• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

လုပ်ငန်းခွင်မှာ အမြဲလန်းဆန်းတက်ကြွနေချင်ရင်

by Aurora
9 December 2018
in Trend
A A
ဘယ်အလုပ်ကိုမဆို အကောင်းမြင်စိတ်နဲ့ပဲ လုပ်ကြည့်ပါ

ဘယ်အလုပ်ကိုမဆို အကောင်းမြင်စိတ်နဲ့ပဲ လုပ်ကြည့်ပါ

13k
VIEWS
Share on FacebookShare on Twitter

အလုပ်တာဝန်တွေကို နေ့စဉ်နေ့တိုင်း မပင်မပန်း တက်တက်ကြွကြွလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စက်ရုပ်တွေ မဟုတ်တဲ့ လူသားတွေမလို့ တခါတလေလည်း စိတ်ရောလူပါ ပင်ပန်းလာတဲ့အခါ လုပ်စရာတာဝန်တွေရှိတဲ့ကြား လုပ်ချင်စိတ် ပျောက်ဆုံးပြီး အကြောင်းပြချက်တွေအမျိုးမျိုးပေးကာ ရှောင်ပြေးချင်တတ်ကြပါတယ်။

ဒါဆို ဘယ် အကြောင်းအရာတွေက စိတ်ဓာတ်တက်ကြွမှုပျောက်ဆုံးကုန်တာလဲ။ ကျွမ်းကျင်သူတွေက ဒီအဖြေကို အခုလို သုံးသပ်ပြသွားပါတယ်။

ဘယ်ကစလုပ်ရမလဲဆိုတာ မသိတော့တဲ့အခါ

လုပ်စရာအများကြီးရှိနေတဲ့ကြားက ဘယ်ကစလို့ ဘယ်လိုလုပ်ရမှန်းမသိတော့တာမျိုး ဖြစ်တတ်ပါတယ်။ တခါတလေ ကိုယ့်ဆီမှာ အလုပ်တွေပုံနေတဲ့အခါ ဘယ်အလုပ်ကို အရင်စလုပ်ရမလဲ စဉ်းစားမရတာတွေ ရှိလာခဲ့ရင် သမင်တွေ မီးအလင်းရောင်နောက်ကို လိုက်သလိုမျိုး ကျင့်သုံးပါတဲ့။

ဘယ်အလုပ်က ဦးစားပေးစလုပ်ရမလဲ အချိန်ကုန် စဉ်းစားနေတာထက် မျက်စိရှေ့တွေ့နေတဲ့အလုပ်ကို အရင်ချ လုပ်လိုက်ပါ။ လူဆိုတာ ရပ်နေတာထက် ပြေးနေတာက ပိုပြီးခရီးရောက်စေပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာတွေ များနေတယ်လို့ ကိုယ့်ကိုယ်ကို ငြီးတွားနေမိပြီဆိုရင်

လုပ်ငန်းခွင်ထဲမှာ စုပြုံလာတဲ့အလုပ်တွေ၊ ကိုယ်စိတ်မပါဘဲလုပ်နေရတဲ့အလုပ်တွေ ပုံလာတဲ့အခါ အလွယ်တကူ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ကိုယ့်အလုပ်စမလုပ်ရသေးဘဲ ဝင်လာတဲ့ email တွေ အကြောင်းပြန်ရတာ၊ ဝင်လာသမျှ ဖုန်းတွေ လက်ခံဖြေနေရတာ၊ အွန်လိုင်းဖွင့်လိုက်တာနဲ့ တက်လာတဲ့ newsfeed တွေ ဖတ်နေရ တာက စိတ်ရှုပ်စရာပါ။

ဒီနေရာမှာ စဉ်းစားစရာက အလုပ်များတယ်ဆိုတိုင်း ကိုယ့်အလုပ်တာဝန်တွေ ပြီးမြောက်နေတာ မဟုတ်ပါဘူး။ မဆိုင်တဲ့အလုပ်တွေနဲ့ တနေကုန် ရှုပ်နေတာမျိုးလည်း ရှိနေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာခဲ့ရင် သင့်ကိုစိတ် အနှောင့်အယှက်ဖြစ်နေတဲ့ အလုပ်တွေကို ခဏရပ်ပြီး စဉ်းစားကြည့်ပါ။ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ က လုပ်ငန်းခွင်ထဲမှာ သင့်ကိုအဆိုးမြင်စိတ်တွေပဲ ဖြစ်လာအောင် တွန်းအားပေးနေတတ်ပါတယ်။

ဒါကြောင့် စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ စိတ်မရှုပ်ချင်ဘူးဆိုရင် ကိုယ်လုပ်ရမယ့်အလုပ်တာဝန်တွေ မပြီးမြောက်ဘဲ မှေးမှိန်သွားနိုင်လို့ အဓိကနဲ့ သာမညကို ခွဲခြမ်းစိတ်ဖြာနိုင်ကြပါစေ။

လုပ်ရမယ့် အလုပ်တာဝန်က အရမ်းလွယ်လွန်းနေရင်

နေ့စဉ်လုပ်နေကျမို့ မျက်စိမှိတ်တောင်လုပ်နိုင်တဲ့ အလုပ်တွေဆိုရင် သိပ်အလေးမထားတတ်ကြပါဘူး။ ဒီအလုပ် လောက်ကတော့ အချိန်ခဏလေးနဲ့ ပြီးတယ်ဆိုပြီး အနားကပ်မှ လုပ်လိုက်ကာမှ အမှားဖြစ်သွားခဲ့ရင် ပြန်ပြင် ဆင်ချိန် အခက်တွေ့နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

ဒါကြောင့် သင်နေ့စဉ်လုပ်နေကျ အလုပ်တွေကို အသေးအမွှားဆိုပြီး သဘောမထားဘဲ အမြင်တွေပြောင်းလဲဖို့ လိုပါတယ်။ အမြင်နဲ့ ခံယူချက်ပြောင်းလိုက်ရုံနဲ့ လုပ်နေတဲ့အလုပ်ကို အလေးပေးလုပ်ချင်စိတ်ရှိလာပါလိမ့်မယ်။

မလုပ်ချင်ဆုံး အလုပ်တာဝန်ကြောင့်

ဒီအချက်ကိုတော့ ကျော်လွှားဖို့ ခက်ခဲပါတယ်။ သင့်အတွင်းစိတ်ထဲကိုယ်က မလုပ်ချင်ဆုံးအလုပ်၊ လုပ်ချင်စိတ်မ ရှိဖြစ်နေတာမို့ စိတ်အားတက်ကြွလာအောင် တွန်းအားပေးဖို့ ခက်ခဲပါတယ်။ မကြိုက်တာကို ကြိုက်လာအောင် ပြောင်းလဲယူဖို့ မလွယ်တဲ့အခါ ပုံသေနည်းလိုပဲ စဉ်းစားကြည့်ပါ။

သင်ဒီအလုပ်ကို မကြိုက်ပေမယ့် မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ်။ ဒီအလုပ်ပြီးမှ တခြားအလုပ်တွေ ဆက်လုပ်နိုင်မှာမလို့ လုပ်ချင်စိတ်ရှိသည်ဖြစ်စေ၊ မရှိဘူးဖြစ် စေ လုပ်ရမယ့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရပါမယ်။

ပေးအပ်မယ့် အလုပ်တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူးထင်နေရင်

သင့်ကို လုပ်ခိုင်းလိုက်တဲ့အလုပ်က အရင်ကလည်း မအောင်မြင်ခဲ့လို့ မစွမ်းဆောင်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို လက်ခံထားလိုက်ရင် ဘယ်တော့မှ ဒီအလုပ်ကို ကျော်လွှားနိုင်မှာမဟုတ်တော့ပါဘူး။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
140
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မှားခဲ့ဘူးတဲ့အလုပ်မို့ စိုးရိမ်စိတ်တွေနဲ့ တွန့်ဆုတ်နေပြီဆိုရင် အကောင်းမြင်စိတ်နဲ့ လှည့်တွေးကြည့်လိုက်ပါ။ အမှားဆိုတာ ၂ ခါ ပြန် မှားဖို့ ရာခိုင်နှုန်းနည်းပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်ထဲဝင်ပြီး ကိုယ့်လုပ်နိုင်ရည်ကို ဘောင်မခတ် လိုက်ပါနဲ့။ တခါကျရှုံးဖူးတိုင်း ဆက်ကြိုးစားခွင့် မရှိတော့တာ မဟုတ်ပါဘူး။

ဒါကြောင့် ဘယ်အလုပ်ကိုမဆို အောင်မြင်အောင်လုပ်နိုင်ရမယ်ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ပဲ လုပ်နိုင်ရည်ကို ကျော်လွန်ပြီး စိန်ခေါ်ကြည့်ပါ။ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာ ကြိုစဉ်းစားပြီး ပူပန်နေရမှာမဟုတ်ပါဘူး။ လက်တွေ့လုပ်ဆောင် ကြည့်ဖို့ပဲ လိုအပ်တာပါ။

Ref: Ideapod

Your Thoughts …
Tags: တက်ကြွစေခြင်လုပ်ငန်းခွင်အလုပ်တာဝန်
Aurora

Aurora

Contributor

Similar Picks:

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

by ဧရာဝတီ
6 February 2025
6.4k

အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်း ဖြစ်စေ၊ အမျိုးသမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

မသီတာအောင် / မယ်လွန်း / HI

ထီးလိုမိုးတဲ့ သမီးကြီး

by မယ်လွန်း
28 November 2018
30.5k

ကြောက်နေလို့ အိမ်မှာနေလည်း ကိုယ့်မိသားစုက ငတ်ရုံပဲရှိမှာ။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်နိုင်အောင် ထိန်းပြီး တော့သွားရတာပဲလေ” လို့ မသီတာအောင်က ပြောပါတယ်။

လုပ်ဖော်ကိုင်ဖက်အချင်းချင်း အမြဲလိုလို တိုက်ခိုက်နေတာကြောင့် သင့်အနေနဲ့ စိတ်ညစ်ပြီး အလုပ်ထွက်ချင်လာပါလိမ့်မယ်

သင့်ကို အလုပ်ပြုတ်သွားစေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်များ

by Crayon
28 August 2018
10.6k

တဦးကိုတဦး ချောက်တွန်းပြီးမှ အပေါ်တက်ဖို့ ကြိုးစားနေတဲ့သူတွေ ကြားထဲ မအူမလည်နဲ့ ရောက်ပြီ ဆိုရင်တော့ သတိထား နေထိုင်သင့်နေပါပြီ။

အမျိုးသားတွေ အနေနဲ့လည်း လုပ်ငန်းခွင်မှာ စမတ်ကျကျ ဝတ်ဆင်တတ်ဖို့ လိုပါတယ်

အမျိုးသားတွေအတွက် လုပ်ငန်းခွင်မှာ စမတ်ကျအောင် ဝတ်ဆင်နည်း

by ရေဗန်
25 July 2019
16k

လုပ်ငန်းခွင်မှာရှိတဲ့ သူတွေကို သင့်ရဲ့ ဝတ်စားပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခိုင်းပါ။ ပုံစံတခုကို ပြောင်းလဲဝတ်ဆင်ပြီးနောက် နေရထိုင်ရ အဆင်မပြေဘူးဆိုရင် နောက်တနေ့မှာ နောက်တမျိုး ဝတ်ဆင်နိုင်ပါတယ်။

လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရတဲ့အခါ HR ဒါမှမဟုတ် Line Manager နဲ့ တိုင်ပင်ပါ

လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ရင်ဆိုင်သင့်သလဲ

by ရေဗန်
25 June 2019
32.9k

အနိုင်ကျင့်ခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်မှုတွေရှိလာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ခွင့်ယူတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

မန္တလေးရှိ အုတ်ဖုတ်လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် ကလေးလုပ်သားတချို့ကို တွေ့ရစဉ်  / ဇော်ဇော် / ဧရာဝတီ

ကလေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို

by ဇူးဇူး
12 June 2019
4.1k

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) မှ ပြုလုပ်ထားသည့် လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေး အလုပ်သမား ၆ သိန်းကျော်သည် ဘေးအန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် အလုပ်လုပ် ကိုင်နေကြရကြောင်း သိရသည်။

Next Post
သရုပ်ဆောင် ပိုင်ဖြိုးသု / ယုဖြူဟန် / ဧရာဝတီ

မင်္ဂလာပွဲအတွက် သတို့သမီးက ဘာမှမပြင်ရသေးဘူးဆိုတဲ့ ပိုင်ဖြိုးသု

ကျောကင်မရာ သုံးလုံးပါတဲ့Lenovo Z5s စမတ်ဖုန်း

ကျောကင်မရာ သုံးလုံးပါ Lenovo Z5s ကို ဒီဇင်ဘာ ၁၈ မိတ်ဆက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved