• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ကိုရိုနာဗိုင်းရပ်စ်နဲ့ အိန္ဒိယ – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ရောဂါဆန်း

by ညီညီသူ
27 January 2020
in Health
A A
လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ထိန်းချုပ်ရ ခက်နေပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ထိန်းချုပ်ရ ခက်နေပါတယ်။

22.3k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ရပါပြီ။ ဒီရောဂါနဲ့ ပတ်သက်ပြီး တချို့သတင်းစာမျက်နှာ အတုတွေမှာ လူပေါင်း ၉ သောင်းကျော် သေဆုံးခဲ့ရပြီလို့ ဖော်ပြနေကြတာကိုလည်းတွေ့နေရပါတယ်။ တကယ်တော့ လူသေဆုံးမှု ပမာဏက အဲ့လောက်ထိတော့ မများပါဘူး။

Bangkokpost သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇန်ဝါရီလ၂၆ ရက်နေ့အထိ လူ ၅၆ ယောက် သေဆုံးပြီး လူပေါင်း ၂၀၀၀ ကျော် ဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့လည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်၊ စနေနေ့မှာပြုလုပ်တဲ့ နိုင်ငံရေးအခမ်းအနားတခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် ရောဂါ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

အခုချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရခက်တယ်လို့ တရုတ်နိုင်ငံ ကျန်းမာရေး ဝန်ကြီး Ma Xiaowei က ပြောပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိမှုတွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာတွေ မပြဘဲ လူတွေကို ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေက တဆင့်ကူးစက်လာတာ ဖြစ်တယ်လို့ ယေဘုယျ ပြောဆိုနေကြပေမယ့် ဒါကို တရားဝင် အတည်ပြုထားတာမျိုးတော့ မရှိသေးပါဘူး။ တချို့ပညာရှင်တွေကတော့ ရောဂါ ပိုးမွှားတွေကို သုတေသနပြုလုပ်တဲ့ ဝူဟန် ဓာတ်ခွဲ သုတေသနကနေ လူတွေကို ကူးစက်လာတယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာ မပြဘဲ လူတွေကို ကူးစက်နိုင်တဲ့ အခြေအနေမျိုးရှိပေမယ့် ဝက်တုပ်ကွေးလို ကမ္ဘာအနှံ့ကို ကူးစက်နိုင်တဲ့ ကပ်ရောဂါမျိုး မဟုတ်ဘူးလို့လည်း သိရပါတယ်။ ကပ်ရောဂါမျိုး မဟုတ်ပေမယ့်လည်း တရုတ်နိုင်ငံမှာ ကူးစက်မှုနှုန်း မြန်နေတဲ့အတွက် မြို့တော်တော်များများကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။

ဂျပန်နိုင်ငံမှာ ဝူဟန်ကနေ ပြန်လာတဲ့ တရုတ်အမျိုးသားတယောက်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပေမယ့် ဆေးရုံမှာ စနစ်တကျ ဆေးကုသမှု ခံယူခဲ့တဲ့အတွက် ရောဂါပျောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ ခက်ခဲနေတဲ့ အချက်တခုက ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာ မပြဘဲ လူတွေကိုကူးစက်နိုင်တဲ့ အချက်ပါ။ ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ ဒီရောဂါကို ထိန်းချုပ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုအပြင် ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါ၊ စင်ကာပူ၊ အမေရိကန်၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံကိုပါ ကူးစက်နေပြီဆိုပေမယ့် ရောဂါဖြစ်ပွားသူ အရေအတွက်က ကိန်းဂဏန်း အနည်းငယ်သာ ရှိပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

ကိုရိုနာအပြင် နောက်ထပ် ဖြစ်ပွားနေတဲ့ ရောဂါဆန်း တမျိုးကတော့ အိန္ဒိယ – မြန်မာ နယ်စပ် မဏိပူရ ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ရောဂါပါ။ ၂ ရက်အတွင်း လူ ၂ ယောက် သေဆုံးခဲ့သော်လည်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရောဂါအမည် မတပ်နိုင်သေးပါဘူး။

ရောဂါ လက္ခဏာကတော့ ဝမ်းဗိုက် မအီမသာဖြစ်ပြီး အချိန်ပိုင်းအတွင်း လူသေဆုံးတာပါ။ ရောဂါဖြစ်ပွားနေတဲ့ Khamasom Phungthar ရွာမှာ အသက် ၄ နှစ်အရွယ် ကလေးတယောက်နဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး တခြားရွာသားတွေမှာလည်း ဒီရောဂါ လက္ခဏာမျိုး တွေ့နေရတယ်လို့ သိရပါတယ်။

အိန္ဒိယမှာ အခုဖြစ်နေတဲ့ ရောဂါဆန်းကလည်း လူတွေကို အလျင်အမြန် ကူးစက်နေတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ အိန္ဒိယ – မြန်မာနယ်စပ်မှာ ခေါင်းစဉ် တပ်မရသေးတဲ့ ရောဂါဆန်း ကူးစက်ခံနေရသူ ၂၀၀ ကျော်သွားပြီလို့ သိရပါတယ်။

Ref: bangkokpost, nenow

You may also like these stories:

သားရဲတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားခြင်း တရုတ်နိုင်ငံတွင် ပိတ်ပင်

နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးခြောက်သုံးစွဲမှု အန္တရာယ်

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ
ညီညီသူ

ညီညီသူ

Similar Picks:

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်

by Wolfgang Preiser, Cheryl Baxter နှင့် Jean Nachega
28 August 2024
1.4k

လက်ရှိ Mpox ဖြစ်ပွားမှု အရှိန်မြင့်လာခြင်းက ဖော်ပြနေသည်မှာ အဆိုးဆုံးအခြေအနေမှ လွန်မြောက်ပြီဟု ကျေနပ်နေခြင်းသည် မှားယွင်းနေကြောင်းပင် ဖြစ်သည်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

၂၀၁၈ ခုနှစ်က ကလေးငယ်တဦးကို ကာကွယ်ဆေးထိုးပေးစဉ် / UNICEF

ကာကွယ်ဆေးမထိုးရသေးသည့် သန်းနှင့်ချီသော ကလေးငယ်များ ရောဂါကူးစက်မည့် အန္တရာယ် ကျရောက်နေ

by ယုဇန
30 May 2023
8.4k

"ကူးစက်ရောဂါဖြစ်လာရင်တော့ ထိန်းချုပ်ဖို့ ခက်လိမ့်မယ်" ဟု ကိုနေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Next Post
၁၂၈ နှစ်ရှိပြီဖြစ်တဲ့ ချင်းသူရဲကောင်းတို့ရဲ့ ရှာလ်လုမ်းခံတပ်

၁၂၈ နှစ်ရှိပြီဖြစ်တဲ့ ချင်းသူရဲကောင်းတို့ရဲ့ ရှာလ်လုမ်းခံတပ်

အဆိုတော် ဂျက်စတင်ဘီဘာနဲ့ အစီအစဉ် တင်ဆက်သူ James Corden

ပရိသတ်တွေကို လိမ်ညာနေတယ်လို့ စွပ်စွဲခံနေရတဲ့ James Corden

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved