• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နော်ဝေ-မြန်မာ သံအမတ်ဟောင်းကို တယ်လီနော ဒု ဥက္ကဌ ခန့်

by လင်းသန့်
22 May 2014
in သတင်း
A A
တယ်လီနော၊ Ms Katja Nordgaard , နော်ဝေ သံအမတ်ကြီးဟောင်း , Ms Katja Nordgaard

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း က နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်ကို တွေ့ဆုံ နှုတ်ဆက်နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီးဟောင်း Ms Katja Nordgaard (ဓာတ်ပုံ - သမ္မတ ရုံး ဝက်ဘ်ဆိုက်)

3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသည့် တယ်လီနော(Telenor)ကုမ္ပဏီ ၏ ဒု ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီးဟောင်း Ms Katja Nordgaard ကို ခန့်အပ်လိုက်ကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်က တယ်လီနော ကုမ္ပဏီလုပ်ငန်းစုကြီး၏ ဒု ဥက္ကဋ္ဌ ၃ ဦး အသစ်ခန့်အပ်ရာတွင် Ms Katja Nordgaard လည်း တဦး အပါအဝင် ဖြစ်သည်။

ဒု ဥက္ကဌ ဖြစ်လာသည့် သံအမတ်ကြီး Ms Nordgaard သည် မြန်မာနိုင်ငံ၌ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ သူဖြစ်ပြီး လက်ရှိတွင်လည်း ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ သံအမတ် အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့က တယ်လီနော ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် သံအမတ်ကြီး Ms Nordgaard ကို လာမည့် သြ ဂုတ်လမှ စတင်ကာ တယ်လီနော ကုမ္ပဏီ လုပ်ငန်းစုကြီး၏ အကြီးအကဲတဦး Executive Vice President အဖြစ် တာဝန် ထမ်းဆောင်တော့မည်ဟု ဖော်ပြထားသည်။

တယ်လီနော၏ လုပ်ငန်းစွမ်းဆောင်ရည်များကို Ms Nordgaard အနေဖြင့် ယခုထက် ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အထူး သဖြင့် အစိုးရများနှင့် လူထု အပါအဝင် နိုင်ငံများ၏ အဓိကအရေးပါသူများနှင့် ကုမ္ပဏီကြား အပြန်အလှန် ထိတွေ့ ဆက်ဆံရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ပိုမိုအားကောင်းမည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။

Ms Nordgaardသည် မြန်မာအစိုးရနှင့် နော်ဝေနိုင်ငံအကြား ပုံမှန်ဆက်ဆံရေးဖြစ်လာစေရန် ဖော်ဆောင်ခဲ့သူ ဖြစ်သည့် အပြင် တယ်လီနော ကုမ္ပဏီနှင့် မြန်မာအစိုးရ အကြား ခိုင်မာသည့် ဆက်ဆံရေးကို ရရှိစေရန် အကူအညီပေးခဲ့သူ တဦးလည်း ဖြစ်သည်။

စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ရ သံအမတ် Ms Nordgaard သည် ၁၉၈၈ ခုနှစ်မှစတင်ကာ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ဌာန တွင် စတင်တာဝန်ယူခဲ့သူ ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ယခုကဲ့သို့ မြန်မာနိုင်ငံ၌ သံအမတ် တာဝန်ထမ်းဖူးသည့် Ms Katja Nordgaard ကို တယ်လီနော ကုမ္ပဏီ၏ ဒု ဥက္ကဋ္ဌ ရာထူး ခန့်အပ်လိုက်ခြင်းအပေါ် လေ့လာစောင့်ကြည့်သူများ၏ ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။

အဓိက ဝေဖန်မှုမှာ အဆိုပါ နော်ဝေသံအမတ်ဟောင်းသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရ ကောင်းကွက် များကို ဖော်ညွှန်းပြောဆို ပေးနေသူဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နော်ဝေ စီးပွားရေးလုပ်ငန်းများ အရှိန်နှင့် ဝင်ရောက်လာမှုကြောင့် နော်ဝေနိုင်ငံသည် ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး တချိန်က မြန်မာ့အရေး အတက်ကြွဆုံး ကူညီမှုများအပေါ် မှေးမှိန် စေသည်ဟု ဝေဖန် နေကြသည်။

Ms Nordgaard သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်အဖြစ် တာဝန်ယူစဉ်ကာလက နေပြည်တော်ရှိ အာဏာရ ပါတီ ၏ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် နော်ဝေ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များကြား တွေ့ဆုံ အစည်းအဝေး ပွဲများကိုလည်း စီမံဆောင်ရွက်ပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက နော်ဝေ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ၊ တယ်လီနော(Telenor) ဆက်သွယ်ရေး ကုမ္ပဏီ၊ Statoil ကုမ္ပဏီမှ ထိပ်တန်း ပုဂ္ဂိုလ်များပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ ရောက်ရှိလာပြီး ပြည်သူ့ လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီနှင့် တွေ့ဆုံရာတွင် Ms Nordgaard ပါဝင် ခဲ့သည်။

အဆိုပါ အစည်းအဝေး၌ Ms Nordgaard က မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံကြရန် နော်ဝေ စီးပွားရေး လုပ်ငန်း များအတွက် အခွင့်အလမ်းများ ရှိနေကြောင်း ပြောဆိုခဲ့ပြီး ပြည်သူ့လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးလုပ်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း အစိုးရ သတင်း တွင် ဖော်ပြခဲ့သည်။

တယ်လီနော နှင့် Statoil ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတွင် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများကို စတင်အခြေချ လုပ်ကိုင် ဆောင်ရွက်စဉ် ကတည်းက မြန်မာနိုင်ငံ၏ ဝင်ငွေအရဆုံးဖြစ်သည့် ကမ်းလွန်ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်း လုပ်ကွက်များ ထဲက လုပ်ကွက်တခုတွင် လိုင်စင်ရခဲ့သည်။

အလားတူ တယ်လီနော ကုမ္ပဏီသည်လည်း ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီနှင့် အတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်နိုင်ရန် တင်ဒါ အောင်မြင်ခဲ့သည်။

တယ်လီနော ကုမ္ပဏီသည် ၁၅ နှစ်တာ တယ်လီဖုန်းကွန်ရက် လုပ်ပိုင်ခွင့် လိုင်စင်အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပေးခဲ့ပြီး လာမည့် ၃ နှစ်အတွင်း လူဦးရေ သန်း ၆၀ ရှိသည့် မြန်မာနိုင်ငံတွင် ဖုန်းသုံးဆွဲသူ ပိုမိုများပြားလာရန် မျှော်လင့် ထား သည်။

နော်ဝေနိုင်ငံသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အထူးအားပေး ထောက်ခံခဲ့သည့် နိုင်ငံတခုလည်းဖြစ်ပြီး တိုင်းရင်းသား ဒုက္ခသည်များ အပါအဝင် အတိုက်အခံများကို နှစ်ပေါင်းများစွာ ထောက်ပံ့ ကူညီခဲ့သည်။

နော်ဝေနိုင်ငံအခြေစိုက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရွေးချယ်ရေး ကော်မတီက ၁၉၉၁ ခုနှစ်အတွက် မြန်မာနိုင်ငံမှ အကြီးဆုံး အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဗဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့သလို ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB) အသံလွှင့်ဌာနကိုလည်း နိုင်ငံတွင်း အခြေစိုက်စေခဲ့သည်။

သို့သော် ၂၀၁၁ ခုနှစ် စစ် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် အစိုးရတက်လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ  လုပ်ဆောင်ချိန်မှ စတင်၍ မြန်မာနိုင်ငံတွင် နော်ဝေ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းအပေါ် အားပေးထောက်ခံမှုများ လုပ်ဆောင် ခဲ့သည်။

Your Thoughts …
Tags: CommunicationEconomyTelenor
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော် စစ်ရေးပြပွဲ

စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ

by ဥသြ
15 February 2023
5.9k

တပ်အတွင်းမှာ တရားဝင် ချမှတ်ထားတဲ့ အမိန့်ပေး ညွှန်ကြားမှု ဝါစဉ် (chains of command) အပြင် ဆရာ-တပည့်ဆက်ဆံရေး တည်ဆောက်မှုလည်း ရှိနေဆဲ ဖြစ်ပါတယ်။

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.2k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

Next Post
ထိုင်း, စစ်အုပ်ချုပ်ရေး, အာဏာသိမ်း, ချင်းမိုင်, နိုင်ငံရေးသမား

ထိုင်း စစ်အုပ်ချုပ်ရေးအောက်က အတွေးများ

ဆက်သွယ်ရေး, သတင်းအချက်အလက်, နည်းပညာ, မိုဘိုင်းဖုန်း, အင်တာနက်

“လိုအပ်ချက်က တိုးလာတယ်၊ ထောက်ပံ့မှုက နောက်က မလိုက်နိုင်ဘူး”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved