Trend

အချစ်ရေးမှာ ပြဿနာနည်းအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

လူဆိုတာ အချစ်နဲ့ မကင်းကြပါဘူး။ အချစ်ရေး အဆင်မပြေရင် ကျန်တာတွေလည်း တစိတ်တပိုင်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘက်က အပူစရှာမိပြီ ဆိုတာနဲ့ အချစ်ရေးမှာ နှစ်ဦးကြား ပြဿနာနည်းအောင် ဘယ်လို ဖြေရှင်းရမလဲ၊ ဘယ်လို ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ဆက်သွယ်မှု

အခုခေတ်မှာ သမီးရည်းစား တွေ့ကြတာတောင် ပြောစရာစကားတွေ ကုန်ဆုံးပြီး ဖုန်းကိုယ်စီ သုံးနေကြတဲ့ အတွဲတွေ မြင်ဖူးကြမှာပါ။ ဒါ့အပြင် အနေဝေးလာလို့ သွေးအေးတာမျိုး၊ ရန်ဖြစ်တာမျိုး မဖြစ်ရအောင် တွေ့ဖို့ရက် သတ်မှတ်ပါ။ လျှောက်လည်ရတာကို ငြီးငွေ့လာတဲ့အခါ ပန်းခြံထဲ လမ်းလျှောက်ထွက်၊ စာကြည့်တိုက် အတူသွားတာမျိုး လုပ်လို့ ရပါတယ်။

(၂) ငွေကြေး

ငွေကြေးကလည်း နှစ်ဦးသား ဆက်ဆံရေးမှာ အရေးပါ အရာရောက်ပါတယ်။ သင့်ချစ်သူက အသုံးအဖြုန်း ကြီးသူဆိုရင် နှစ်ဦးသား ပြန်လည်ညှိနှိုင်းရမှာ ဖြစ်သလို နောက်ပိုင်း မင်္ဂလာ ကုန်ကျစရိတ်တွေ အတွက်လည်း စကားပြောလာရ နိုင်ပါတယ်။ ဒါကြောင့် အစကတည်းက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရှိပါ။ ငွေကြေးအပေါ် သင့်လူရဲ့ သဘောထားကို လေ့လာတီးခေါက်ပါ။

(၃) ဦးစား မပေးခြင်း

တယောက်က ရည်မှန်းချက် အရမ်းကြီးတာကြောင့် အချစ်ရေးကို ဦးစားမပေးဘူး၊ တဖက်လူက ဂရုစိုက် ခံချင်တယ်ဆိုရင် ပြဿနာ ရှိလာပါပြီ။ ဒါ့အပြင် သင်က ကိုယ်ရည်သွေးပြီး တဖက်သားကို နှိမ့်ချတာမျိုး ရှောင်ကြဉ်ပါ။

(၄) ပြသနာတွေ

တခါတလေမှာ ဘာမဟုတ်တာလေးနဲ့ ကတောက်ကဆ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ စကားလုံးတွေ ဆိုးဆိုးရွားရွား ပြောမယ့်အစား ဖုန်းပိတ်လိုက်ပါ။ စိတ်ကိုငြိမ်အောင် ထားပြီးမှ စကားပြောပါ။ သင်မှားတဲ့အခါ တောင်းပန်ဖို့ မမေ့ပါနဲ့။

(၅) ယုံကြည်မှု

သင့်ကို ယုံကြည်စေချင်တယ်ဆိုရင် သင်ဟာ စကားတည်တဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။ ချိန်းထားတဲ့ အချိန်အတိုင်း ရောက်ပါစေ။ ဘယ်လို ကိစ္စမျိုးကိုမှ မလိမ်ပါနဲ့။ သင်နောက်ကျမယ် ဆိုတာမျိုး၊ ဖုန်းဆက်မယ်လို့ ကတိပေးထားတာမျိုး တည်ပါစေ။ ကိုယ်ကပဲ စကားတွေ စွတ်ပြောမနေဘဲ သူပြောချင်တာတွေလည်း နားထောင်ပေးပါ။

ဒီလိုမျိုး အချက်တွေနဲ့ ဖြည်းဖြည်းချင်း ထိန်းသိမ်းသွားမယ်ဆိုရင် သင်တို့နှစ်ဦးကြားက ချစ်သူ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading