Trend

ကိုဗစ်ကြောင့် သေဆုံးမှု များပြားနေတဲ့ အင်ဒိုနီးရှားမှာ သွားလာမှု ပိတ်ပင်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေကို ကိုင်တွယ်မှု နှေးကွေးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဧပြီလ ၂၄ ရက်နေ့က စတင်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်း၊ ရေကြောင်း စတဲ့ သွားလာရေးတွေ အားလုံးကို တားမြစ် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

“အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်မှု ပြင်းထန်နေတဲ့ ဂျာကာတာနဲ့ အခြားမြို့များအတွင်း ဝင်ခွင့်နဲ့ ထွက်ခွင့်ကို ဧပြီလ ၂၄ ရက်နေ့မှာ စတင်ပြီး ပိတ်ပင်လိုက်ပြီ ဖြစ်တယ်။ ကား၊ ရထား၊ ရေကြောင်းနဲ့ လေကြောင်းသွားလာရေး အားလုံးပါဝင်မှာ ဖြစ်တယ်”လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရုပ်မြင်သံကြားမှ တဆင့် ကြေညာခဲ့ပါတယ်။

ပိတ်ပင်မှုတွေမှာ အခြေခံ လိုအပ်ချက်အတွက် ဈေးသုံးခြင်း၊ ဆေးဝါးပစ္စည်းဝယ်ယူခြင်း စတာတွေတော့ ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အစ္စလာမ်ဘာသာဝင်များ အဓိက နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ Ramadan ဥပုသ်လ စတင်နေတဲ့ အချိန် အခုလို ပိတ်ဆို့မှုများ စတင်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းမှတဆင့် ခရီးသွားလာမှုတွေကို ဇွန်လ ၁ ရက်နေ့အထိနဲ့ ရေလမ်းကြောင်း ခရီးသွားသွားလာမှုကို ဇွန်လ ၈ ရက်နေ့အထိ တားမြစ်ပိတ်ပင်ထားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် AGus Purnomo က ဆိုပါတယ်။

ကုန်စည်ပို့ဆောင်ရေးအတွက် သွားလာမှုများ၊ အင်ဒိုနီးရှားနိုင်ငံသားတွေကို နိုင်ငံတွင်းသို့ ပြန်လည် ခေါ်ဆောင်မှုနဲ့ နိုင်ငံခြားသားတွေကို နေရပ် ပြန်လည် ပို့ဆောင်တဲ့ လေကြောင်းခရီးစဉ်တွေကိုတော့ တားမြစ်ပိတ်ပင်ရာမှာ ချွင်းချက် ပေးထားပါတယ်။ အစိုးရဝန်ထမ်းများ၊ သံတမန်ဆိုင်ရာ ဝန်ထမ်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်များ ခရီးသွားလာမှုတွေကို ဆက်လက် ခွင့်ပြုပေးထားမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရက ဥပုသ်ကာလအပြီး အားလပ်ရက်မှာ အစုအပြုံလိုက် ခရီးသွားလာမှု၊ စုဝေးမှုတွေကိုလည်း တားမြစ်ထားကြောင်းလည်း သိရပါတယ်။  ပြည်တွင်းမှာ သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ချက်တွေကိုလည်း နောက်ထပ် ရက်သတ္တပတ် ၄ ပတ် တိုးချဲ့လိုက်ပြီး မေလ ၂၂ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Ref. jakartaglobe.id

You may also like these stories:

အမေရိကန်မှာ လုပ်ငန်း ပြန်လည်ပတ်မှုကြောင့် ပြည်သူနဲ့ အစိုးရကြား သဘောထား ကွဲလွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading