တရုတ်နိုင်ငံ၊ Chongqing မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးဟာ ထိုင်ထအကြိမ်ပေါင်း ၁၀၀၀ ကျော်ကို မရပ်မနားပြုလုပ်ခဲ့တာကြောင့် ဆေးရုံကို ရောက်ခဲ့ရပါတယ်။ သူမဟာ ထိုင်ထအကြိမ်ရေပေါင်း ၁၀၀၀ ကျော်ပြုလုပ်ဖို့ သူငယ်ချင်းဖြစ်သူနဲ့ Video Call ခေါ်ကာ Challenge ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်လိုက်တာကြောင့် ဆေးရုံကို အရေးပေါ်အနေအထားနဲ့ ရောက်ရိခဲ့တာဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်နေကျသူတွေတောင် ထိုင်ထအကြိမ်ရေ ၁၀၀၀ ခန့်ပြုလုပ်ဖို့ဆိုတာဟာ မလွယ်ကူတဲ့ ကိစ္စတခုဖြစ်ပြီး လတ်တလောမှာတော့ Youtube ပေါ်မှာ ထိုင်ထလေ့ကျင့်ခန်း အကြိမ်ရေ ၁၀၀၀ ကို ပြုလုပ်တဲ့ Challenge ဟာ လေ့ကျင့်ခန်းပြုလုပ်သူတွေကြား ခေတ်စားနေတာလည်းဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် Xiao ဟာလည်း အပျော်သဘောနဲ့ ဒီ Challenge ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်ထအကြိမ်ရေ ၁၀၀၀ ခန့်ပြုလုပ်ပြီးချိန်မှာ သူမခြေထောက်ဟာ ရောင်ရမ်းပြီး နာကျင်နေခဲ့တာကို သတိပြုမိတယ်လို့ China Press နဲ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
“ ပထမတော့ ထိုင်ထအကြိမ်ရေ ဒီလောက်အများကြီး ပြုလုပ်ခဲ့တာကြောင့် သာမန်နာကျင်တာမျိုးလောက်ပဲလို့ ထင်ခဲ့တာပါ၊ အဲဒါကြောင့်လည်း နောက်ရက်တွေမှာ ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားပြီး အားကစားလေ့ကျင့်ခန်း တွေကိုလည်း လုပ်နေကျအတိုင်း လုပ်နေခဲ့ပါတယ်”
“နောက်ထပ်တရက်မှာတော့ အိပ်ရာကနိုးနိုးချင်းမှာ ခြေထောက်တွေဟာ ကွေးလို့ဆန့်လို့မရအောင်ကို နာကျင်နေပြီး တော်တော်လေးလည်း ရောင်ရမ်းနေတာရယ်၊ ဆီးသွားတဲ့အခါမှာလည်း ဆီးအရောင်က အညိုရောင်တောက်တောက် ကြီး ဖြစ်နေတာရယ်ကြောင့် လန့်ပြီး ကျမကောင်လေးကို အကူအညီတောင်းပြီး ဆေးရုံကို အရေးပေါ်သွားခဲ့ရတာပါ” လို့ Xiao က ပြောပါတယ်။
ဆရာဝန်တွေရဲ့ ပြောကြားချက်အရဆိုရင်တော့ ခန္ဓာကိုယ်ကြွက်သားတွေဟာ မိမိခံနိုင်ရည်ထက် အဆပေါင်းများစွာ လှုပ်ရှားမှုပြုလုပ်လိုက်ရတဲ့အခါ ကြွက်သားမျှင်တချို့ပြတ်ထွက်ကုန်တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ သွေးစီးဆင်းမှုဟာလည်း ကပြောင်းကပြန်တွေဖြစ်ကုန်ပြီး ကျောက်ကပ်ပျက်စီးတဲ့အထိပါ ဖြစ်စေနိုင်တာကြောင့် ခံနိုင်ရည်ထက် ပြင်းပြင်းထန်ထန် မပြုလုပ်ဖို့ အကြံပေးပြောဆိုခဲ့ပါတယ်။
Ref. www.worldofbuzz.com
You may also like these stories:
ကျည်ကာအင်္ကျီဝတ်ပြီး သေနတ်ပစ်တမ်း ကစားသူနှစ်ဦးအား ဖမ်းဆီး
မြန်မာနိုင်ငံကနေ စတင်ခဲ့တဲ့ “ပိုးဟပ် Challenge” လတ်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေ