Trend

ထိုင်းနိုင်ငံမှာ တံတွေးလိုက်ထွေးနေတဲ့ တရုတ်အမျိုးသမီး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရ က ကိုရိုနာဗိုင်းရပ်စ် ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ မတ်လ ၂၀ ရက်နေ့တရက် တည်း ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၅၀ ရှိခဲ့ပါတယ်။ တရက်တည်းကူးစက်ခံခဲ့ရတဲ့ လူ ၅၀ ထဲမှာ လက်ဝှေ့အားကစားရုံက လူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း ခုလိုအချိန်မှာ အား ကစားရုံတွေကို မသွားသင့်တော့ပါဘူး။

အခုလည်း ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့တရုတ်အမျိုးသမီးတယောက်ဟာ ဘတ်စ်ကားနဲ့ ရထားထိုင်ခုံတွေကို တံတွေး လိုက်ထွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးဖို့ခေါ်ဆောင်တာကို ငြင်းဆန်တဲ့ အတွက် တာဝန်ရှိသူတွေက ထိန်းသိမ်းပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

အခုလို တကမ္ဘာလုံးနီးပါး ကိုရိုနာကပ်ဆိုက်နေချိန်မှာ တံတွေးထွေးတဲ့အပြုအမူမျိုးတွေကို ရှောင် ကြဉ်သင့်ပါတယ်။ လူစုလူဝေးလိုနေရာမျိုးတွေမှာ ပိုပြီးဆင်ခြင်သင့်ပါတယ်။

အဲဒီတရုတ်အမျိုးသမီးဟာ ဘတ်စ်ကားစီးတဲ့အချိန် ပီကေဝါးပြီး ကြမ်းပြင်ပေါ်ထွေးထုတ်ခဲ့တဲ့အပြင် ပါးစပ်သုတ်ထားတဲ့စက္ကူကိုလည်း ကြမ်းပြင်ပေါ်ပစ်ချခဲ့တယ်လို့သိရပါတယ်။ တကယ်လို့သာ အဲ့ဒီ အမျိုးသမီးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အရေအတွက် ပိုမြင့်တက်လာနိုင်စရာရှိပါတယ်။

ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရသူပေါင်း ၃၀၀ ကျော်ရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုး ရက နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မခံရအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဘတ်စ်ကားပေါ်မှာ တံတွေးလိုက်ထွေးနေတဲ့ တရုတ်အမျိုးသမီးဟာ ထိုင်ခုံနေရာများစွာကို ပြောင်းရွှေ့ ပြီး တံတွေးထွေး နေတဲ့အပြင် ရထားပေါ်မှာလည်း တံတွေးလိုက်ထွေးနေတဲ့အတွက် သက်ဆိုင်ရာတွေက ထိန်းသိမ်း ထားပြီး ဗိုင်းရပ်ပ်ရှိ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref:chiangraitimes

You may also like these stories:

ထိုင်ဝမ်ဆီက COVID-19 သင်ခန်းစာ

COVID-19 ကာကွယ်ရေးပစ္စည်းများ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်း

COVID-19 ကာကွယ်ဖို့ အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာ ၁ ဒဿမ ၈ သန်း လှူဒါန်း

Loading