၂၁ ရာစုကို ရောက်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ လေကြောင်းလိုင်းတွေက ပိုမိုအရေးပါလာခဲ့ပါတယ်။ ကား၊ ရထား၊ သင်္ဘောတွေနဲ့ ခရီးသွားတဲ့ အချိန်အများကြီး ပေးရပေမယ့် လေယာဉ်နဲ့ ခရီးသွားတဲ့အခါမှာတော့ အချိန်အနည်းငယ်သာ ပေးရပါတယ်။ အချိန်နည်းနည်းပေး လိုက်တယ် ဆိုရင်ပဲ ကိုယ်သွားလိုတဲ့ ဒေသကို ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့်လည်း လေကြောင်း ခရီးစဉ်တွေဟာ အချိန်တွေကို ချုံ့ပစ်နိုင်စွမ်းရှိတဲ့ ခရီးစဉ်လို့ ဆိုခဲ့ရခြင်းပါ။
လေကြောင်းခရီးစဉ်နဲ့ ခရီးသွားသူတွေအတွက် အရေးကြီးဆုံးအရာက လုံခြုံစိတ်ချမှု ရှိဖို့ပါ။ လုံခြုံ စိတ်ချမှု ရှိပြီဆိုရင်တော့ ကိုယ်သွားမယ့် ခရီးတလျှောက် သာသာယာယာနဲ့ အဆင်ပြေပြေ လိုက်ပါ စီးနင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ လေကြောင်းလိုင်းကို ၂၀၂၀ ခုနှစ်အတွက် လိုက်ရှာကြည့်တဲ့အခါ နယူးဇီလန်လေကြောင်းလိုင်းကို တွေ့ပါတယ်။
နယူးဇီလန် လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချမှု ရှိတဲ့အပြင် ခရီးသည်တွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ လမ်းခရီးတလျှောက်မှာလည်း သာတောင့်သာယာနဲ့ အဆင်ပြေပြေ လိုက်ပါ စီးနင်းသွားရုံပါပဲ။
၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးလေကြောင်းလိုင်းတွေကို သတ်မှတ် ရွေးချယ်ပေးခဲ့တာကတော့ လေကြောင်းလိုင်းတွေရဲ့ အကောင်း၊ အဆိုးတွေကို သတ်မှတ်ပေးလေ့ရှိတဲ့ AirlineRating Website ကပါ။ ဒီ Website ရဲ့ နှစ်ပတ်လည်မှာ နယူးဇီလန်လေကြောင်းလိုင်းကို ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
မနှစ်က သတ်မှတ်ချက်မှာတော့ စင်ကာပူလေကြောင်းလိုင်းက အကောင်းဆုံးစာရင်း ဝင်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်အတွက် သတ်မှတ်ချက်မှာတော့ ဒုတိယနေရာကို ရောက်သွားခဲ့ပါတယ်။ အဆင့် သတ်မှတ်တဲ့နေရာမှာတော့ လေကြောင်းလိုင်းတွေရဲ့လုံခြုံရေးနဲ့ ခရီးသည်တွေရဲ့ သုံးသပ်ချက်တွေကို အခြေခံပါတယ်။ ဒီအချက်တွေကို အခြေခံပြီး နှစ်တနှစ်ရဲ့ လေကြောင်းလိုင်း အကောင်း၊ အဆိုးကို သတ်မှတ်တာပဲ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ခရီးသည်တွေရဲ့ သုံးသပ်ချက်တွေကလည်း အရေးကြီးပါတယ်။ ခရီးသည်တွေရဲ့ သုံးသပ်ချက်တွေကို လစ်လျူရှုထားမယ်ဆိုရင်တော့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။
AirlineRating Website က ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးလေကြောင်းလိုင်း ၁၀ လိုင်းကတော့
(၁) Air New Zealand
(၂) Singapore Airlines
(၃) All Nippon Airways
(၄) Qantas
(၅) Cathay Pacific Airways
(၆) Emirates
(၇) Virgin Atlantic
(၈) EVA Air
(၉) Qatar Airways
(၁၀) Virgin Australia တို့ ဖြစ်ပါတယ်။
Ref: travelandleisure
You may also like these stories:
မလေးရှားနိုင်ငံကို ယခုနှစ်အတွင်း ခရီးသွားဧည့်သည် သန်း ၂၀ လာရောက်လည်ပတ်ခဲ့
ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ ဒုတိယမြောက်မှန်တံတား