ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ကိုမန် မုန်တိုင်းကြောင့် မုတ်သုန်လေ အားကောင်းပြီး မိုးကြီးခဲ့ရာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတို့တွင် လှိုင်းကြီးခြင်း၊ ရေကြီးရေ လျှံခြင်း၊ မြေပြိုခြင်းများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းတိုင်းရှိ ကလေးမြို့သည် နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ကြုံတွေ့ခဲ့ရသည်။ အစိုးရ၏ သတင်းထုတ်ပြန်ချက် အရ လူ ၇၀၀၀ ကျော် ရေဘေးသင့်ပြီး လယ်မြေဧက ၂၀၀၀၀ ကျော် ရေမြုပ်ခဲ့သည်။ ယခုပုံများမှာ သြဂုတ်လ ၂ ရက် နေ့က ဓာတ်ပုံဆရာ စိုင်းဇော်ရိုက်ကူးထားသော ပုံများ ဖြစ်သည်။
(The Irrawaddy Weekly Journal Vol.2 No. 31 စာမျက်နှာ ၂၆၊ ၂၇ တွင်လည်း ပုံနှိပ်ဖော်ပြ ထားပါသည်။)