွေများ သွားရောက် လှူဒါန်းခဲ့တဲ့ အဆိုတော် ရှိုင်း

“ကိုဗစ် ကာကွယ်ဆေး ထိုးကြသူတွေကို မြင်တာ ခံပြင်းမိတယ်”လို့ မေဦး ဆို

“မိုဘိုင်းဒေတာ မရတာ နေရာတော်တော်များများ အမှောင်ချလိုက်သလိုပဲ”

Your Thoughts …
Tags: Support Local Businessမြတ်ရတနာကျော်အဆိုတော် Ah Boy
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဆိုတော် Ah Boy နဲ့ ဇနီး မြတ်ရတနာကျော်  / Our Travel Diaries Page

ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy

by ယုဖြူဟန်
11 November 2020
10k

သီချင်းကိုတော့ သားကြီးနဲ့ Ah Boy တို့က ရေးသားထားတာဖြစ်ပြီး သီချင်းထဲမှာတော့ အချစ်ကြောင့် ပြောင်းလဲသွားတဲ့အရာများကို ထည့်သွင်း စပ်ဆိုထားတာ ဖြစ်ပါတယ်။

အဆိုတော် Ah Boy / Ah Boy's Facebook

အောက်ဆီဂျင် လိုအပ်နေတဲ့ ပြည်သူတွေအတွက် သတင်းကောင်း မျှဝေခဲ့တဲ့ Ah Boy

by ဧရာဝတီ
15 July 2021
16.8k

ဒီကိုဗစ်ကြောင့် ကျနော်တို့ ပြည်သူပြည်သားတွေကြားမှာ အရေးတကြီး လိုအပ်နေတဲ့ အောက်ဆီဂျင်ကို မရရအောင် ဝယ်ယူဖို့ ချိတ်ဆက် ကြိုးပမ်းနေရလို့ပါ။

ခင်ပွန်းဖြစ်သူ Ah Boy ၊ သမီးဖြစ်သူနဲ့ မြတ်ရတနာကျော်  / Myat Yadana Kyaw'Facebook

မိသားစုနဲ့ အနုပညာအလုပ်ကို အချိန်မျှပြီးပေးနေရတဲ့ မြတ်ရတနာကျော်

by ချစ်ပိုး
20 October 2019
10.5k

“သမီးအကျင့်တွေ ပုံစံတွေက သူ့အဖေနဲ့ ပိုတူသလိုခံစားရတယ်။ ဒေါသကြီးတွေ ရုပ်ချင်းဆင်တာတွေက သူ့အဖေနဲ့ ပိုတူတယ်။ သမီးက သီချင်းဖွင့်ပြီး နားထောင်ရတာတော့ကြိုက်တယ်။

အဆိုတော် အာဘွိုင်း၊ ဇနီး မြတ်ရတနာကျော်နဲ့ သမီးအငယ်ဆုံးလေး Scarlett  / Ah Boy's Facebook

“သမီး ၃ ယောက်လုံးကို ညီတူမျှတူ ချစ်တယ်၊ အားလုံးက ကျနော့်အတွက် အရေးကြီးတယ်”

by ချစ်ပိုး
21 October 2018
33k

သမီး ၃ ယောက်လုံးကတော့ ကျနော့်အတွက် အရေးကြီးဆုံးတွေဖြစ်တာကြောင့် သူတို့ဖြစ်ချင်တာတွေ ဖြစ်ရအောင် ကျနော် ကြိုးစားနေတယ်။

Next Post
စစ်တပ်က တိုင်းပြည်၏ သံယံဇာတများဖြစ်သည့် ကျောက်စိမ်း၊ ပတ္တမြားနှင့် ကြေးနီများတူးဖော်ကာ ၎င်းတို့ အဓိက ဝင်ငွေအဖြစ် လက်ဝါးကြီးအုပ်လုပ်ကိုင်သလို မြန်မာဘီယာကဲ့သို့သော လုပ်ငန်းတွင်လည်း ရင်းနှီးမြုပ်နှံထားသည်။(Financial Times)

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုကို ဗြိတိန်နှင့် အမေရိကန် အရေးယူ

အဆိုတော် Mary  / Mary's Facebook

CDM Heroes များကို လက်ခုပ်တီး ဂုဏ်ပြုပေးဖို့ အဆိုတော် Mary တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved