• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့် နမ့်မှော်ရဲစခန်းကို KIA ပစ်ခတ်

by ဧရာဝတီ
18 March 2021
in သတင်း
A A
ဖားကန့်ဒေသတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များ

ဖားကန့်ဒေသတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များ

20.3k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ နမ့်မှော်ရဲစခန်းကို ယနေ့ မနက်အစောပိုင်းတွင် ကချင်လွတ်လပ် ရေး တပ်မတော် (KIA) က ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီး နော်ဘူက KIA တပ်ဖွဲ့များက နမ့်မှော်ရဲစခန်းနှင့် ရှမ်းနီပြည်သူ့စစ် တပ်ဖွဲ့များရှိသည့် စခန်းဘက်သို့ အဝေးမှ လှမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်မှာ မှန်ကန်ပါသည်ဟု အတည်ပြု ပြောဆို သည်။

KIA တိုက်ခိုက်မှုကို ခံရသည့် ရဲစခန်းသည် နမ့်မှော်ရွာတွင် အခြေစိုက်သည့် ကျောက်စိမ်း လုပ်ကွက် လုံခြုံရေး ရဲတပ်ရင်း အမှတ် (၃၀) ၏ စခန်းဖြစ်ပြီး ယနေ့မနက် အစောပိုင်း၂ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “တိုက်ပွဲကြီး အဆင့်တော့ မဟုတ်ဘူး။ နမ့်မှော်ဘက်က ပြည်သူ့ စစ်စခန်းတွေကို KIA ဘက်က လက်နက်နဲ့ လှမ်းပစ်တာပါလို့ အောက်ခြေကနေ သတင်း တက်လာပါတယ်” ဟု ပြောသည်။

ဒေသခံများကလည်း မတ် ၁၈ ရက်၊ မနက်၂ နာရီခန့်တွင် ပေါက်ကွဲသံများ၊ သေနတ်ဖြင့် ပစ်ခတ်သံများ ကြားရသည်ဟု ဆိုသည်။

ဒေသခံတဦးက “မနက် အစောပိုင်းမှာ ရဲကင်းတွေရှိတဲ့ မော်လကေဘက်တို့မှာ လက်နက်ကြီး ၆ ချက်လောက် ထုသံ ကြားတယ်။ ဒီနေ့လယ်ခင်းမှာလည်း ဆိပ်မူအပိုင်ထဲမှာ ပစ်ခတ်သံ တချို့ ကြားတယ်။ လက်နက်ကြီးသံလည်း တချက် ကြားတယ်။ အခုချိန်ထိတော့ လူထိခိုက်တာ ဘာညာ အသံ မကြားပါဘူး” ဟု ပြောသည်။

ဧရာဝတီမှ ဆက်သွယ် မေးမြန်းသည့် ဒေသခံ ၄ ဦးသည် ယနေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်သံများ ကြားသည်ဟု ပြောဆို သော်လည်း ဗိုလ်မှူးကြီး နော်ဘူက မနက် အစောပိုင်း ပစ်ခတ်မှုများသည်သာ KIA က တိုက်ခိုက်ခြင်း ဖြစ်ပြီး နေ့လယ်ပိုင်း အခြေအနေကို မသိရှိပါဟု ဆိုသည်။

ဖားကန့်မြို့နယ်တွင်း တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီက တစုံတရာ သတင်း ထုတ်ပြန်ထား ခြင်း မရှိပါ။

ဖားကန့်မြို့နယ်သည် KIA ၏ တပ်မဟာ ၉၊ တပ်ရင်း ၆ လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။

KIA တပ်မဟာ (၉) က ၎င်းတို့ လှုပ်ရှားသည့် နယ်မြေအတွင်းရှိ ဘာသာရေး အဆောက်အအုံများ၊ ကျောင်းဝင်းများတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များ ဝင်ရောက် နားခိုသည်ကို လက်ခံခြင်း၊ ညအိပ်ညနေ စခန်းချသည်ကို လက်ခံခြင်း များ ခွင့်မပြုကြရန် လူထုထံ အသိပေးသည့် စာတစောင်ကို မတ် ၁၆ ရက်က ထုတ်ပြန်ထားသည်။

KIA တပ်မဟာ (၉) ၏ မူရင်းရုံးစာထဲတွင် စစ်တပ်ကို တပ်မတော်ဟု မသုံးနှုန်းဘဲ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များ၊ စစ်ကြောင်းများ ဟုသာ သုံးနှုန်းထားသည်။

ထို့ပြင် စစ်ရေးအခြေအနေကြောင့် ဖားကန့်မြို့နယ်တွင်း သွားလာသည့် အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်များ၊ ကုမ္ပဏီ လုပ်ငန်းသုံး ယာဉ်များ အနေဖြင့် လမ်းတလျှောက် သွားလာရာတွင် ယာဉ်များကို မိုးကာအုပ်၍ သွားလာခြင်း မပြုရန်၊ စစ် တပ်၏ လက်နက်ခဲယမ်းများ၊ ရိက္ခာများကို သယ်ဆောင်ခြင်း မပြုရန်၊ KIA က တားမြစ်ထားသည်များကို မလိုက်နာပါက ထိရောက်သည့် အရေးယူမှုများ ပြုလုပ်မည် ဟုလည်း စာထဲတွင် ရေးသားထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

KIA သည် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိဘဲ အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး စာ ချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ဆွေးနွေးနေဆဲ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးသည့် နောက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည်လည်း ရပ်တန့်သွားပြီး KIA က အာဏာသိမ်း စစ်ကောင်စီကို အစိုးရတရပ် အနေဖြင့် အသိအမှတ်ပြုကာ ဆွေးနွေးခြင်း မရှိသေးပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်တွင် ဆွေးနွေးနေဆဲ အပစ်ရပ် စာချုပ် ကို ယုံကြည်မှုရှိရှိ ဆွေးနွေးနိုင်ရန် ကချင်ပြည်နယ်တွင်း ပဋိပက္ခ မဖြစ်ရန်အတွက် KIA နှင့် တပ်မတော်ကြား၂ နှစ်ကျော် ကြာ ညှိနှိုင်း၍ ထိန်းသိမ်းခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန် KIA က ပြောဆိုသော်လည်း မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က KIA ကို ဆန္ဒပြလူထုကိစ္စတွင် ဝင်မစွက်ဖက်ရန် ပြောသည့် အပြင်လူထုက ဆူပူလာလျှင် ကျည်အစစ်ဖြင့် ပစ်ခတ်မည်ဟု အကြောင်းပြန်ခဲ့သည်။

မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းရာ အမျိုးသား၂ ဦး သေဆုံးပြီး မတ် ၁၄ ရက်တွင် ဖားကန့် မြို့၌ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် အမျိုးသား ၁ ဦး ထပ်မံ သေဆုံးခဲ့သည်။

KIA က မြစ်ကြီးနားမြို့လူထု ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ၃ ရက်အကြာ မတ် ၁၁ ရက်တွင် ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာရှိစစ်တပ်စခန်း တခုကို စီးနင်းတိုက်ခိုက်ခဲ့ပြီး မတ် ၁၅ ရက်ကလည်း အင်ဂျန်းယန်မြို့နယ်၊ ဂွေထောင်ကျေးရွာ အနီးရှိ စစ်တပ်စခန်း တခုကို သွားရောက် ထိုးစစ်ဆင်ခဲ့သည်။

You may also like these stories:

စစ်တပ်နှင့်ရဲတို့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် ဆန္ဒပြသူ ၄ ယောက် သေဆုံး

မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ

KIA နှင့် စစ်တပ် စစ်ရေးတင်းမာ၊ စစ်ဘေးရှောင် ၄၀ ကျော် ထပ်တိုး

Your Thoughts …
Tags: KIAနမ့်မှော်ရဲစခန်းပစ်ခတ်ဖားကန့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးကြစဉ်

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

တွံတေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်သားများ / CJ

တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved