• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ

by ဧရာဝတီ
18 March 2021
in သတင်း
A A
ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ဒဏ်ရာရသူတယောက်အား သယ်ထုတ်လာစဉ် / ဧရာဝတီ

ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ဒဏ်ရာရသူတယောက်အား သယ်ထုတ်လာစဉ် / ဧရာဝတီ

9.8k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင်များကို အရေးယူရေး အမှုတည်ဆောက်နိုင်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန် မှစ၍ စစ်တပ်က အမိန့်ပေးခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ မှတ်တမ်း အထောက်အထားများကို စုဆောင်းထိန်းသိမ်းရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ (IIMM) က ပြည်သူများသို့ မတ်လ ၁၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

စစ်အစိုးရက မြန်မာနိုင်ငံတွင် အာဏာသိမ်းယူချိန် မှစ၍ ဆန္ဒပြပွဲများကို ဖြိုခွဲရန် ကြိုးပမ်းခဲ့ရာ ဆန္ဒပြသူ ၂၀၀ ကျော် လုံခြုံရေးတပ်ဖွဲ့များကြောင့် သေဆုံးခဲ့ရကြောင်း တက်ကြွလှုပ်ရှားသူ အဖွဲ့ တခု ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

“ဂျီနီဗာ အခြေစိုက် IIMM ၏ အကြီးအကဲ Nicholas Koumjian က “အလေးနက်ဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်အရှိဆုံး ဖြစ်သူများဟာ များသောအားဖြင့် ထိပ်သီးအာဏာပိုင်များ ဖြစ်ကြပါတယ်” ဟု ကြေငြာချက် တခုတွင် ပြောသည်။

၂၀၂၁ မတ်လ ၁၇ ရက် လှိုင်မြို့နယ်ရှိ အကာအရံတနေရာအား စစ်တပ်နှင့် ရဲများက မီးရှို့နေစဉ်/ဧရာဝတီ

“သူတို့က ရာဇဝတ်မှုတွေကို တိုက်ရိုက် လက်နဲ့ ကျူးလွန်သူတွေ မဟုတ်ကြဘဲ ရာဇဝတ်မှု ဖြစ်တဲ့နေရာတွေမှာ လူ ကိုယ်တိုင်တောင် ပါဝင်ရောက်ရှိနေကြသူတွေ မဟုတ်ပါဘူး။”

“သူတို့ တာဝန်ရှိကြောင်း သက်သေပြဖို့က လက်ခံရရှိခဲ့တဲ့ မှတ်တမ်းတွေ၊ ပေးခဲ့တဲ့ အမိန့်တွေနဲ့ မူဝါဒတွေကို ဘယ်လို ပြဌာန်းခဲ့သလဲ ဆိုတဲ့ အထောက်အထားတွေ လိုပါတယ်။”

ထိုကဲ့သို့သော အချက်အလက်များ ရှိသူများ အနေဖြင့် လုံခြုံသော ဆက်သွယ်ရေး နည်းလမ်းများမှ တဆင့် စုံစမ်းစစ်ဆေးသူများသို့ ဆက်သွယ်သင့်ကြောင်း သူက ဆက်ပြောသည်။ Signal ကဲ့သို့ အပလီကေးရှင်းများ သို့မဟုတ် Proton အီးမေးလ် account တခုကို သူက ညွှန်းခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
12

ဆန္ဒပြသူများအပေါ် ကျည်အစစ်များ အသုံးပြုခြင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လ ၁၆ ရက်နေ့တွင် ရှုတ်ချခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညနေပိုင်း ရွှေကောင်းကြွယ် လက်ဘက်ရည်ဆိုင်မှ အသက် ၂၀ ဝန်းကျင်ရှိ အလုပ်သမား ၁၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်/ A citizen journalist

“သူတို့ကို လုံးဝ မစစ်ဆေးနိုင်တဲ့အပြင် ရက်စက်မှုက နေ့တိုင်း ပိုတိုးလာတယ်။ အဲဒါက တွက်ချက်ပြီး အရှိန်မြှင့်တင်လာတဲ့ ရက်စက်မှု ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတဦးက မတ်လ ၁၇ ရက် နေ့တွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီဝင်များကို ဖမ်းဆီးကာ ရွေးချယ်တင်မြှောက် ခံထားရသော အစိုးရကို ဖြုတ်ချ၍ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံက မငြိမ်မသက် ဖြစ်နေခဲ့ရသည်။ နိုင်ငံတကာကလည်း ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

၂၀၂၁ မတ်လ ၁၇ ရက် လှိုင်မြို့နယ်ရှိ ဘူတာရုံလမ်းအား လူစုခွဲစဉ် ထိခိုက်မှုများ ရှိခဲ့သည်/ဧရာဝတီ

စိတ်ထင်သလို ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အစဖျောက်ခြင်းနှင့် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေစေလောက်သော နည်းလမ်းများ အပါအဝင် အင်အားသုံးကာ ဖြိုခွဲခြင်း စသည်တို့နှင့် သက်ဆိုင်သော အထောက်အထားများကို ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးသူများက စုဆောင်းလျက် ရှိသည်ဟု ကြေငြာချက်က ဆိုသည်။

အရေးအကြီးဆုံးသော ရာဇဝတ်မှု သက်သေအထောက်အထားများကို စုစည်းရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုရေးအတွက် အမှုတွဲများ တည်ဆောက်ရန် ရည်ရွယ်ထားသည်။

ကိုးကား။ ။ Reuters

You may also like these stories:

သပိတ်ကျင်းမှာ ၁၆ နှစ်အရွယ် မိန်းကလေးတဦး ပစ်သတ်ခံရ

ညောင်ဦးတွင် စစ်တပ်နှင့် ရဲက လူနေအိမ် အတွင်း ဝင်ရိုက်သဖြင့် ဒဏ်ရာရသူများရှိ

CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ရုံးခန်းကို စစ်တပ်နှင့်ရဲ ဝင်ရောက်ဖျက်ဆီး

စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ

Your Thoughts …
Tags: IIMMကုလသမဂ္ဂမြန်မာစစ်ခေါင်းဆောင်များမြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့သက်သေ အထောက်အထားများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

by Rebecca Ratcliffe
5 February 2025
8.5k

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ တခါက စည်ကားသောမြို့ကြီးဖြစ်သည့် လားရှိုးမြို့ လမ်းမများသည် ယခင်ကထက် တိတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

Next Post
လျှပ်စစ်တာဝါတိုင်များ  / ဧရာဝတီ

အိမ်သုံး မီတာခများ ခြွင်းချက်မရှိ ကင်းလွတ်ခွင့်ပြု

မနေ့က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ကလေးမြို့  /  ပေးပို့

စစ်တပ်နှင့်ရဲတို့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် ဆန္ဒပြသူ ၄ ယောက် သေဆုံး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved