• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ဘောလုံးပရိသတ်တွေကို စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ မင်းသား ဝီလီယံ တိုက်တွန်း

by မစ်ကီ
3 January 2020
in Trend
A A
မင်းသား ဝီလီယံ

မင်းသား ဝီလီယံ

3.7k
VIEWS
Share on FacebookShare on Twitter

ဗြိတိန်တော်ဝင်မင်းသား ဝီလီယံက ဘောလုံးပရိသတ်တွေအနေနဲ့ ကိုယ့်စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အသက် ၃၇ နှစ်အရွယ် မင်းသား ဝီလီယံက အထူးသဖြင့် အမျိုးသားများမှာ တွေ့ရတတ်တဲ့ စိတ်ကျန်းမာရေး စိတ်ခေါ်မှုဆိုင်ရာ အသိပညာပေးမှုမြှင့်တင်ဖို့ “Heads Up and Every Mind Matters” ကမ်ပိန်းနဲ့အတူ ပူးပေါင်းပြီး စက္ကန့် ၆၀ ရှိတဲ့ ဗီဒီယိုမှာ ပါဝင်ထားပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ ဘောလုံးဝါသနာအိုးတွေအနေနဲ့ ၁ မိနစ်လောက် ရပ်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအကြောင်း စဉ်းစားကြဖို့ အလေးပေးပြောဆိုခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုထဲမှာ မင်းသား ဝီလီယံက “ဘဝလိုပဲ ဘောလုံးလောကမှာ အနိမ့်အမြင့် အတက်အကျတွေကို ကျနော်တု့ိ ဖြတ်သန်းကြရပါတယ်။ ကျနော်တို့အားလုံးဟာ တခါတလေ စိုးရိမ်မှုတွေ၊ စိတ်ဖိစီးမှုတွေ ခံစားရနိုင်ပါတယ်။ အဲ့ဒီလို အချိန်တွေမှာ ကိစ္စသေးသေးလေးတွေဟာလည်း ရုန်းကန်ရမှုတခုအနေနဲ့ ရှုမြင်လာနိုင်ပါတယ်”

“ဒါပေမယ့် အဲ့ဒီအရာတွေကို ပြောင်းလဲဖို့ ကျနော်တို့အားလုံး စတင်နိုင်ပါတယ်။ ‘Every Mind Matters and Heads Up’ ကနေ သင်တို့ရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်နိုင်ဖို့ လွယ်ကူတဲ့ ခြေလှမ်းတွေကို ပြသမှာပါ။ သူတို့ရဲ့ စိတ်အခြေအနေကို မြှင့်တင်တာ၊ ကောင်းကောင်း အိပ်ပျော်စေတာ၊ ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေအတွက် အဆင်သင့်ဖြစ်တယ်လို့ ခံစားရစေဖို့ ကူညီပေးမှာပါ။ အဲ့ဒါတွေကို စတင်ဖို့ အချိန်တမိနစ်ပဲ လိုပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ ကနဦး လုပ်ဆောင်မှုကို ဂုဏ်သိက္ခာကြီးမားတဲ့ FA ဖလားပြိုင်ပွဲမှာ စတင်အသုံးပြုခဲ့ပြီး ကမ်ပိန်း ဗီဒီယိုထဲမှာတော့ လက်ရှိ ဘောလုံးသမားတွေအပြင် Frank Lampard, Harry Maguire နဲ့ Callum Hudson-Odoi တို့လိုမျိုး ဘောလုံး အကျော်အမော်ဟောင်းတွေလည်း ပါဝင်ကြပါတယ်။

တတိယပတ်လည် အဆင့်ပြိုင်ပွဲရဲ့ ပွဲစဉ် ၃၂ ခုတိုင်းမှာ စိတ်ကျန်းမာရေးအကြောင်း စဉ်းစားနိုင်ဖို့ အချိန်ပို စက္ကန့် ၆၀ လောက်ကို ပရိသတ်တွေထံ ပေးမှာလည်း ဖြစ်ပါတယ်။ အဲ့ဒီကမ်ပိန်းဟာ လာမယ့် မေလ ၂၃ ရက်နေ့ကျရင် လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေ အားကစားကွင်းမှာ ပြုလုပ်မယ့် နောက်ဆုံးဗိုလ်လုပွဲမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
113
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

ထုတ်ပြန်ချက်ထဲမှာတော့ မင်းသား ဝီလီယံက “နောက်ထပ် ၅ လကြာမြင့်မယ့် အချိန်ကာလထဲမှာ ကျနော်တို့ အားလုံးဆီမှာ စိတ်ကျန်းမာရေး ရှိတယ်ဆိုတဲ့ သတင်းစကားတွေကို ဖြန့်ဝေဖို့ ကျနော်တို့ရဲ့ အသိုက်အဝန်းထဲက စွမ်းအားအကြီးဆုံး စုစည်းမှုဖြစ်တဲ့ ဘောလုံးကို အသုံးပြုမှာ ဖြစ်ပါတယ်”

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီတိုင်းပြည်မှာရှိတဲ့ အားကစားအတွက် ကြာရှည်ခံတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အမွေအနှစ်ခိုင်မြဲစေဖို့ စိတ်ကျန်းမာရေးဆိုင်ရာ ပြောဆိုမှုတွေကို စတင်ဖို့ပဲ ဖြစ်ပါတယ်။ Heads Up ဟာ စိတ်ကျန်းမာရေးကြောင့် ဖြစ်ရတဲ့ အမည်းစက်ကို ပြိုကွဲပျက်စီးစေဖို့ နောက်ထပ် ခြေလှမ်းကြီးတလှမ်း လှမ်းဖို့အတွက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref: contactmusic

You may also like these stories:

လျစ်လျူရှုမထားသင့်တဲ့ စိတ်အတက်အကျမြန်တဲ့ စိတ်ကျန်းမာရေးပြဿနာ

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးနိုင်တဲ့ မှိုမျိုးစိတ်တမျိုး လေ့လာတွေ့ရှိ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေကြောင်းကို ပြသနေတဲ့ အပြုအမူများ

Your Thoughts …
Tags: စိတ်ကျန်းမာရေးဘောလုံးပရိသတ်မင်းသား ဝီလီယံ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

by Simon McCarthy-Jones
20 July 2024
2.3k

စိတ်ဒဏ်ရာ၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ထိထိရောက်ရောက် ကုသပေးခြင်းသည် ထရမ့်အတွက်သာမက လူ့အဖွဲ့အစည်း တခုလုံးအတွက်ပါ လွန်စွာအရေးပါသည်။

စစ်ဒဏ်ရာဒဏ်ချက်ကြောင့် မြန်မာကလေးငယ်များ ယခင်လို ဘဝမျိုး ပြန်မရနိုင်တော့

စစ်ဒဏ်ရာဒဏ်ချက်ကြောင့် မြန်မာကလေးငယ်များ ယခင်လို ဘဝမျိုး ပြန်မရနိုင်တော့

by Esther J နှင့် Emily Fishbein
5 June 2024
1.3k

NUG အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စိတ်ကုပညာရှင် မော်နီကာက မြန်မာလူငယ် မျိုးဆက်အပေါ် ပဋိပက္ခ၏ ရိုက်ခတ်မှုအတွက် စိုးရိမ်ကြောင်း ပြောသည်။

စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ

စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ

by စောအောင်ထွန်း
13 October 2024
482

စစ်ပွဲပဋိပက္ခတွေကြားမှာ ရှင်သန်ကြီးပြင်းရတဲ့ ကလေးငယ်တွေဟာ ထိခိုက်မှုအပြီးဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ (PTSD) လို့ခေါ်တဲ့ ပြင်းထန်စိတ်ဖိစီးမှုရောဂါ ဖြစ်ပွားနိုင်ခြေဟာ သာမန်ကလေးငယ်တွေထက် ၃ ဆ ကျော် မြင့်မားနိုင်တဲ့အကြောင်း စိတ်ကျန်းမာ ရေး သုတေသီတွေက ထောက်ပြကြပါတယ်

ရန်ကုန်ဆေးတက္ကသိုလ်(၁) စိတ်ပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်ဦး / ထက်ဝေ / ဧရာဝတီ

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမှ ကာကွယ်ရေး လုပ်နေတယ်

by လဲ့လဲ့
6 August 2020
6k

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၃ ရက်မှ ဇွန် ၂၂ ရက်အထိ သုံးလတာ ကာလအတွင်း က လူပေါင်း ၄၇၀ သေကြောင်းကြံစည်ခဲ့ပြီး သေသွားခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူး...

သစ်ပင်ပန်းမန်တွေ စိုက်ပျိုးခြင်းက အလုပ်က စိတ်ပင်ပန်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်

သစ်ပင်ပန်းမန်တွေ စိုက်ပျိုးခြင်းက စိတ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ကြောင်း လေ့လာတွေ့ရှိ

by ဟယ်လ်သင်
4 July 2019
9.7k

သစ်ပင်စိုက်ပျိုးတဲ့အခါ မိမိစိုက်တဲ့အပင်ငယ်လေးတွေ ရှင်သန်ကြီးပြင်းလာစေနိုင်ဖို့ ရေလောင်း၊ ပေါင်းသင် ၊ မြေသြဇာကျွေးစတာတွေကို လုပ်ကိုင်ရင်း မိမိလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို တိုးတက်လာစေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ခန့်မှန်းချက်အရ မိမိကိုယ်ကို အဆုံးစီရင်မှုကြောင့် နှစ်စဉ် လူ ၁ သန်းခန့် သေဆုံးနေသည် / Nationalheraldindia

လူငယ်တွေအကြား အဆုံးစီရင်မှုနှုန်းဟာ အတိုင်းအတာတခုထိ မြင့်တက်နေတယ်

by ဇူးဇူး
23 June 2020
6.8k

မိမိကိုယ်ကို အဆုံးစီရင်မှုတွေ လျော့နည်းသွားအောင် ဘယ်လိုနည်းလမ်းတွေက အထောက်အပံ့ ဖြစ်နိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေးမှာ ကူညီပေးနေတဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)မှ Gender Equality/GBV Programme Specialist ဖြစ်သူ Eri...

Next Post
စတူဒီယိုဥက္ကဋ္ဌ Kevin Feige

ပထမဆုံး Marvel လိင်ပြောင်းစူပါဟီးရိုးကို စတူဒီယိုဥက္ကဋ္ဌ Kevin Feige အတည်ပြု

အမျိုးသမီး ဒါရိုက်တာ Kathryn Bigelow

၂၀၁၉ ခုနှစ်အတွင်း ဟောလိဝုဒ်မှာ အမျိုးသမီး ဒါရိုက်တာ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved