• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ဗလီ ဗုံးခွဲမည့် မသင်္ကာသူ ၃ ဦးကို ရဲက ဖမ်းထား

by ထက်နိုင်ဇော်
20 November 2013
in Crime
A A
ဗုံး, ဖောက်ခွဲရေး, ရဲတပ်ဖွဲ့, ဘာသာရေး

အောက်တိုဘာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကို ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ပြသထားစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

9.4k
VIEWS
Share on FacebookShare on Twitter

အစ္စလာမ် “ဘာသာရေး အဆောက်အဦများ” အား ဗုံးဖောက်ခွဲရန် ရည်ရွယ်ချက် ရှိသည်ဟု စွပ်စွဲကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်း လှိုင်သာယာတွင် တစ်ဦး ၊ ပဲခူးတိုင်း သာယာဝတီတွင် တစ်ဦး၊ ရခိုင်ပြည်နယ် စစ်တွေတွင် တစ်ဦး စုစုပေါင်း ၃ ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

ဖမ်းဆီးမှု ဖြစ်စဉ်များနှင့် ဖမ်းဆီးခံရသူများအကြောင်း ယနေ့ထုတ် ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများတွင် ဖော်ပြထားပြီး  အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်ကို ကိုးကား၍  AFP က ရေးသားပေးပို့သော သတင်းတပုဒ်တွင် ဖမ်းဆီးခံရသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ဗလီများကို ပစ်မှတ်ထားကြောင်း ဖော်ပြထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
524
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
44
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
91

အဆိုပါကိစ္စကို ဧရာဝတီက စုံစမ်းမေးမြန်းရာ  နေပြည်တော် မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး မင်းအောင်က နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ဝင်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ အသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်းကို ဖောက်ခွဲရေးပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ ထိုမှတဆင့် ကိုခိုင်နေမင်းအားမေးမြန်း၍ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ၃၄ နှစ်အရွယ်ကိုသိန်းညွှန့်ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသီးစုရပ်ကွက် ကျောင်းလမ်းတွင် အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်းဧရာဝတီသို့ ပြောကြားသည်။

”ရန်ကုန်မှာမိတဲ့ နှစ်ယောက်ကို စစ်လိုက်တော့ ကိုဘိုဘိုဆီက ယမ်းတောင့်တွေရလို့ လုပ်တာဆိုပြီး ထွက်တယ်။ ဘိုဘိုကို စစ်တွေမှာ ဖမ်းမိတဲ့အတွက် အခုရန်ကုန်ကိုခေါ်ထားပြီး စစ်နေတယ်။ အသေးစိတ်ကတော့ ရဲလုပ်ငန်းတွေကို  ထိခိုက်မှာစိုးလို့ မပြောနိုင်သေးဘူး”ဟု ဒုရဲမှူးကြီး မင်းအောင်က ဆိုသည်။

ဖောက်ခွဲရန် ကြံစည်သူများ၏ ထွက်ဆိုချက်များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဘိုဘိုထွန်းထံမှ အသင့်ဆင်ပြီး လက်လုပ်မိုင်းနှစ်လုံး၊ ယမ်းကပ် တစ်ထုပ်၊ ခဲရောင်ယမ်း သုံးခုတို့ကို ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်းအချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ဒုရဲမှူးကြီး မင်းအောင်က ပြောဆိုသည်။

ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ် ဗုံးပေါက်ကွဲမှုအပါအဝင် နေရာဒေသအချို့တွင် အောက်တိုဘာလပိုင်း အတွင်းက ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှုများတွင် တရားခံဟု စွပ်စွဲခံထားရသူများသည် ဘာသာရေး အဆောက်အဦများအား ပစ်မှတ်ထားတိုက်ခိုက်ရန် ၎င်းတို့နှင့် ဖမ်းဆီးထိန်းသိမ်းထားရာတွင် သွားရောက် တွေ့ဆုံခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)မှ မန်းငြိမ်းမောင်က မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

ယခု ဖမ်းဆီးမှုများသည် ယခင်အမှုဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိမရှိကို ဧရာဝတီက မေးမြန်းရာ ” ကျနော်တို့က ဒီသတင်းကို အရေးကြီးလို့ တန်းမထုတ်ပြန်ဘဲ သိမ်းထားတာ။ အဲဒီကိစ္စကို ပြောခွင့်မရှိသေးဘူး။ ဆက်စုံစမ်းဖော်ထုတ်တဲ့အခါ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ပါ”ဟု ဒု-ရဲမှူးကြီးမင်းအောင်က ဆိုသည်။

Your Thoughts …
Tags: Rule of Law
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ဆီးဂိမ်း, နေပြည်တော်, အားကစား ပြိုင်ပွဲ, နိုင်ငံတကာ အားကစားသမား

ဆီးဂိမ်း နိုင်ငံတကာ အားကစားသမားများ အတွက် ဝန်ဆောင်မှု ၁၈ မျိုး ပေးမည်

မြန်မာဝတ်စုံ, ဖက်ရှင်, မော်ဒယ်, သွင်စုထွေး, ဥမ္မာကျော်, မော်ဒယ်ငြိမ်းဆုသာ

မြန်မာဖက်ရှင် ခေတ်စားနေဆဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved