• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရည်အသွေး မမီသည့် ရောနှောပဲဆီများကို စစ်ဆေးမည်

by စမ်းယမင်းအောင်
12 November 2013
in သတင်း
A A
FDA, စားအုန်းဆီ, ပဲဆီ, စားသုံးသူ ကာကွယ်ရေး

ဈေးကွက်အတွင်း ရောင်းချလျှက်ရှိသည့် လူကြိုက်များသော အမှတ်တံဆိပ်နှင့် စားသုံးဆီများ (စတိဗ် တက္ကနာ / ဧရာဝတီ)

3.7k
VIEWS
Share on FacebookShare on Twitter

ဈေးကွက်များတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ပဲဆီများကို ဒီဇင်ဘာလအတွင်း စစ်ဆေးပြီး ကျန်းမာရေးကို ထိခိုက်စေသည့် အရောအနှောဆီများကို အရေးယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

မြန်မာ့ဟင်းလျာ ချက်ပြုတ်ရာ၌ ပဲဆီသည် အသုံးအများဆုံးနှင့် လူကြိုက်အများဆုံး ဖြစ်သည်။ ထို့ကြောင့် ပဲဆီ ထုတ်လုပ်သူ အချို့က ဈေးနည်းပြီး အရည်အသွေးညံ့ အခြားဆီများဖြင့် ရောနှောကာ ပဲဆီအဖြစ် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။

ယင်းသို့ ပဲဆီအတု ပြုလုပ်ခြင်း၊ အရည်အသွေးညံ့ ပဲဆီ ထုတ်လုပ်ခြင်းများကို မြန်မာနိုင်ငံ စားသူကာကွယ်ရေးအသင်း အနေဖြင့် စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ဦးဗအုပ်ခိုင်က ဧရာဝတီသို့ပြောသည်။

“ပဲဆီ အတုလုပ်နည်း ၃ ခုရှိတယ်” ဟု သူ၏ လေ့လာတွေ့ရှိချက်ကို ဦးဗအုပ်ခိုင်က ရှင်းပြသည်။

ပထမ တနည်းမှာ ပဲဆီနှင့် စားအုန်းဆီ (သို့မဟုတ်) တန်ဖိုးနည်း အခြား ဆီတမျိုးမျိုး ရောနှော ရောင်းချခြင်းဖြစ်သည်။

ဒုတိယနည်းမှာ စားအုန်းဆီ သက်သက်ကို ဓာတုပစ္စည်း ရောနှောကာ အရောင်နှင့် အနံ့ပါဝင်စေခြင်း ဖြစ်သည်။ ထို့အပြင် စားအုန်းဆီကို အေးခဲမသွားစေရန် ဆိုဒီယံဟိုက်ဒရောဆိုက် (Sodium hydroxide) ကို ရောနှောထည့်သွင်းခြင်း ဖြစ်သည်။

Sodium hydroxide သည် ပြင်းထန်သည့် ဓာတုဗေဒ ပစ္စည်းတမျိုးဖြစ်ပြီ၊ ပျော့ဖတ်၊ စက္ကူ၊ အဝတ်အထည်၊ ရေသန့်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်များ ထုတ်လုပ်ရာတွင် အဓိကထား သုံးစွဲသည်။ အစားအသောက်ဆိုင်ရာတွင် သုံးစွဲသည့် Sodium hydroxide ကို အသီးအရွက်များ သန့်စင်ပေးခြင်း၊ သကြားချွတ်ဆေးအဖြစ် သုံးစွဲခြင်းနှင့် အချိုရည် ထုတ်လုပ်ရာများတွင်လည်း သုံးစွဲသည်။

တတိယနည်းမှာ ကြော်ပြီးသား ဆီမျာကို Sodium hydroxide နှင့် ရောနှောကာ ပဲဆီအဖြစ် ပြုလုပ်ရောင်းချခြင်း ဖြစ်သည်။

“ပဲဆီနဲ့ စားအုန်းဆီ ရောနှောပြီး ရောင်းချတာလည်း မသမာတာပဲ။ သူတို့ ဖြန့််ဖြူးတဲ့ ဆီပုလင်းပေါ်မှာ အချက်အလက် မှန်မှန်ကန်ကန် ဖော်ပြမထားရင်တော့ ဒါဟာ စားသုံးသူရဲ့ အကျိုးကို ထိခိုက်စေတယ်” ဟု ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

ကျန်းမာရေးကို ထိခိုက်စေကြောင်း ၎င်းက သတိပေး ပြောကြားရာတွင် “တကယ်လို့ စားသုံးတွေက ဒီလို ပြန်ကြော်ဆီ၊ ပဲဆီအတုတွေကို စားသောက်မိပြီ ဆိုပါတော့၊ အဲဒီ ဆီက ကင်ဆာရောနဲ့ တခြားရောဂါတွေ ရစေတယ်” ဟု ပြောသည်။

သူကဆက်လက်၍ “ကျနော်တို့ ဒီလ လဆန်းကစပြီး ပဲဆီ အတုတွေ ဈေးကွက်မှာ ဝင်လာနေတယ်လို့ ကြားရတဲ့ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး စတဲ့ မြို့ကြီးတွေက ပဲဆီ နမူနာတွေ ယူထားပါပြီ” ဟု ဆိုသည်။

မန္တလေး နှင့် ရန်ကုန်မှ ဆီရောင်းဝယ်ရေး လုပ်ငန်း ၁၅ ခု၏ နမူနာ ဆီများ ရယူထားပြီးဖြစ်သော်လည်း ဓာတ်ခွဲ စမ်းသပ်မှု မလုပ်နိုင်သေးကြောင်း သိရသည်။ ပဲဆီများကို စမ်းသပ် စစ်ဆေးနိုင်ရန် အချိန် တလခန့်ယူ၍ စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ကြေညာချက် ထုတ်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပဲဆီ တပိဿာ ရရှိရေးအတွက် မြေပဲ ၂ ပိဿာ ၅၀ ကျပ်သား လိုအပ်ပြီး မြေပဲ တပိဿာအတွက် ၁၅၀၀ ကျပ် ကုန်ကျကာ ဈေးကွက်အတွင်း၌ ပဲဆီ တပိဿာ၏ တန်ဖိုးမှာ ၃၈၀၀ ကျပ် ရှိသည်။

“ပဲဆီ တပိဿာ ၃၈၀၀ ကျပ်ထက် ပိုနည်းသွားပြီဆိုရင် ရာနှုန်းပြည့် ပဲဆီသန့် မဖြစ်နိုင်တော့ဘူး။ အဲဒီမှာ ပဲဆီအတု လုပ်ရောင်းချသူတွေက တပိဿာကို ၁၅၀၀ လောက်နဲ့ ရောင်းတယ်လေ။ စားသုံးသူတွေ အနေနဲ့ ဒီလိုမျိုး ဈေးနည်းနည်းနဲ့ ရောင်းတာတွေတွေ့ရင် မယုံမိကြဖို့ တိုက်တွန်းချင်ပါတယ်။ အဖိုးနည်းတဲ့ ဒီဆီတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်စေတယ် ဆိုတာ သတိပြုစေချင်ပါတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

ရန်ကုန်တွင် ပဲဆီအတု ပြုလုပ်ရောင်းချခြင်း ရှိနေသည်ဟု မကြားရကြောင်း၊ သို့သော် မန္တလေးတွင် တရားမဝင် တင်သွင်းလာသည့် အရည်အသွေးမမီ ဆီများ တွေ့ရသဖြင့် သက်ဆိုင်ရာက ဆက်လက် စုံစမ်းနေသည်ဟု သိရကြောင်း စားသုံးဆီ ကုန်သည်များ အစည်းအရုံးမှ ဦးဆန်းလင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

သူက “ပဲဆီအတုဆိုတာ မရှိဘူး။ ဈေးကွက်ထဲမှာ ရှိနေတာက စားအုန်းဆီနဲ့ ရောထားတာတွေပါ။ ဒါကို စားသုံးသူ ကာကွယ်ရေးအသင်းက တိတိကျကျ စစ်ဆေးသွားပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ပေးနိုင်မှ အများပြည်သူ စားသုံးသူတွေ အတွက် ကောင်းမှာပါ” ဟု ပြောသည်။

“ထုတ်လုပ်သူတွေဟာ ဘယ်ဆီ အမှတ်တံဆိပ်ကိုမဆို  FDA ရဲ့ ထောက်ခံချက်ကို ယူဖို့လိုသလို သူတို့ရဲ့ ထွက်ကုန် ပစ္စည်းအတွက် သူတို့မှာတာဝန် အပြည့်အဝရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီးသည် ဆီထုတ်လုပ်မှု အများဆုံး ဒေသတခုဖြစ်ကြောင်း ဦးဆန်းလင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ဆီတန်ချိန် ၂ ဒသမ ၅ သန်းကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ တပြည်လုံး အတိုင်းအတာ အနေနှင့် ဆီတန်ချိန် ၈ ဒသမ ၅ သန်း စားသုံးလျက်ရှိကြောင်း၊ မြေပဲ၊ နှမ်းနှင့် နေကြာမှ ထုတ်သည့် ဆီတန်ချိန် ၆ သန်း ခန့်သာ ထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများ အစည်းအရုံး၏ စာရင်းများအရ  သိရသည်။

Your Thoughts …
Tags: Economy
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
နိုင်ငံရေးပါတီ, ငြိမ်းချမ်းရေးစင်တာ, UNFC, တိုင်းရင်းသား

နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် UNFC တို့ ချင်းမိုင်တွင် တွေ့ဆုံ ဆွေးနွေးမည်

မီတာခ, လျှပ်စစ်ဝန်ကြီးဌာန, လွှတ်တော်

လျှပ်စစ်ဝန်ကြီးဌာန၏ မီတာခတိုးမြှင့်မှု ယာယီရပ်ဆိုင်းပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved