• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဆယ်စုနှစ်တခုကြာ အဆိုးဆုံး သဲမုန်တိုင်း တိုက်ခတ်

by Aurora
18 March 2021
in Trend
A A
ဘေဂျင်းမြို့တော်မှာ တိုက်ခတ်နေတဲ့ သဲမုန်တိုင်း

ဘေဂျင်းမြို့တော်မှာ တိုက်ခတ်နေတဲ့ သဲမုန်တိုင်း

7.1k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဆယ်စုနှစ် တခုနီးပါးကြာ အဆိုးဆုံး သဲမုန်တိုင်းဒဏ်ကို ခံစားနေရပါတယ်။ သဲမှုန်တွေနဲ့ ဖုန်မှုန့်တွေကြောင့် ကောင်းကင်တခုလုံး လိမ္မော်ရောင်ဖြစ်နေပြီး လေထုအရည်အသွေး အဆိုးဆုံးကို ကျဆင်းနေတာပါ။

လူဦးရေ ၂၁ ဒသမ ၇ သန်း နေထိုင်တဲ့ ဘေဂျင်းမြို့က မိုးမျှော်တိုက်ကြီးတွေနဲ့ လမ်းမထက်က ကားတွေဟာ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ မီးခိုးမြူတွေကြား ပျောက်ကွယ်နေသလို လေထုအရည်အသွေးစစ် စံညွှန်းတွေအရ အန္တရာယ်အရှိဆုံး အဆင့်ကို ရောက်နေတာကြောင့် မြို့ခံတွေကို အိမ်ထဲမှာပဲ နေကြဖို့ တာဝန်ရှိသူတွေက လိုက်လံ နှိုးဆော်ထားပါတယ်။

မြို့တွင်း သယ်ယူပို့ဆောင်ရေးယာဉ် အများစုကတော့ အခက်အခဲကြားထဲက ဆက်လက် သွားလာနေသလို၊ မြို့ခံတချို့ကလည်း ပြင်းထန်တဲ့ သဲမုန်တိုင်းကြား စက်ဘီးတွေနဲ့ သွားလာနေကြဆဲပါ။ လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကလည်း နေ့ခင်းဘက်မှာတောင် ကားရှေ့ မီးဖွင့်မောင်းနေရတဲ့ အခြေအနေပါ။

“တချို့နေရာတွေမှာ သဲမုန်းတိုင်းကြောင့် ရှေ့ မီတာ ၅၀၀ လောက်တောင် မမြင်ရတဲ့ထိ ဖြစ်နေတယ်” လို့ တရုတ်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ စီမံရေးဌာနက မတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမြို့တော်မှာလည်း ဆယ်စုနှစ်နီးပါး ဆိုးရွားတဲ့ သဲမုန်တိုင်းဒဏ် ခံစားနေရသလို တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွေနဲ့ မွန်ဂိုလီးယားနိုင်ငံကတော့ အဆိုးဆုံး ခံစားနေရပါတယ်။ သဲမုန်တိုင်း စတင်ရာ မွန်ဂိုလီးယားမှာ လူ ၆ ဦးသေဆုံးပြီး ၈၁ ဦး ပျောက်ဆုံးနေပါတယ်။

မြို့ခံလူထုကို အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့ အပြင်ထွက်မယ်ဆိုရင် အကာအကွယ် အဝတ်တွေ ဝတ်ဆင်ကြဖို့နဲ့ Billboards၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ တခြား အန္တရာယ်များတဲ့ နေရာတွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။ တရုတ် မိုးလေဝသ ဗျူရိုကတော့ သဲမုန်တိုင်းဟာ ရာသီဥတု ပူပြင်းခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာတာလို့ ထုတ်ပြန်ထားပါတယ်။

သဲမုန်တိုင်းတွေဟာ တရုတ်နိုင်ငံမှာတော့ နွေဦးမှာ ပုံမှန်ဖြစ်ပေါ်လေ့ရှိပြီး ယခင် ဆယ်စုနှစ်တွေတုန်းက မေလပိုင်းမှာ ၂ ကြိမ် တွေ့ကြုံလေ့ရှိတယ်လို့ တရုတ် သတင်းအေဂျင်စီ Xinhua မှာ ဖော်ပြထားပါတယ်။

၂၀၀၀ ခုနှစ်ကတည်းက တရုတ်အစိုးရဟာ ဒေါ်လာ ဘီလီယံချီပြီး သဲမုန်တိုင်း ကာကွယ်ရေးအစီအမံတွေကို လုပ်ဆောင်လာခဲ့တာပါ။ သဲမုန်တိုင်း စောင့်ကြည့်ရေး ဂြိုဟ်တုတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းတွေကိုပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သဲမုန်တိုင်းဟာ မြောက်ပိုင်း Hebei ပြည်နယ်အပါအဝင် Gansu အနောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မွန်ဂိုလီးယား အတွင်းပိုင်းဒေသတွေအထိ တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ဒီလို ဆိုးရွားတဲ့ သဲမုန်တိုင်းဒဏ်ကို ၂ ရက် ၃ ရက်လောက် ဆက်တိုက် ခံစားနေရဦးမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
115
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

Ref: edition.cnn

You may also like these stories:

သွေးမြေကျခဲ့ရသူတွေအတွက် အာဇာနည်ဗိမာန်လို နေရာတခု လုပ်ဖို့ ဆွေးနွေးနေ

Viber မှ မြန်မာနိုင်ငံရှိ ကြော်ငြာ လုပ်ဆောင်ချက်များအားလုံး ရပ်တန့်ထားမည်

မီဒီယာ မေးခွန်းတွေကို ရှောင်ဖို့ လက်သန့်ဆေးရည် လိုက်ဖျန်းခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

Your Thoughts …
Tags: တရုတ်နိုင်ငံဘေဂျင်းမုန်တိုင်းသဲမုန်တိုင်း
Aurora

Aurora

Contributor

Similar Picks:

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

by စွယ်တော်
22 December 2025
5.3k

ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ထိုင်းနှင့် တရုတ် အရာရှိကြီးများကိုလည်း ဖိတ်ကြားပြီး ဖြိုချဖျက်ဆီးထားသော KK Park သို့ ခေါ်ပြခဲ့သည်။

အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်

အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်

by ဧရာဝတီ
1 November 2024
4.5k

ဝက်ဘ်ဆိုက် သို့မဟုတ် Facebook စာမျက်နှာမရှိသော ပါရာဂွန်အင်စတီကျုကိုမူ မြန်မာတွင် ကြားဖူးသူ နည်းသည်။

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

by အောင်ဇော်
7 January 2026
3.1k

ခြုံငုံပြောရလျှင် မြန်မာပြည်သူများသည် မှောင်မိုက်သော ငါးနှစ်တာကို ဖြတ်သန်းပြီးနောက် ယခုထက် ပိုမိုကောင်းမွန်သော အခြေအနေနှင့် ထိုက်တန်ပါသည်။

မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် (ရုပ်/သံ)

မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် (ရုပ်/သံ)

by ဧရာဝတီ
12 September 2024
3k

ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း ယာဂိမုန်တိုင်းရဲ့ ရိုက်ခတ်တဲ့ဒဏ်ကို ထိုင်းနိုင်ငံရော၊ မြန်မာနိုင်ငံပါ ကြုံနေရပြီး ၂ နိုင်ငံလုံး ရေးဘေးအန္တရာယ်ကြုံနေကြရပါတယ်။ မြေပြင်ကယ်ဆယ်ရေးမှာတော့ ၂ နိုင်ငံအကြားမှာ ကွာခြားလွန်းတာတွေ့မြင်ရပါတယ်။

၂၀၂၂ ခုနှစ်က မိုင်းလားတွင် MNDAA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ်  /  ကိုးကန့် မီဒီယာ

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

by Bertil Lintner
21 January 2023
10.7k

ထိုသို့ ရှုပ်ထွေးသောအခြေအနေတွင် မြန်မာစစ်တပ်နှင့် ပဋိပက္ခ၌ MNDAA ပါဝင်လာသည်မှာ ယခုအချိန်သည် ပထမဆုံးအချိန်မဟုတ်သည်ကို မှတ်မိသင့်သည်။

အရှေ့တောင်အာရှတွင် အပူလှိုင်းမြင့်၊ ထိုင်းတွင် သေဆုံးသူ ၃၀ ဦးရှိလာ

အရှေ့တောင်အာရှတွင် အပူလှိုင်းမြင့်၊ ထိုင်းတွင် သေဆုံးသူ ၃၀ ဦးရှိလာ

by ဧရာဝတီ
27 April 2024
1.1k

ဧပြီလသည် ထိုင်းနိုင်ငံနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများတွင် ထုံးစံအားဖြင့် အပူဆုံးကာလ ဖြစ်သော်လည်း ယခုနှစ်အခြေအနေသည် အယ်လ်နီညိုရာသီဥတု ပုံစံကြောင့် ပိုမိုဆိုးရွားစေသည်။

Next Post
သရုပ်ဆောင် ဒေါင်း  / Daung's Facebook

“စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်း ပြော

ဖားကန့်ဒေသတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များ

ဖားကန့် နမ့်မှော်ရဲစခန်းကို KIA ပစ်ခတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved