• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

Home Quarantine ဖြင့် နေထိုင်သော်လည်း ဆဲဆိုမူးယစ်ရမ်းကားသူ ထောင် ၆လ ချ

by ကောင်းမြတ်မင်း
7 April 2020
in သတင်း
A A
တရားခံ အောင်စိန်(ခ)ဘိုစိန်အား ပြည်တရားရုံးမှ ပြည်ထောင်သို့ ပို့ရန်ခေါ်ဆောင်လာစဉ်  / ကောင်းမြတ်မင်း / ဧရာဝတီ

တရားခံ အောင်စိန်(ခ)ဘိုစိန်အား ပြည်တရားရုံးမှ ပြည်ထောင်သို့ ပို့ရန်ခေါ်ဆောင်လာစဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

16.7k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ် လွှစင်ကျေးရွာအုပ်စုတွင် Home Quarantine ခံဝန်ဖြင့် နေထိုင် နေသည့် အမျိုးသားသည် မူးယစ်သေစာသောက်စားကာ တာဝန်ရှိသူများအား ဆဲဆိုကြိမ်းမောင်းသဖြင့် ပြည်မြို့နယ် တရားရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။

ပြည်မြို့နယ် တရားသူကြီး ဦးဇော်မင်းက “ သူကို Home Quarantine နဲ့ ၁၄ ရက် နေအိမ်မှာပဲနေဖို့ ခံဝန်ချုပ်ထားပါ တယ်။ ၃ ရက်မြောက်နေ့မှာပဲ မနေတော့ဘူး လာရာအရပ် ရန်ကုန်ကို ပြန်မယ်။ သူ့ကို ကျန်းမာရေး ထောက်ခံစာ ရေးပေး ပါဆိုတော့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒီလိုလုပ်လို့မရပါဘူး အိမ်မှာ ၁၄ ရက် ပြည့်အောင်နေဖို့ပြောတဲ့ဟာကို သောက်စားမူးယစ်ပြီး အဲဒီက ကျေးလက်ကျန်းမာရေးမှူးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေ ရာအိမ်မှူးတွေကို ညစ်ညစ်ညမ်းညမ်း အော်ဟစ်ဆဲဆိုခဲ့လို့ တရားရုံးကို တရားစွဲတင်ပို့ခဲ့တာပါ” ဟု ပြောသည်။

တရားသူကြီးက ဆက်လက်၍ “ ပြစ်ဒဏ်က ဥပဒေအရဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၀) ပါ ပြဌာန်းချက်အရ ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံးကို ချမှတ်နိုင်တယ်လို့ ပြဌာန်းပါတယ်။ အခု တရားခံ ဘိုစိန် ခေါ် စိန်အောင်အပေါ်မှာ အလုပ်နဲ့ ထောင်ဒဏ် ၆ လ ကျခံစေဖို့ အမိန့်ချမှတ် လိုက်ပါတယ်” ဟုပြောသည်။

ဘိုစိန် (ခ) စိန်အောင်မှာ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ရန်ကုန်မှ ပြန်လာခြင်းဖြစ်ပြီး Home Quarantine ဖြင့် ၁၄ ရက် နေထိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေး၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများရှေ့တွင် ခံဝန်ကတိလက်မှတ်ထိုးသဖြင့် နေထိုင် ခွင့်ပြုခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
76

သို့သော် အဆိုပါ အမျိုးသားမှ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက သတ်မှတ်ထားသည့် ခံဝန်အား ချိုးဖောက်ကာ နေအိမ် အပြင်ထွက်၍ အရက်သေစာ သောက်စားနေသဖြင့် နေအိမ်အတွင်းနေထိုင်ရန် သွားရောက် သတိပေး ပြောဆိုခဲ့သည့် တာဝန်ရှိသူများအား ဆဲဆိုကြိမ်းမောင်းခဲ့သည့်အတွက် ထောင်ချခံရခြင်း ဖြစ်ကြောင်း သိရသည်။

COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု မရှိစေရန်နှင့် တားမြစ်ထားသည့် ဥပဒေများအား ကျူးလွန်ဖောက်ဖျက်ပါက အမြန်ဆုံးအရေးယူ ဆောင်ရွက်သွားရန် ညွှန်ကြားချက်များရှိပြီး ယခုအမှု ကိုလည်း ၃၆ နာရီအတွင်း အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းကပြောသည်။

“ဒီအမှုဟာ ပုံမှန်အတိုင်းဆို တိုင်းစီမံခန့်ခွဲမှုအဖွဲ့ကနေပြီးတော့ ခွင့်ပြုမိန့် ပေးရတဲ့ဟာပေါ့၊ ရုံး လုပ်ထုံးလုပ်နည်း အတိုင်းဆို ရက်ကြာတက်ပါတယ်။ အဲဒီလို မဖြစ်အောင်လို့ တိုင်းအဖွဲ့က ခွင့်ပြုချက် မြန်မြန်ကျအောင် အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်သွယ်ပြီး ချက်ခြင်းအမှုဖွင့်ပြီး အမြန်ဆုံးပဲ ပြစ်ဒဏ်ချမှတ်နိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ကိုလည်း တာဝန်ရှိတဲ့သူတွေ အုပ်ချုပ်ရေးပိုင်းတွေကို ဒီလိုမျိုးပြုမှုဆက်ဆံတာတွေ လုပ်လာရင် ကျနော်တို့ အရေးယူရပါမယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ် ရရှိအောင် ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ရဲမှူးသန်းဇော်ဝင်းက ဆက်ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ် ဘုရားငါးဆူကျေးရွာတွင်လည်း ဧပြီလ ၅ ရက်နေ့ ညပိုင်း က COVID-19 ရောဂါထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးလှုံ့ဆော်သူများအား ဟန့်တား နှောက်ယှက်ခဲ့သည့် ၅၇ နှစ်အရွယ် ဌေးအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဆန်းနိုင်ဆိုသည့် ညီအကိုနှစ်ဦးကိုလည်း ရဲအက်ဥပဒေပုဒ်မ ၄၇ ဖြင့် တရားစွဲဆိုကာ ယမန်နေ့က ပေါင်းတည် မြို့နယ်တရားရုံးမှ ၎င်းတို့ ၂ ဦးအား အလုပ်နဲ့ ထောင်ဒဏ် ၈ ရက်ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန်  –

Covid-19 သံသယဖြင့် သွားစစ်ဆေးခဲ့သည့် ရာအိမ်မှူးအိမ် တိုက်ခိုက်ခံရ၊ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

အမိန့် ချိုးဖောက် မင်္ဂလာဆောင်သူ သတို့သား၊ ထောင်၆ လနှင့် ကျပ် ၁၀ သိန်း ဒဏ်ရိုက်

လက်နက်ကိုင်ဆောင်သွားလာနေသူများကို ရန်ကုန်ရဲတပ်ဖွဲ့ ဖမ်းဆီး

Your Thoughts …
Tags: home quarantineဥပဒေ
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

by ဧရာဝတီ
6 September 2024
3k

ထိုကျောင်းပိတ်သိမ်းခံရမှုအပေါ် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်သီချင်းနှင့် မြန်မာနိုင်ငံတော် သီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ပါဝင်ကြောင်း သိရသည်။

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

by ဧရာဝတီ
19 June 2025
2.7k

ဒီဥပဒေထဲမှာ CDM မပြုလုပ်တဲ့သူတွေ၊ စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းဆက်လုပ်နေတဲ့သူတွေ၊ အာဏာသိမ်းပြီးမှ ဝန်ထမ်းဝင် လုပ်တဲ့သူတွေကို အသိအမှတ်မပြုတော့ဘူးတို့၊ ပြီးရင် ဘာလို့လုပ်ခဲ့တယ်ဆိုတာ ပြည်သူတွေကို ပြန်တောင်းပန်ရမယ်ဆိုတဲ့ ဟာတွေကတော့ လူ့အခွင့်အရေးနဲ့ရော၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

by ယဉ်မွန်
27 September 2024
1.8k

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထားထုတ်ပေးမယ့် ဥပဒေသစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

by ဧရာဝတီ
28 September 2023
1.6k

ယင်းဥပဒေပါ ပြစ်မှု ပြစ်ဒဏ်အားလုံးသည် ရဲက အရေးယူပိုင်ခွင့်ရှိကြောင်း ဖော်ပြထား၍ တနိုင်တပိုင် လူမှုကွန်ရက်မှ Online Shop လုပ်ကိုင်နေသူများမှာ စိုးရိမ်မှုများ ရှိနေကြောင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

by ဧရာဝတီ
3 July 2025
938

လက်ရှိ နိုင်ငံအတွင်း ကြုံတွေ့နေရသည့် နိုင်ငံရေးအပြောင်းအလဲနှင့် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကျင်းပရန် စိန်ခေါ်မှုများ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲပေးကြမည့် ပြည်သူလူထုအတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ မြင့်မားနေဆဲဖြစ်သည့်အတွက် ရွေးကောက်ပွဲအား ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း

Next Post
နေပြည်တော်တွင် တွေ့ရသည့် ကျန်းမာရေးအသိပညာပေး ဆိုင်းဘုတ် / သီဟလွင် / ဧရာဝတီ

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့

2018 ခုနှစ် မိုးရာသီနှင့် ရန်ကုန် / မျိုးမင်းစိုး / ဧရာဝတီ

မိုးထစ်ချုန်းရွာ၍ ရာသီဥတု ဆိုးနိုင်ကြောင်း မိုး/ဇလ သတိပေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved