Entertainment

အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ရောဂါ ပျောက်ကင်းပြီ

Want create site? Find Free WordPress Themes and plugins.

အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ ဇွန်လ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ကို ရောက်ရှိစဉ် COVID-19 ရောဂါ‌ ရှိ၊ မရှိ စစ်ဆေးရာ ကိုဗစ် Positive အဖြေထွက်ခဲ့ပြီး၊ ယနေ့ ဇွန်လ ၁၇ ရက်နေ့မှာတော့ ရောဂါ ပျောက်ကင်းသွားပြီလို့ သိရပါတယ်။

“ဘုရားသခင်သည် ကောင်းမြတ်တော်မူ၏။ နောက်ထပ် COVID မရှိတော့ပါ။ ဆုတောင်းပေးကြတာ အလုပ်ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဘင်ဂျမင်ဆုမ်းက ပြောပါတယ်။

အဆိုတော် ဘင်ဂျမင်ဆုမ်း

ဘင်ဂျမင်ဆုမ်းဟာ ကိုဗစ် Positive ဖြစ်ပြီး ၁၄ ရက်မြောက်နေ့မှာ ရောဂါ ပျောက်ကင်း သက်သာခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် Home Quarantine ၇ ရက် ထပ်မံ နေရဦးမယ်လို့ သိရပါတယ်။

“ဘင်ဂျမင်ဆုမ်း COVID Negative ဖြစ်သွားပြီ။ ကိုယ်တော် ကျေးဇူးတင်တယ်”လို့ Myanmar Idol အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်က ဝမ်းသာစွာ ပြောထားပါတယ်။

အဆိုတော် ဘင်ဂျမင်ဆုမ်း

ဘင်ဂျမင်ဆုမ်း ကိုဗစ် Positive ဖြစ်ခဲ့တာကြောင့် မေလ ၂၂ ရက်နေ့က သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေ အားလုံး Quarantine ဝင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ COVID-19 ရောဂါ ဒုတိယအဖြစ်များဆုံး နိုင်ငံဖြစ်ပြီး၊ ကူးစက်ခံရသူ စုစုပေါင်း ၂၉ ဒသမ ၇ သန်းကျော် သွားပါပြီ။ အိန္ဒိယမှာ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၃၈၂,၃၃၀ ကျော် ရှိသွားပါပြီ။

လက်ရှိ မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်မှု ပြန်မြင့်တက်နေပြီး၊ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ချက်အရ ကူးစက်လူနာ အသစ် ၃၅၅ ဦး တွေ့ရှိခဲ့ပြီး၊ ကူးစက်လူနာ စုစုပေါင်း ၁၄၆,၄၀၆ ဦး၊ သေဆုံးသူပေါင်း ၃,၂၅၀ ဦး ရှိပြီလို့ သိရပါတယ်။

ချင်းတိုင်းရင်းသား အဆိုတော် ဘင်ဂျမင်ဆုမ်းဟာ လက်ရှိမှာ စစ်ဘေးရှောင် ပြည်သူများအတွက် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီ ထောက်ပံ့မှုများ ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

You may also like these stories:

အဆိုတော် ဘင်ဂျမင်ဆုမ်း COVID-19 ကူးစက်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading