Trend

တရုတ်အမျိုးသမီးတွေပြောတဲ့ အရွယ်တင်ရခြင်း လျှို့ဝှက်ချက်များ

တရုတ်ပြည်က အမျိုးသမီးတွေဟာ ရုပ်ရည်လှပရုံတင်မက အရွယ်လည်း တင်ကြတယ်လို့ သိရပါတယ်။ တချို့ အမျိုးသမီးတွေဆို ရှိရင်းစွဲ အသက်ထက် တဝက်လောက်ကို ပိုပြီး ငယ်ရွယ်တဲ့ ပုံပေါ်ကြပါတယ်။ တရုတ်လူမျိုးတွေရဲ့ ရိုးရာမှာ စိတ်ကို ကောင်းမွန်အောင်ထားပြီး ဝါသနာပါရာကို လုပ်တာဟာ လူကို ငယ်ရွယ်စေတယ်လို့ ယုံကြည်ကြပါတယ်။

(၁) ရေများများသောက်ပါ

တရုတ်အမျိုးသမီတွေရဲ့ အရွယ်တင်ရခြင်း လျှို့ဝှက်ချက် တခုကတော့ ရေများများသောက်တာပါပဲ။ ရေဘူးကို ဘယ်သွားသွား သယ်သွားတဲ့အပြင် တရုတ်နိုင်ငံက နေရာတော်တော်များများမှာ ရေအအေးပေးစက်တွေ ထားပေးထားတယ်လို့ သိရပါတယ်။

(၂) ရေနွေးကြမ်း သောက်ပါ

တရုတ်အမျိုးသမီးတွေဟာ အရည်တွေ တော်တော်သောက်ကြတယ်လို့ သိရပါတယ်။ အသင့်သောက်ဖျော်ရည်တွေ အစား ရေနွေးကြမ်းကို အစားထိုးသောက်ကြပါတယ်။ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းကို သောက်ခြင်းဟာ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။

(၃) အချိန်ဇယား ဆွဲထားပါ

တရုတ်နိုင်ငံက လူတွေဟာ အချိန်ဇယားဆွဲပြီး နေ့စဉ်ဘဝကို ဖြတ်သန်းလေ့ရှိပါတယ်။ သူတို့ဟာ အစားစားပုံကို အရမ်း ဂရုစိုက်ကြပြီး နေ့ခင်းတွေမှာ တရေးအိပ်လေ့ရှိတယ်လို့ သိရပါတယ်။ ထမင်းစားနားချိန်မှာ ရုံးက စားပွဲမှာပဲ တရေးအိပ်ကြပြီး ကျောင်းသားတွေအနေနဲ့လည်း စာကြည့်တိုက်ကို သွားပြီး တရေးအိပ်ကြတယ်လို့ ဆိုပါတယ်။

(၄) အလှကုန်ပစ္စည်း

တရုတ်အမျိုးသမီးတွေရဲ့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ အဓိက အရာတွေကတော့ ကျောက်ပွင့်၊ ဂျင်ဆင်းနဲ့ ဆေးဖက်ဝင် အပင်တွေပဲ ဖြစ်ပါတယ်။ သဘာဝကရတဲ့ အပင်တွေကို အခြေခံပြုလုပ်ထားတဲ့ အလှကုန်တွေကို သုံးခြင်းကလည်း အရွယ်တင်စေတယ်လို့ သိရပါတယ်။

Ref;lifehack

Loading