• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာသစ်များ မှောင်ခိုလမ်းကြောင်းမှ အလုံးအရင်း ဝင်

by ငြိမ်းချမ်း
7 May 2013
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်သို့ မြန်မာသစ်များ မှောင်ခိုလမ်းကြောင်းမှ အလုံးအရင်း ဝင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့ ဆိပ်ကမ်းတွင် တွေ့ရသည့် မြန်မာသစ်များ (ဓာတ်ပုံ - ငြိမ်းချမ်း / ဧရာဝတီ)

5k
VIEWS
Share on FacebookShare on Twitter

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး တုံ့ဆိုင်းနေသည် ဆိုသော်လည်း မြန်မာဘက်မှ သစ်များ အလုံးအရင်းဖြင့် မှောင်ခိုလမ်းကြောင်းမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသော သစ်တန်ချိန် ၂ သောင်းကျော်သည် ဘင်္ဂလားဒေ့ရှ်တွင် သစ်ဈေး ထိုးကျမှုကြောင့် တာ့ခ်နာမြို့ ကုန်သွယ်ရေးဆိပ်ကမ်းတွင် သောင်တင်နေကြောင်း သိရသည်။

သောင်တင်နေသော သစ်များတွင် ကျွန်းသစ်အများစု ပါဝင်ပြီး ရခိုင်ပြည်နယ်မှ သစ်ကုန်ကြီးတဦး၏ သစ်များက အများဆုံးဖြစ်ကာ တခြားကုန်သည်များ၏ သစ်များလည်း အနည်းအကျဉ်း ဝါဝင်သည်ဟု တာ့ခ်နာမြို့သို့ ရောက်ရှိနေသည့် မြန်မာ သစ်ကိုယ်စားလှယ်တဦးက ပြောသည်။

“ကျွန်းဆိုတာက ပြည်ဘက်ကနေ တောင်ကုတ်အထိ ကားနဲ့ယူလာပြီး အဲဒီကနေ ဘင်္ဂလာဒေ့ရှ်ကို သင်္ဘောတွေနဲ့ လာရတာဖြစ်တယ်။ အခု ဘင်္ဂလားမှာ သောင်တင်နေတဲ့ သစ်ကလည်း သူတို့သစ်တွေချည်းပါပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျွန်းခွဲသားများသည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်၊ ပေါက်ခေါင်း၊ သာယာဝတီ၊ ပန်းတောင်း၊ ဥသျှစ်ပင်နှင့် မကွေးတိုင်း ကံမ၊ မင်းတုန်း မြို့နယ်တို့မှ ထွက်ရှိသည့် သစ်များဖြစ်ပြီး ကားများပေါ်တွင် တခြားကုန်စ္စည်းများဖြင့် ဖုံးအုပ်၍ လည်းကောင်း၊ လမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များ၌ ညှိနှိုင်း၍ လည်းကောင်း တင်ပို့ကြကြောင်း စုံစမ်းသိရှိရသည်။

ယခင်က ကျွန်းသစ် တတန်လျှင် ဘင်္ဂလားဒေ့ရှ် တာကာငွေ ၃ သိန်း (ကျပ်ငွေ သိန်း ၃၀) ပေါက်ဈေးရှိရာမှ ဧပြီလ ၁၈ ရက်နေ့မှစ၍ ကျွန်းသစ် တတန်လျှင် တာကာငွေ ၁ သိန်း (ကျပ်ငွေ ၁၀ သိန်း) ဝန်းကျင်အထိ ထိုးကျခဲ့ပြီး ရုတ်တရက် သစ်အရောင်းအဝယ် ရပ်ဆိုင်သွားခြင်း ဖြစ်ကြောင်း တာ့ခ်နာ ဆိပ်ကမ်းမှ အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ မူဟာမက် အစ္စမိုင်းလ်က ပြောသည်။

“ကျွန်းသစ်ဈေးက ကျသွားတော့ မြန်မာဘက်က ကုန်သည်တွေက ဈေးမကိုက်လို့ မရောင်းဘဲ ဆိပ်ကမ်းမှာပဲ အခွန်ဆောင်ပြီး ပုံထားတယ်” ဟု အဆိုပါ အလုပ်သမားခေါင်းဆောင်က ဆိုသည်။

ယခုကဲ့သို့ သစ်ဈေးထိုးကျသွားခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားမှုများနှင့် မငြိမ်သက်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပုံမှန် မလည်ပတ်ရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ သစ်ကုန်သည် နိုဒူလ် ဟူစိန်က ပြောသည်။

“ဒီမှာက အစိုးရနဲ့ အတိုက်အခံ ပါတီအကြား နိုင်ငံရေး တင်းမာမှုတွေကြောင့် ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာတယ်။ ဆန္ဒပြသူတွေက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပစ်တယ်။ လမ်းပေါ်ထွက်တဲ့ကားဆို မီးရှို့ဖျက်ဆီးတယ်ဆိုတော့ ဘယ်ကားသမားကမှ မသွားတော့ဘူး။ ဒီတော့ ပစ္စည်းမပို့ရတော့ ဈေးတွေကျကုန်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

တာ့ခ်နာမြို့ရှိ ကုန်သွယ်ရေး ဆိပ်ကမ်းတွင် ရောင်းရသည့်အချိန်၌ သစ်တတန်လျှင် တာကာငွေ ၂၅၀၀၀ (ကျပ်ငွေ ၂ သိန်းခွဲ) ကို ဘင်္ဂလားဒေ့ရှ် အကောက်ခွန်ဌာနသို့ ပေးဆောင်ရသည်ဟု တောင်ကုတ်မှ သစ်ကိုယ်စားလှယ် တဦးက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
372
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့သို့ တရားမဝင် သစ်တင်သွင်းရာ လမ်းတလျှောက်တွင် ပင်လယ်ပြင်လုံခြုံရေး ယူထားသည့် တောင်ကုတ်၊ မယူဝ၊ ဆံတော်ရှင် စသည့်နေရာများရှိ အစိုးရ ရေတပ်သို့ စက်လှေတစီးလျှင် သစ်အမျိုးအစားနှင့် တန်ချိန်ပေါ် မူတည်ပြီး ကျပ်ငွေ ၁၀ သိန်းမှ သိန်း ၂၀ အထိ ပေးကြရကြောင်း စက်လှေပိုင်ရှင်တဦးက ပြောသည်။

“ရေတပ်တို့ နစက (နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး) တို့ကို ပေးရတာပါ။ ကျွန်းသစ်ဆို ဈေးတမျိုး၊ တခြား စကားဝါတို့၊ ကညင်တိုဆို တမျိုး နောက်ပြီး စက်လှေကြီးရင် ကြီးသလို ပေးရတယ်။ စက်လှေပိုင်ရှင်နဲ့ မဆိုင်ဘူး၊ ပစ္စည်းပိုင်ရှင်ကပဲ ရှင်းရတယ်။ ကျနော်တို့ကတော့ ကုန်တင်ခယူပြီး သယ်ပို့တာပါ” ဟု အဆိုပါ စက်လှေပိုင်ရှင်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် တင်သွင်းသည့် သစ်များသည် ရခိုင်ပြည်နယ် တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲတို့မှ အပြင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ တရားမဝင် သယ်ဆောင်လာသော သစ်များသည် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ရောက်ရှိပါက အဖမ်းအဆီးမရှိတော့ဘဲ ဘင်္ဂလားဒေ့ရှ် အစိုးရက အခွန်ကောက်ခံပြီး တရားဝင် ဖြစ်သွားသည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် ကုန်ပစ္စည်းများ တင်ပို့ရာတွင် ငါးစိမ်း၊ ငါးခြောက်၊ ပုစွန်၊ မတ်ပဲ၊ ဖိနပ်၊ ဝါး၊ အလှကုန်နှင့် ယိုစုံတို့ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘိလပ်မြေ၊ ရေအိုး၊ ရေသန့်စက် စသည်တို့ တင်သွင်းသည်။ မြန်မာနိုင်ငံဘက်ခြမ်း စစ်တွေနှင့် မောင်တောတို့တွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း၌ စစ်တကောင်းနှင့် တာ့ခ်နာတို့တွင်လည်းကောင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းများ ဖွင့်လှစ်ထားသည်။

ကျွန်း၊ စကားဝါ၊ ကညင်စသော သစ်များနှင့် နွားတို့ကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ တရားမဝင် တင်သွင်းကာ၊ ဘင်္ဂလားဒေ့ရှ် ဘက်က ဓာတ်မြေသြဇာကို မြန်မာနိုင်ငံသို့ တရားမဝင် ပြန်လည် တင်သွင်းသည်။

“တခြားကုန်သည်တွေဆိုရင် ကညင်တို့၊ စကားဝါ လောက်ကိုပဲ တင်ပို့လို့ရတယ်လေ။ အစိုးရက ချုပ်ကိုင်ထားတဲ့ ကျွန်းကို နိုင်ငံခြားကို အခုလို ကျွန်းတင်ပို့နေတဲ့ လူတွေက တရားမဝင် တင်ပို့နိုင်တာဟာ အာဏာပိုင်တွေ ပါဝင်နေတယ် ဆိုတာတော့ သေချာတယ်။ နောက်ပြီးတော့ ကုန်သည် အသေးစားတွေကျတော့ ဆိပ်ကမ်းခပေးပြီး ပုံမထားနိုင်ဘူးလေ။

ရသလောက်နဲ့ရောင်းပြီး ပြန်သွားကြတယ်။ ပစ္စည်းကလည်းနည်းတော့ သိပ်မထိခိုက်ဘူးပေါ့” ဟု တောင်ကုတ်မှ သစ်ကိုယ်စားလှယ်တဦးက ပြောသည်။

Your Thoughts …
Tags: BangladeshExportRakhine State
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

စစ်တကောင်းက တိုင်းရင်းသားများရဲ့ သင်္ကြန်

by ငြိမ်းချမ်း
22 April 2013
5.5k

ဘုရားကို ရေသပ္ပာယ်ပြီးတဲ့ အခါ ကလေးတွေ အပျိုလူပျိုတွေကတော့ တယောက်နဲ့ တယောက် ရေပက်ကစားကြတာပေါ့။ ဆိုတော့ ဟိုရွာတရက် ဒီရွာတရက် လိုက်ပြီး ဘုရားရေသပ္ပာယ်လိုက်တာ တန်ခူးလ တလကုန်တဲ့အထိ သင်္ကြန်ကျသလို ဖြစ်သွားတာပေါ့

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

Next Post
လွှတ်တော်တွင် အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ကော်မတီ ဖွဲ့မည်

လွှတ်တော်တွင် အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ကော်မတီ ဖွဲ့မည်

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များကို တရားစွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved