• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် သွားရောက် လှူဒါန်းမယ့် မီးနို

by ဧရာဝတီ
24 May 2021
in Entertainment
A A
စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းမယ့် မီးနို  / Mee No's Facebook

စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းမယ့် မီးနို / Mee No's Facebook

9.3k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင် တော်လှန်ရေး ကာလမှာ လိုအပ်တဲ့ နေရာများသို့ တတ်အားသရွေ့ စုပေါင်း လှူဒါန်းပေးနေတဲ့ အဆိုတော် မီးနိုက ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီလကုန်လောက်မှာ သွားရောက် လှူဒါန်းပေးဖို့ ရှိနေပြီး၊ ပါဝင် လှူဒါန်းပေးကြဖို့ အခုလိုပဲ ဖိတ်ခေါ်ထားပါတယ်။

“မီးနိုတို့တွေ ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒီလကုန်လောက်မှာ သွားရောက် လှူဒါန်းဖို့ ရှိတာမို့လို့ အဝတ်အစားနဲ့ အလှူငွေ ထပ်မံ အလှူခံပါစေရှင်။ မီးနို ကရင်စစ်ဘေးရှောင် ပြည်သူတွေအတွက် ပထမအကြိမ် အလှူငွေ ကောက်ခံခဲ့တာ ၃,၀၈၀,၀၀၀ ကျပ် (သိန်းသုံးဆယ်နှင့် ရှစ်သောင်း) ရရှိခဲ့ပါတယ်”လို့ မီးနိုက ပြောပါတယ်။

ပထမအကြိမ် အလှူငွေ သိန်း ၃၀ ကျော် ရရှိခဲ့ပြီး၊ မကြာခင် မိုးရာသီ ရောက်တော့မှာ ဖြစ်တာကြောင့် လိုအပ်တာများ လှူဒါန်းဖို့ အလှူငွေများ ထပ်မံ လှူပေးကြပါဦးလို့ မီးနိုက ဆိုပါတယ်။

ကရင်ပြည် စစ်ဘေးရှောင် ပြည်သူများ (ဓာတ်ပုံ – Mee No’s Facebook)

“လက်ရှိက မိုးရာသီ ရောက်လာတော့မှာဆိုတော့ တောထဲက ယာယီ Camp တွေမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင် မိသားစုတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်တဲ့ မိုးကာ၊ ခြင်ထောင်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းနဲ့ ဆေးဝါးပစ္စည်းတို့ကို လုံလုံလောက်လောက် ထောက်ပံ့ လှူဒါန်းပေးဖို့အတွက် အလှူငွေ ထပ်မံ လိုအပ်နေသေးတာကြောင့် မီးနိုရဲ့ ပရိသတ်၊ မောင်နှမတွေ ပါဝင် လှူဒါန်းပေးကြပါဦး”လို့ မီးနိုက ပြောပါတယ်။

ဆက်လက်ပြီး မီးနိုက စစ်ဘေးရှောင် နို့တိုက်မိခင်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အဝတ်အစားတွေ လိုအပ်တာကြောင့် အဝတ်အစားများ လှူပေးကြဖို့ အခုလိုပဲ ဆိုပါတယ်။

အဆိုတော် မီးနို (ဓာတ်ပုံ – Mee No’s Facebook)

“ဒါ့အပြင် စစ်ဘေးရှောင်နေရတဲ့ နို့တိုက်မိခင်တွေ အပါအဝင် အမျိုးသမီးတွေအတွက်နဲ့ ကလေးငယ်တွေအတွက် အဝတ်အစားတွေ လိုအပ်နေတာကြောင့် မီးနိုက အဝတ်အစားလည်း အလှူခံချင်ပါတယ်။ အဝတ်အစားများ လှူဒါန်းချင်တဲ့ ပရိသတ်၊ မောင်နှမတွေကတော့ ၂၅ ရက်နေ့ ညနေလောက် နောက်ဆုံးထားပြီး မီးနိုဆီကို လာပို့ပေးလို့ ရပါတယ်ရှင့်”လို့ မီးနိုက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
113
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

အဝတ်အစားများ လှူဒါန်းတဲ့အခါ အတတ်နိုင်ဆုံး အဟောင်းအနွမ်းလေးတွေ ရှောင်ပြီး လှူဒါန်းပေးကြဖို့လည်း မီးနိုက မေတ္တာရပ်ခံထားပါတယ်။

အဆိုတော် မီးနို (ဓာတ်ပုံ – Mee No’s Facebook)

“အဝတ်အစားတွေ လှူဒါန်းတဲ့နေရာမှာ မီးနို အထူးမေတ္တာရပ်ခံချင်တာလေးကတော့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းမှာဖြစ်တဲ့အတွက် အဝတ်အစားကို အတတ်နိုင်ဆုံး အဟောင်းအနွမ်းလေးတွေရှောင်ပြီး မီးပူတိုက်တာ၊ ဒါမှမဟုတ် သေသေသပ်သပ်လေး ခေါက်ပြီးတော့ ထည့်ပေးပါနော်။ မီးနိုတို့ လှူတဲ့ ပစ္စည်းလေးတွေကို ကြည့်ပြီး အားရှိစေချင်တာမို့လို့ပါ”လို့ မီးနိုက ပြောပါတယ်။

“မီးနိုတို့ရဲ့ စုပေါင်းလှူဒါန်းကြတဲ့ အလှူလေးက ကရင်ပြည်နယ်က စစ်ဘေးရှောင်နေရတဲ့ မီးနိုတို့ မောင်နှမ သွေးချင်းတွေအတွက် အခက်အခဲတွေကြားမှာ အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်”လို့လည်း မီးနိုက ပြောထားပါတယ်။

အဆိုတော် မီးနိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူငယ်ချင်းများ၊ ပြည်သူများ၊ အလှူရှင်များနဲ့ စုပေါင်းကာ အခက်အခဲဖြစ်နေတဲ့ အိမ်ခြေ ၄၀၀ အတွက် လိုအပ်တဲ့ အခြေခံ စားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။

You may also like these stories:

ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်

ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

Your Thoughts …
Tags: ကရင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူမိုးရာသီလှူဒါန်းမှုအဆိုတော် မီးနို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

by ဧရာဝတီ
28 November 2023
14.3k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.8k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
13.3k

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

Next Post
ရန်ကုန်မြို့လည်ရှိ ယခင်မီးရထားရုံးဟောင်း မြေနေရာပေါ်တွင် ဆောက်လုပ်နေသည့် ဟိုတယ်စီမံကိန်းမှ အလုပ်သမားများ ဇန်နဝါရီလအတွင်းက ဆန္ဒပြခဲ့ကြစဉ် / ဧရာဝတီ

ရန်ကုန်မီးရထားရုံးဟောင်း ဟိုတယ်ဆောက်လုပ်ရေး တနှစ်နားမည်

အဆိုတော် ဆောင်းဦးလှိုင်  / Song Oo Hlaing's Facebook

ချွေးနည်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအတွက် ပါဝင်လှူမယ့် ဆောင်းဦးလှိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved