• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ

by သာလွန်ဇောင်းထက်
4 October 2012
in သတင်း
A A
ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ

လက်နက်တွေ့ခဲ့သည့် ဂျုံစေ့ကွန်တိန်နာများ ပါလာသော သင်္ဘောကပ်ခဲ့သည့် သီလဝါဆိပ်ကမ်း အနီး ငါးဖမ်းနေသူများ (ဓာတ်ပုံ - Reuters)

13.1k
VIEWS
Share on FacebookShare on Twitter

ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်း ကွန်တိန်နာသည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတား ကုမ္ပဏီက မှာယူထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလဝါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံ ကွန်တိန်နာများကို ဖွင့်ဖောက်ပြီး စက်ရုံအတွင်းသို့ သယ်ရန် ပြင်ဆင်နေစဉ် အထုပ်တထုပ်ကို အလုပ်သမားများက တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်ကို စက်ရုံတာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရာ ပစ္စတို အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆံများ ဖြစ်နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

“ပစ္စတို သေနတ်က အသစ်စက်စက် Made in China၊ ရွှေရောင်၊ ကျည်ဆံတွေလည်း ပါတယ်။ အလုပ်သမားတွေက တွေ့တွေ့ချင်း သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပါတယ်။ ဘယ်လို ပါလာသလဲဆိုတော့ သေသေချာချာမသိဘူး” ဟု ဒိုင်းမွန်းစတား ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။

ဗိုလ်မှူးကြီး တင်ဝင်းကမူ လက်နက်တွေ့ရှိမှုနှင့် ပတ်သက်၍ အသေးစိပ် စုံစမ်းစစ်ဆေးလျှက် ရှိကြောင်း၊ လက်ရှိ အခြေ အနေတွင် လက်နက် တွေ့ရှိမှုအပေါ် မည်သို့မျှ မပြောနိုင် သေးဘဲ စုံစမ်း စစ်ဆေးချက်များကို စောင့်ဆိုင်းနေကြောင်း ရှင်းပြသည်။

“ဘယ်လမ်းကြောင်းက လာတာလဲ၊ ဘယ်လို ဝင်လာသလဲ စုံစမ်းစစ်ဆေး နေဆဲပဲ။ လောလောဆယ် အထိတော့ ဘာအဖြေမှ တက်မလာသေးဘူး။ ရလဒ်ပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ရှိမယ်။ ဆိပ်ကမ်း စစ်ဆေးရေး လုပ်ငန်းတွေ ပေါ့ဆတယ် ဆိုတာမျိုး တွေ့ရင်လည်း တွေ့ရှိချက်မှာပေါ်မှာ မူတည်မှာပေါ့။ ဒီကွန်တိန်နာတွေ ဆိပ်ကမ်းမှာ X-Ray စက်က ဖြတ်၊ မဖြတ်၊ X-Ray စက် ကောင်း၊ မကောင်း အဲဒါတွေ အကုန်လုံး စစ်ခိုင်းထားတယ်။ အဲဒါတွေစုံမှ သိရမယ်” ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အဖွဲ့အစည်းများစွာ ပါဝင်ကြောင်း သိရှိရသည်။

အကောက်ခွန် အေးဂျင့်တဦးကမူ ကွန်တိန်နာတွင် လက်နက် ပါဝင်မှုသတင်းကြောင့် အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု ပေးသော အေဂျင်စီများ စိုးရိမ်ထိတ်လန့် နေကြသည်ဟု ပြောသည်။

“လက်နက် ပါလာတဲ့သတင်းကြောင့် အကုန်လုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တယ်။ အကောက်ခွန် အေဂျင်စီဆိုတာ ကုမ္ပဏီတွေက သွင်းလာတဲ့ ကွန်တိန်နာတွေကို ဆိပ်ကမ်းမှာ သွားထုတ်ပေးတဲ့ ဝန်ဆောင်မှုကို အဓိက ပေးကြတာ။ အဲဒီလို ကွန်တိန်နာမျိုး ထုတ်ပေးမိရင် ကုမ္ပဏီလည်း ပြဿနာတက်မယ်၊ အေဂျင်စီတွေလည်း ပြဿနာတက်မှာ။ အရင်တုန်းက လိုင်စင်မဲ့ ကားတွေပါတဲ့ ကွန်တိန်နာတွေ ထုတ်ပေးမိတဲ့ အေဂျင်စီတွေ ပြဿနာတက်၊ တရားရုံးရောက်၊ လိုင်စင်ပိတ်၊ ထောင်ကျတာမျိုးတွေ ရှိခဲ့ဖူးတော့ ပိုပြီး စိုးရိမ်ကြတယ်” ဟု ရန်ကုန်အကောက်ခွန်အေဂျင်စီတဦးက ဆိုသည်။

Your Thoughts …
Tags: National SecurityYangon
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

စစ်တပ်ဖိနှိပ်မှုကြားက ရန်ကုန်လူထုရဲ့ တုန့်ပြန်မှု (ရုပ်/သံ)

by ဧရာဝတီ
10 December 2025
576

အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ လူထုရဲ့ အထွေထွေကြပ်တည်းမှုတွေကြားမှာပဲ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် အသံတိတ်သပိတ်ကိုပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ရန်ကုန်တွင် ဆန္ဒပြ

by ဧရာဝတီ
20 September 2024
355

ကုန်စျေးနှုန်းကျဆင်းရေး အပါအဝင် စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီကို အလိုမရှိကြောင်း သပိတ်အင်အားစုများနှင့် ပြည်သူများ ပူပေါင်းပြီး ရန်ကုန်မြို့ ကားလမ်းမတနေရာတွင် ယနေ့ ချီတက်ဆန္ဒပြခဲ့သည်။

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည

by မေရီကို
30 October 2012
14.2k

ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိသာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခုနောက်ပိုင်း လူငယ်တွေ ဘယ်လောက် အလုပ်များနေတယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

ကြည့်မြင်တိုင် တဘက်ကမ်းက သောက်ရေခမ်းတဲ့ ရွာများ

ကြည့်မြင်တိုင် တဘက်ကမ်းက သောက်ရေခမ်းတဲ့ ရွာများ

by ဧရာဝတီ
30 April 2013
5k

“ဘယ်ကမှလည်း ကျန်းမာရေးအတွက် ရေသန့်အောင် ဆေးထည့်တာ မလုပ်သလို၊ ကျနော်တို့ ဒေသခံတွေကလည်း ဒါမျိုး လုပ်လေ့မရှိပါဘူး။ ကျနော်တို့အတွက်ကတော့ ဒီရေက ယဉ်ပါးနေတာပဲလေ။ ရေမသန့်လို့ ၀မ်းလျှောတာမျိုးလည်း မဖြစ်ပါဘူး”

အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

အာဇာနည်ကုန်းမှာ ဘာမှတ်တမ်းမှ မရှိပါ

by ထက်အောင်ကျော်
12 July 2013
6.6k

အာဇာနည်နေ့မှာ ဥဩဆွဲ အလေးပြုဖို့ တိုက်တွန်းတာအပြင် အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ မှတ်တမ်းတွေကို အာဇာနည်ဗိမာန်မှာ အမြန်ရေးထိုးပေးဖို့ လိုအပ်နေပါကြောင်း အလေးအနက် တိုက်တွန်း တင်ပြလိုက်ရပါတယ်။

Next Post
ကောက်စ်ဘဇား ဘုန်းကြီးကျောင်းများ ဖျက်ဆီခံရမှု ရန်ကုန်တွင် ဆန္ဒပြ

ကောက်စ်ဘဇား ဘုန်းကြီးကျောင်းများ ဖျက်ဆီခံရမှု ရန်ကုန်တွင် ဆန္ဒပြ

မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved